နေ့စဉ် ရေသောက်ခြင်း က ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ကြောင်း ကျွန်တော်တို့ တော်တော်များများက သိရှိပြီးသားပါ။ ရေဟာ လူသားတစ်ယောက် အသက်ရှင်ဖို့အတွက် တကယ်ကိုလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် ရေသောက်နည်းတတ် ကြပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေလျှင် ၊ ရေကိုလုံလုံလောက်လောက် မသောက်သုံးဘူးဆိုလျှင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်တယ်ဆိုတာ သိပါလျက်နဲ့ ရေကို သတိထားမသောက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေသောက်တဲ့အချိန်က ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတာ ကွီးတို့သိပါသလား။ ဒီဆောင်းပါးလေးမှာတော့ လူတစ်ယောက်အတွက် တစ်နေ့တာမှာ ရေသောက်ရန် အကောင်းဆုံး အချိန် ၅ ချိန် နဲ့ ဘယ်လိုမျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။

(၁) မနက်အိပ်ရာထချိန်

ရေသောက်ရန် အချိန်

Photo : Layla Sleep

ကွီးတို့ရဲ့ တစ်နေ့တာကို ရေကို ဝဝလင်လင်သောက်ပြီး စတင်လိုက်ပါ။ ကျွန်တော်တို့ အနေနဲ့ အိပ်ပျော်နေချိန် ရေမသောက်နိုင်တာကြောင့် အိပ်ယာက နိုးလာတဲ့အခါ ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ မနက်တိုင်း အိပ်ရာထပြီးချိန်တွင် ရေသောက်တာက ရေငတ်တာကို ပြေပျောက်စေရုံသာမကဘဲ ရေရှည်မှာ ကျန်းမာတဲ့ ရေဓာတ်ကို ထိန်းထားဖို့ ပိုလွယ်ကူစေမှာပါ။ ထို့အပြင် ကွီးတို့ရဲ့ စိတ်ခံစားချက်၊ ဦးနှောက်လုပ်ဆောင်ချက်နှင့် စွမ်းအင်အဆင့်ကို မြှင့်တင်ရန် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့တာအတွက် ရေသောက်ရန် အကောင်းဆုံး အချိန် တစ်ချိန်ကတော့ မနက်အိပ်ရာထချိန်ပါပဲ။

(၂) အစာမစားမီနှင့် အစာစားနေစဉ်

ရေသောက်ရန် အချိန်

Photo : Sohati

အစာမစားမီ ရေတစ်ခွက်သောက်ခြင်းက ဗိုက်ပြည့်စေပြီး အစားလွန်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။ အခြားတစ်ဖက်တွင်လည်း အစားစားနေစဉ် အစားအစာနှင့်အတူ ရေသောက်ခြင်းက အထူးသဖြင့် အမျှင်ဓာတ်များသော အစားအစာများဖြင့် အစာချေဖျက်ခြင်းကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

(၃) နေ့လည်ခင်း

ရေသောက်ရန် အချိန်

Photo : Milldesk

ကွီးတို့ရေ ညနေ ၃ နာရီလောက်မှာ ပင်ပန်းနွမ်းနယ်လာပြီး အားအင်တွေ ချို့တဲ့နေသလို ခံစားနေရပါသလား။ ဒီလိုအချိန်ဆို တော်တော်များများက ကော်ဖီတစ်ခွက်ကို ဖျော်သောက်မိကြမှာပါ။ အိပ်ရာမဝင်မီ ခြောက်နာရီအလိုတွင် ကဖိန်းဓာတ်သောက်သုံးခြင်းက ကွီးတို့ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီနေရာမှာ ရေတစ်ခွက်ကိုပဲ အစားထိုးကြည့်ပါ။ တစ်နေ့တာအတွက် နေ့လည်ခင်းပိုင်းဆို ခန္ဓာကိုယ်က ရေဓာတ်လိုအပ်တာကို ပြန်လည်ဖြည့်တင်းသင့်တဲ့ အချိန်ပါပဲ။ ရေသောက်ခြင်းက ပင်ပန်းနွမ်းနယ်မှုနှင့် အခြားသော မလိုလားအပ်သော လက္ခဏာများကို တိုက်ဖျက်ရန် ကူညီပေးနိုင်ပါတယ်။ ဒီအချိန်ကလည်း ရေသောက်ရန် အကောင်းဆုံး အချိန် များထဲကတစ်ခုပါ။

(၄) လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးနောက်

Drinking Water

Photo : Sports Medicine Weekly

ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းလုပ်မဲ့ရက်များတွင် ရေကို ပုံမှန်သောက်သင့်ပါတယ်။ အလယ်အလတ် လေ့ကျင့်ခန်းများအတွက် လေ့ကျင့်ခန်းမစတင်မီ မိနစ် ၃၀ ခန့် ကြိုတင်၍ ရေတစ်ခွက်သောက်ပါ။  ချွေးထွက်ခြင်းကြောင့် ရေဓာတ်နဲ့ Electrolytes ဆုံးရှုံးသွားသောကြောင့် ကွီးတို့ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်ထိန်းပေးပြီး ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်တင်းရန် လေ့ကျင့်ခန်းလုပ်နေစဉ်နှင့် အပြီးတွင် ရေကို သင့်တင့်မျှတစွာ သောက်သုံးသင့်ပါတယ်။

(၅) ခေါင်းကိုက်ခြင်း (သို့) ခေါင်းတစ်ခြမ်းကိုက်တဲ့ အချိန်

Drinking Water

Photo : Spokane Valley Cosmetic Dentists

ကွီးတို့ရေ ခေါင်းကိုက်တာ ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့က ရေဓာတ်ခန်းခြောက်ရဲ့ အဖြစ်များသော လက္ခဏာတစ်ခုဖြစ်နိုင်သောကြောင့် ရေများများသောက်ခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်နိုင်ရန် ရေကို သေချာစွာသောက်သုံးပါ။ ရေသောက်မနည်းပါစေနဲ့။

အခုဖော်ပြပေးလိုက်တာကတော့ ရေသာက်ရန် အကောင်းဆုံး အချိန်‌ တွေကိုဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေထဲမှာ ရေသောက်ဖို့ကို အရေးကြီးနေရာကနေ ထည့်သွင်းသင့်ပါတယ်။

Source : Premium Waters, Inc.

Featured Photo : Sleepscore