မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အဖြစ် အမေရိကန်မှာ ခြေစမ်းပွဲ စုစုပေါင်း (၄)ပွဲအထိ ကစားသွားခဲ့ပါတယ်။ အမေရိကန် ခရီးစဉ်အစမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီပွဲမှာတော့ အာဆင်နယ်ကို (2-0) ဆိုတဲ့ ရလဒ်နဲ့ တာထွက်လှခဲ့ရပါတယ်။

wrexham 3-1 manutd

Photo Credit : Sky Sports

အာဆင်နယ်နဲ့ ပွဲမှာ အဖွင့်လှခဲ့ရတဲ့ ယူနိုက်တက်က လက်ကျန် ပွဲတွေအဖြစ် ဝရက်ဇ်ဟမ်း ၊ ရီးယဲလ် မက်ဒရစ် ၊ ဒေါ့မွန်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေပြီး ဝရက်ဇ်ဟမ်းနဲ့ပွဲ ရီးယလ်နဲ့ပွဲတွေက တစ်ရက်ခြား ကစားရမှာဖြစ်လို့ ဝရက်ဇ်ဟမ်းနဲ့ပွဲကို လူငယ် ကစားသမား အများအပြားနဲ့သာ ရင်ဆိုင်သွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ ယူနိုက်တက်က Deadpool မင်းသားကြီး ရိုင်ယန် ရေးနိုးစ်ရဲ့ ဝရက်ဇ်စဟမ်းအသင်းကို (1-3) နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ တစ်လုံးတည်းသော ချေပဂိုးကိုတော့ ညာနောက်ခံ ကစားသမားလေး ဂျူရာဒိုက သွင်းယူခဲ့ပါတယ်။

madrid 2-0 manutd

Photo Credit : TEAMtalk

ဝရက်ဇ်ဟမ်းနဲ့ ပွဲအပြီး နောက်တစ်ရက်မှာပဲ ယူနိုက်တက်က ရီးယဲလ်နဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်က ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာန်ိုင်ခဲ့သလို ကစားသမားသစ် အိုနာနာကိုလည်း ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာလည်း ရီးယဲလ်က ယူနိုက်တက်ကို အကောင်းဆုံး ကစားသွားခဲ့ပြီး ကစားသမား နှစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ် ဟိုဆေးလူတို့ရဲ့ ဂိုးတွေနဲ့ ယူနိုက်တက်က ရီးယဲလ်ကို (2-0) ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရပါတယ်။

dortmund 3-2 manutd

Photo Credt : ESPN

ဒီနေ့မှာလည်း ယူနိုက်တက်က အမေရိကန် ခရီးစဉ်ရဲ့ နောက်ဆုံးပွဲအဖြစ် ဒေါ့မွန်နဲ့ ရင်ဆိုင်ခဲ့ရာ ဒီပွဲမှာတော့ လာမယ့် ရာသီမှာ အသင်းရဲ့ လူစာရင်းထဲ ပါဝင်နိုင်ဖို့ သိပ်မလွယ်တဲ့ ကစားသမားတွေကို အသုံးပြခဲ့ရင်း ဒါလော့ရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ပေမယ့် မာလန်းက ပထမပိုင်း ပြီးခါနီးမှာ ချေပဂိုးရော ဦးဆောင်ဂိုးပါ ပြန်လည် သွင်းယူခဲ့တယ်။ ဒုတိယပိုင်းမှာ အန်တိုနီက ပြန်လည် ချေပခဲ့သေးပေမယ့် မူကိုကိုက (3-2) ဖြစ်စေမယ့် ပွဲသိမ်းဂိုးကို ဆက်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူနိုက်တက် အမေရိကန် ခရီးစဉ်အတွင်း တာထွက်သာ လှခဲ့ပေမယ့် လက်ကျန်ပွဲတွေကိုတော့ တောက်လျှောက် ရလဒ်ဆိုးခဲ့ရပါတယ်။