ကွီးတို့ လက်ပ်တော့ က ဒေတာတွေ အများကြီး ထည့်လွန်းလို့ မ ဆန့် တော့ဘူး ဖြစ်နေတယ်ဆိုရင်တော့ စိတ်မပူပါနဲ့။ ကွီးတို့ရဲ့ အရေးကြီးတဲ့ ဒေတာတွေ အားလုံးကို တစ်စုတစ်စည်းတည်း သိမ်းပေးထားဖို့ရန်အတွက် External Hard Drive တွေကို တီထွင် ဖန်တီးထားရခြင်း ဖြစ်ပါတယ်။
ဈေးကွက်ထဲမှာကလည်း ရွေးချယ်စရာ External Hard Drive တွေကလည်း မှိုလို ပေါက်နေပါတယ်။ အဲ့ဒီ့ အမျိုးအစား အများကြီးထဲကမှ အကောင်းဆုံး အမျိုးအစားကို သေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
လတ်တလော ဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ External Hard Drive တွေကတော့ အခုဖော်ပြပေးမယ့် မော်ဒယ်အမျိုးအစားများပဲဖြစ်ပါတယ်။
(၁) Western Digital My Passport Ultra (5 TB)
ဒီအမျိုးအစားလေးကတော့ 5 TB အထိ ဝင်ဆန့်တဲ့ မော်ဒယ် အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ ဒေါ်လာ ၁၃၅ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။ ပေးဝယ်ရတဲ့ ဈေးနဲ့ ပြန်ရတဲ့ ကွာလတီ တန်ဖိုးကလည်း တန် တန့် တန်ပါပဲ။ ကွီးတို့ ရုံးက ကွန်ပျူတာထဲက ဖိုင်တွေက အိမ်က လက်ပ်တော့ ထဲ ထည့်ဖို့ ဒေတာ အပြောင်းအရွေ့တွေ ပြုလုပ်တဲ့အခါ ဒီ Western Digital My Passport Ultra (5 TB) နဲ့ဆိုရင်တော့ အသာလေး ဝင် ဆန့် ပါတယ်။
(၂) Samsung T7 Shield 4TB
ဒီမော်ဒယ် အမျိုးအစားကတော့ အများဆုံး 4TB အထိ ဝင်ဆန့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၉.၉၉ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ ပါဖောမန့်စ်ကလည်း ရှယ်ပဲမို့ ကွီးတို့ ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။
(၃) Adata Elite SE880 SSD
Adata ကလည်း နာမည်ကြီး ဘရန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖိုင်တစ်ခါ အကူးအပြောင်းမှာ အမြန်နှုန်း 20Gbps အထက်ဖြင့် ကူးပြောင်းပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀ ဝန်းကျင် ပေးချေရမှာဖြစ်ပြီး ၅ နှစ် အာမခံ ပါရှိပါတယ်။
(၄) Kingston XS200 USB SSD
ဈေးလည်း သိပ်မကြီးဘူး။ အလယ် အလတ် ဈေးနှုန်းလောက်သာ သုံးချင်တဲ့ ကွီးတို့အတွက်တော့ Kingston XS200 USB SSD က အသင့်တော်ဆုံးပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၇၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဖိုင် အကူးအပြောင်း ပြုလုပ်ရတာလည်း မြန်တဲ့အတွက်ကြောင့် ကွီးတို့လို စိတ်မရှည်တဲ့သူတွေအတွက် ထုတ်ထားသလားတောင် အောက်မေ့ရပါတယ်။
(၅) ADATA HD710M Pro External Hard Drive
ဒီမော်ဒယ် အမျိုးအစားကတော့ Drop Tests တွေ တော်တော်များများမှာ အသုံးပြုခံရတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူရတာလည်း မလေးတဲ့ မော်ဒယ် တစ်မျိုးပါ။ ဈေးနှုန်းကတော့ ၇၅ ဒေါ်လာလောက် ကုန်ကျမှာဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ မော်ဒယ်အမျိုးအစားတွေထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။
Source: Nytimes
Featured Image: Nytimes