Ph apps တစ်ခုတည်းမှာပဲ ရုပ်ရှင် ဇာတ်ကားတွေရော ရုပ်သံစီးရီးတွေအပြင် ဘောပွဲတွေကိုပါ တိုက်ရိုက် ကြည့်ချင်တဲ့ ကွီးတို့အတွက် မန်ဘာကြေး ဘာကြေးညာကြေးမှ ပေးဆောင်စရာ မလိုဘဲ အားလုံးကို free ကြည့်ရှုနိုင်တဲ့ Applications (၃)ခုနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်။ အသိပေးချင်တာတစ်ခုကတော့ ဒီ Apps တွေဟာ Android Version တွေသာ ဖြစ်ပါတယ်။

M Channel

Photo : Google Play

ဒီ apps ကတော့ Fure Tech ကနေ ထုတ်ထားခဲ့တဲ့ အမိုက်စား entertainment apps တစ်ခုဖြစ်ပြီး ခေါင်းစဉ်မှာ ရေးထားတဲ့အတိုင်း ရုပ်ရှင် စီးရီးနဲ့ ဘောပွဲတွေကို တစ်ဝကြီး ကြည့်နိုင်မယ့် apps ပါ။ ဒါ့အပြင် local tv channels တွေဖြစ်တဲ့ MRTV-4 Channel-7 Fortune 5-Plus တို့ပါ ကြည့်နိုင်ပါဦးမယ်။ နောက်ပြီး ကိုယ်က တိုက်ရိုက် မကြည့်လိုက်ရတဲ့ ဘောပွဲတွေကိုလည်း highlight နဲ့ ပြန်ကြည့်နိုင်မယ့် feature ပါ ထည့်သွင်းပေးထားပါတယ်။ Google Play Store မှာ အလွယ်တကူ ရှာဖွေပြီး အသုံးပြုကြည့်လိုက်ပါ ကွီးတို့ရေ။

Myanmar TV Pro

Photo : Google Play

ဒီ Apps ကလည်း အပေါ်ကတစ်ခုနဲ့ အတူတူပါပဲ။ မတူတာကတော့ ကြော်ငြာ videos တွေ ပါနေတာပဲ။ ဒါကလည်း ကိုယ်က free သုံးတဲ့ apps မို့ ဒီလို ကြော်ငြာတွေကို ပါနေတာကို နားလည်ပေးလို့ ရတယ်ဆိုမေယ့်လည်း စိတ်သိပ်မရှည်တဲ့သူဆိုရင်တော့ တန်းပြီး uninstall တောင် လုပ်နိုင်ပါလိမ့်မယ်။ နောက်တစ်ခုက ဒီ apps ထဲမှာ ဇာတ်ကားနဲ့ စီးရီးတွေ ကြည့်မယ်ဆိုရင် vpn ခံရဖို့ လိုပါလိမ့်မယ်။ M Channel apps က vpn မလိုပေမယ့် ဒီ apps ကတော့ ads ပါနေတဲ့အပြင် vpn ပါ ခံပေးရပါဦးမယ်။

Daung

Photo : Google Play

နာမည်ခပ်ဆန်းဆန်းနဲ့ ဒီ Apps ကတော့ Movie City ဆိုတဲ့ Facebook Page ကနေ ဖန်တီးလိုက်တဲ့ Movies & Series Drive ပုံစံမျိုးပါ။ ဒီ apps ကတော့ အပေါ်က apps (၂)ခုလို အခု install အခုချက်ချင်း သုံးလို့မရသေးဘဲ Please create your own server နဲ့ အောက်မှာ New Server ဆိုတဲ့ အပြာတန်းကို မြင်ရပါမယ်။ အဲ့ဒီအပြာတန်းကို နှိပ်လိုက်ရင် Server Address ပေါ်လာမှာဖြစ်ပြီး အဲ့ဒီမှာ moviecitymm.com ကို ရိုက်ထည့် save ကို နှိပ်လိုက်တာနဲ့ ရုပ်ရှင် စီးရီးနဲ့ ဖောင်းဒိုင်းတွေပါ ကြည့်နိုင်ပါပြီ။ သူ့မှာကတော့ ဘောပွဲတော့ မပြပါဘူး။

Featured Photo : Dribbble