ရေချိုးခါနီးမှာ ရေနွေး နဲ့ ရေချိုးရင် ကောင်းမလား၊ ရေအေး နဲ့ ရေချိုးရင်ကောင်းမလားဆိုပြီး အမြဲတမ်း ဝေခွဲရခက်နေပါသလား။ သင့်အနေနဲ့ ဆုံးဖြတ်ရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ရဲ့ ပြဿနာကို ကူညီဖြေရှင်း ပေးပါလိမ့်မယ်။

အရင်ဦးဆုံး ရေအေးနဲ့ ရေချိုးခြင်းကြောင့် ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှေပေးချင်ပါတယ်။

၁။ ရေအေးနဲ့ ရေချိုးတဲ့အခါ အာရုံကြောများကို နိုးကြားလာအောင် လှုံ့ဆော်ပေးပြီး ပျင်းရိပျင်းတွဲနှင့် လေးပင်နေတဲ့စိတ်များကို ဖယ်ရှားပေးပါတယ်။

၂။ ရေအေးနဲ့ ရေချိုးခြင်းသည် စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို ဖယ်ရှားပေးပြီး စိတ်ခံစားချက်များ ကောင်းမွန်အောင် ကူညီပေးပါတယ်။

ရေနွေး ရေအေး

၃။ အမျိုးသားများအနေနှင့် ရေအေးနှင့် ရေချိုးတဲ့အခါ Testosterone များ ထွက်ရှိလာအောင် လှုံ့ဆော်ပေးတာကြောင့် မျိုးပွားအင်္ဂါ ကျန်းမာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေပါတယ်။

၄။ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ အဆုတ်ကျန်းမာရေးကို မြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။

၅။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံစွမ်းအားများကို လှုံ့ဆော်ပေးပြီး ပြင်ပမှ ရောဂါပိုးမွှားများ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများ

ရေနွေး ရေအေး

၁။ အပူချိန် နွေးနွေးလေးက ရောဂါပိုးမွှားများကို သေစေနိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပဲ ဖြစ်ပါတယ်။

၂။ လေ့လာတွေ့ရှိချက်များအရ ရေနွေးဖြင့် ရေချိုးတဲ့အခါ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းမှ သက်သာပျောက်ကင်းစေပြီး အကြောအခြင်များကို ပြေပျောက်စေခြင်းပဲဖြစ်ပါတယ်။

၃။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းရှိ သွေးတွင်းသကြားဓာတ်များကိုလည်း လျော့ချေပေးပြီး နေလို့ထိုင်လို့ကောင်းအောင် ကူညီပေးပါတယ်။

၄။ ချောင်းဆိုးခြင်း၊ အအေးမိ ဖျားနာခြင်းမှ ကာကွယ်ပေးပြီး ရေနွေးငွေ့ကြောင့် လည်ချောင်းနှင့် နှာခေါင်းမှာ ပိတ်ဆို့နေတဲ့အရာများကို ဖယ်ရှားပေးကာ နှာခေါင်းပိတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ရေနွေး နဲ့ ရေချိုးရင်ပဲဖြစ်ဖြစ်၊ ရေအေးနဲ့ ရေချိုးရင်ပဲဖြစ်ဖြစ် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အများအပြားပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုအခြေအနေမျိုးမှာ ရေနွေး နဲ့ ချိုးသင့်သလဲ၊ ရေအေး နဲ့ ချိုးသင့်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အသက်အရွယ်အရ

ရေနွေး ရေအေး

လူငယ်များအနေနှင့် ရေအေးဖြင့် ရေချိုးသင့်ပြီး အသက်အရွယ်ရပြီဖြစ်တဲ့ လူကြီးများအနေနဲ့ကတော့ ရေနွေးဖြင့် ရေချိုးသင့်ပါတယ်။ တကယ်လို့ သင်သည် စာလုပ်ခြင်း၊ အာရုံစူးစိုက်မှု အများအပြားလိုအပ်တဲ့ အလုပ်များ လုပ်ရတဲ့အခါ ရေအေးဖြင့် ရေချိုးဖို့ အကြံပေးချင်ပါတယ်။

ရောဂါအခံများအရ

man stomache

တကယ်လို့ သင်သည် အစာမကြေခြင်းနှင့် အသည်းရောဂါများ ခံစားရပါက သင့်ကျန်းမာရေးအတွက် ရေအေးဖြင့် ရေချိုးသင့်ပါတယ်။ ထိုရောဂါများမှလွဲ၍ အခြားရောဂါများ ခံစားရပါက ရေနွေးကတော့ အသင့်တော်ဆုံးပါပဲ။ သို့သော် အတက်ရောဂါ ရှိသူများနှင့် အာရုံကြော ထိခိုက်ထားသူများအဖို့ ရေအေးနှင့်ရော ရေနွေးနှင့်ပါ မချိုးသင့်ပါဘူး။ ကြက်သီးနွေး ရေနွေးလေးနှင့် ချိုးပေးသင့်ပါတယ်။

သင့်ရဲ့ ရေချိုးတဲ့အချိန်အရ

shower

Photo: Medicalnewstoday

တကယ်လို့ သင်သည် မနက်စောစောမှာ ရေချိုးတယ်ဆိုရင်တော့ ရေအေးက အသင့်တော်ဆုံးပါပဲ။ တကယ်လို့ ညဘက်မှာ ရေချိုးမယ်ဆိုရင်တော့ ရေနွေးနှင့် ရေချိုးခြင်းသည် အကြောအခြင်များကို ပိုမိုပြေလျာ့စေပါတယ်။

Source: Stylecraze

Featured Image: Forbes