Disco Drinks ဆိုတာ နာမည်အတိုင်းပဲ Disco ခေတ်တွေတုန်းက ညလုံးပေါက်က,တဲ့ ညတွေနဲ့အတူ သောက်သုံးကြတဲ့ ကော့တ်တေးလ်တွေပါပဲ။ ၁၉၇၀ ကနေ ၁၉၉၀ အကုန်နှစ်တွေအထိ အမေရိကရဲ့ ကော့တ်တေးလ်ပါတီညတွေမှာ Disco Drinks တွေက ကျယ်ကျယ်ပြန့်ပြန့် နေရာယူခဲ့တာပါ။
ဟိုအရင်ခေတ်က နာမည်ကျော်ခဲ့တဲ့ Disco Drink တွေဟာ အခုအနောက်နိုင်ငံရဲ့ ကော့တ်တေးလ်ဘားမီနူးတွေထဲမှာ တကျော့ပြန် ခေတ်စားလာနေကြပါတယ်။ ကော့တ်တေးလ်ချစ်သူတွေအတွက် သီချင်းနဲ့အတူ ကခုန်ရင်း မြူးနိုင်မယ့် ကော့တ်တေးလ်တွေထဲက နာမည်ကျော်ကြားလှတဲ့ Disco Drink တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) Harvey Wallbanger

Photo : punchdrink
Harvey Wallbanger ဆိုတာ ဗော့ဒ်ကာ ၊ Orange Juice နဲ့ အီတလီ ဆေးဖက်ဝင် Liqueur တစ်မျိုးဖြစ်တဲ့ Galliano တို့ ပေါင်းစပ်ထားတဲ့ ကော့တ်တေးပါ။ တကယ်က ဒီကော့တ်တေးလ်ကို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ တီထွင်ခဲ့တာ ဖြစ်ပြီး ၁၉၇၀ ရောက်မှ နာမည်ကျော်ကြားလာတာပါ။ ဖော်စပ်ရ လွယ်ကူပြီး ပါတဲ့ အမယ်အစုံကို ခွက်ထဲ တိုက်ရိုက်ထည့်ရုံနဲ့ ကော့တ်တေးလ်ဖြစ်နိုင်လို့ လူကြိုက်များတာပါ။
(၂) Midori Sour

Photo : mainespirits
ဂျပန်ကုမ္ပဏီ Suntory ဟာ ၁၉၇၈ ခုနှစ်မှာ Melon Liqueur ကို အမေရိကန်မှာ စတင် ဖြန့်ချိပြီးနောက် New York City ရဲ့ Studio 54 အပါအဝင် အမေရိကန်ရဲ့ ထိပ်တန်းနိုက်ကလပ်တွေမှာ သံပရာ ၊ ရှောက်ဖျော်ရည် ၊ Midori ၊ ဗော့ဒ်ကာ နဲ့ Soda Water တို့ပါတဲ့ ကော့တ်တေးလ် Midori Sour ဟာ ၁၉၈၀ နဲ့ ၉၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံရဲ့ အကျော်ကြားဆုံး ကော့တ်တေးလ်တစ်မျိုး ဖြစ်လာခဲ့ပါတယ်။
(၃) Blue Hawaiian

Photo : cocinayvino
ဟိုနိုလူလူကျွန်းက Kaiser Hawaiian ရွာ (အခု Hilton Hawaiian ရွာ) မှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ဖန်တီးခဲ့တဲ့ အပူပိုင်း Classic Drink တစ်ခုက Blue Hawaii ဖြစ်ပါတယ်။ မူလအရသာရဲ့ အငွေ့အသက်ကိုမှ ဆွဲဆောင်မှုရှိတဲ့ လျှပ်စစ်ပြာ Electric-Blue ရောင်ပါတဲ့ Blue Hawaii ဟာ Disco ခေတ်ရဲ့ ပြယုဂ်ဖြစ်ခဲ့ပါတယ်။ Blue Hawaiian မှာ Rum ၊ လတ်ဆတ်တဲ့ လီမွန်ဖျော်ရည် ၊ Coconut ခရမ် ၊ နာနတ်ဖျော်ရည် နဲ့ Blue Curacao တို့ကို ခွဲထားတဲ့ ရေခဲထည့်ထားတဲ့ ခွက်လှလှလေးနဲ့ ကြည့်ကောင်းအောင် စီမံထားတာပါ။
Featured Photo : cocinayvino
