လေ့ကျင့်ခန်းလုပ်တာက ကိုယ်ကာယ ကျန်းမာမှုအပြင် လိင်မှုကျန်းမာရေး အတွက်ပါ ကောင်းတယ်လို့ သုတေသီတွေက လေ့လာထားပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် ကိုယ်တိုင်လည်း ကျန်းမာသလို ကိုယ့်ပါတနာနဲ့ ချစ်ပွဲဝင်ရာမှာလည်း စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ။ အားကစားလိုက်စားသူဟာ သာမန်လူတွေထက် အမောခံနိုင်ပြီး သက်လုံပိုကောင်းပါတယ်။ ဒီအချက်က လိင်မှု ကိစ္စဘက်မှာလည်း ရလဒ်ကောင်းတွေ ပြနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ လိင်မှု စွမ်းဆောင်ရည် ပိုတိုးတက်အောင် အထောက်အကူပြုနိုင်မယ့် ကာယ လှုပ်ရှားမှုတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Cardiovascular Exercise

Running

Photo : Pexels

Cardio လေ့ကျင့်ခန်းတွေက အဆုတ်လုပ်ဆောင်ချက်နဲ့ သက်လုံကို ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ Cardio တွေထဲမှာ အပြေးလေ့ကျင့်ခန်း ၊ ရွရွပြေး ၊ စက်ဘီစီး ၊ ကခုန်ခြင်း နဲ့ တခြား Cardio လှုပ်ရှားမှုပုံစံတွေက အိပ်ရာထဲမှာ သင့်ရဲ့ သက်လုံကို ပိုကောင်းစေနိုင်ပါတယ်။

(၂) Kegel Exercises

Stretching

Photo : Pexels

Kegel ကစားတာက ဆီးမထိန်းနိုင်ခြင်းနဲ့ တခြားဆီးလမ်းကြောင်းပြဿနာရှိသူတွေအတွက် ဆီးခုံကြွက်သားတွေ သန်စွမ်းအောင် လေ့ကျင့်တာပါ။ Kegel Exercises ကစားတာက အချိန်မတိုင်ခင် သုတ်လွှတ်တာ နဲ့ အမောအပန်းဒဏ်ကိုပါ ခံနိုင်ရည် ရှိစေပါတယ်။

(၃) Weight Lifting

Weight Lifting

Photo : Pexels

ဝိတ်မ,တဲ့ လေ့ကျင့်ခန်းက လူကို ကြံ့ခိုင်သန်မာစေသလို ခံနိုင်ရည်နဲ့ သက်လုံလည်း ပိုကောင်းစေမှာပါ။ ဒီနှစ်ချက်က အိပ်ရာထဲက သင့်စွမ်းရည်ကို အများကြီး အဆုံးအဖြတ်ပေးပါတယ်။ ပုံမှန်ဝိတ်မ,ခြင်းအားဖြင့် လိင်မှုသက်လုံအားသာချက်တွေ ရှိလာပြီး စကေးမြင့်တဲ့ ဆရာတစ်ပါးလို လှုပ်ရှားလာနိုင်ပါလိမ့်မယ်။

(၄) ယောဂ

Yoga

Photo : Pexels

သိပ်ပြီး အားအင်သုံး လှုပ်ရှားရတာမျိုး မကြိုက်ရင် ယောဂကစားကြည့်ဖို့ ပြောချင်ပါတယ်။ ယောဂကစားတာက စိတ်ဖိစီးမှု သက်သာစေပြီး ကျောရိုးမကြီးသန်မာအောင် အထောက်အကူပြုပါတယ်။ ယောဂမှာ အသက်ရှုလေ့ကျင့်မှုလည်း ပါဝင်လို့ အသက်ရှုထိန်းချုပ်မှုနဲ့ စိတ်ခံစားချက်ကို အာရုံလွှဲနိုင်စွမ်းပါ တက်စေနိုင်ပါတယ်။

(၅) ရေကူးခြင်း

Swimming

Photo : Pexels

ရေကူးတာက စိတ်လည်း ကြည်လင်ရွှင်လန်းစေသလို လူရဲ့ ကြံ့ခိုင်သန်မာမှုနဲ့ သက်လုံကောင်းပြီး စွမ်းဆောင်ရည်မြင့်မားမှု အကျိုးတွေပါ ပေးပါတယ်။ ရေကူးဖို့အတွက် ရေကန် ၊ ချောင်း ၊ မြစ်တစ်ခုခု ရှိရင် အဆင်ပြေပါတယ်။ အလုပ်ရှုပ်သက်သာပြီး အကုန်အကျလည်း နည်းတာကြောင့် ရေကူးရင်းနဲ့ ကိုယ့်ရဲ့ လိင်မှုစွမ်းရည်ကိုလည်း မြှင့်တင်နိုင်ပါတယ်။

Featured Photo : everydayhealth