နည်းပညာများ တဖြည်းဖြည်း အဆင့်မြင့်လာသည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများသည် တဖြည်းဖြည်း ခေတ်မှီဆန်းသစ်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာလည်း ရိုးရိုးနာရီများအစား ရေစိုခံ ချွေးစိုခံ အကြမ်းလည်းခံတဲ့ အကောင်းစား စမတ်နာရီ များသည်လည်း ပိုမိုခေတ်စားလာခဲ့ပါတယ်။

ကွီးတို့အနေနဲ့ ရေစိုခံ ချွေးစိုခံပြီး အကြမ်းလည်းခံတဲ့ အကောင်းစား စမတ်နာရီ တစ်မျိုးမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေတဆင့် လေ့လာနိုင်ပါတယ်။ အမျိုးအစားစုံလင်တဲ့အတွက်ကြောင့် မိမိမိကြိုက်နှစ်သက်ရာ ဘရန်းအမျိုးအစားတစ်ခုခုကို ရွေးချယ်လိုက်ရုံပါပဲ။

Garmin Fenix 6

Garmin Fenix 6

ဒီစမတ်နာရီကတော့ ရေအောက် အနက် ပေ ၃၀၀ အထိတောင် ရေစိုခံ တဲ့ စမတ်နာရီ တစ်လုံးပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းများ၊ အားကစားများ ပြုလုပ်ရမှာလည်း များစွာ အထောက်အကူပြုတဲ့ စမတ်နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Touch Screen မျက်နှာပြင်ကလည်း ထင်ထင်ရှားရှားနှင့် မျက်နှာပြင်က ကျယ်တဲ့အတွက်ကြောင့် အသုံးပြုရတာလည်း လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ပါသေးတယ်။

Amazfit T-Rex Pro

Amazfit T-Rex Pro

ဒီနာရီသည်လည်း အနက် ပေ ၃၀၀ အထိ အသုံးခံပါတယ်။ ရေစိုခံ ချွေးစိုခံ စမတ်နာရီတစ်လုံးဖြစ်သလို မျက်နှာပြင်က ခြစ်ရာထင်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ Bluetooth 5.0 အမျိုးအစားဖြစ်ပြီး Android ဖုန်းနဲ့ရော အိုင်ဖုန်းနဲ့ပါ ချိတ်ဆက်လို့ ရပါတယ်။

Samsung Galaxy Watch 3

ရေစိုခံ စမတ်နာရီ

Samsung Galaxy Watch 3 ရဲ့ ထုတ်လုပ်မှု ပုံစံက သေသပ်လွန်းလှတာတော့ အမှန်ပါပဲ။ သူ့ရဲ့ နာရီဖုလုံးလေးတွေက ပြူးပြဲထွက်မနေဘဲ သူ့အရွယ်အစားနဲ့သူ လိုက်ဖက်နေပါတယ်။ 8GB Internal Storage ရှိပြီး 1GB RAM ရှိတဲ့အတွက်ကြောင့် လူတော်တော်များများက အကြိုက်တွေ့နေကြပါတယ်။ ဘက္ထရီသက်တမ်းကလည်း ပြောနေစရာမလိုအောင် အကြမ်းခံပါတယ်။

TicWatch Pro 2020

ရေစိုခံ စမတ်နာရီ

TicWatch Pro 2020 မော်ဒယ်လ်သည် ၂၀၁၈ မော်ဒယ်နှင့် ဒီဇိုင်းချင်း ဆင်တူပါတယ်။ ဒါပေမဲ့ Pro 2020 အမျိုးအစားကတော့ ပိုမိုပေါ့ပါးပြီး ဝတ်ထားမှန်းမသိစေတဲ့အတွက်ကြောင့်လည်း လူကြိုက်များနေရခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဘက္ထရီသက်တမ်းကလည်း ၅ ရက်လောက် အသုံးခံပါတယ်။

Casio WSD-F30 Rugged Smartwatch

ရေစိုခံ စမတ်နာရီ

ဒီမော်ဒယ်အမျိုးအစားကတော့ Casio ရဲ့ တတိယအကြိမ်မြောက် ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အခြားသော မော်ဒယ်များနှင့် ဘာမှ ထူးမခြားနားသလို ခံစားရပါလိမ့်မယ်။ သို့သော် အသေးစိတ်ကြည့်မယ်ဆိုရင် သေသေချာချာ ဒီဇိုင်းထုတ်လုပ် တီထွင်ထားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရေစိုခံပြီး အကြမ်းလည်း ခံတဲ့ မော်ဒယ်ကို ရွေးချင်တယ်ဆိုရင်တော့ Casio WSD-F30 ကိုလည်း မေ့မထားသင့်ပါဘူး။

Source: Mbreviews

Featured Image: Mensjournal