သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေထဲမှာ လေကြောင်း ပို့ဆောင်ရေးက စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့  အရေးကြီးသော အထောက်အကူဖြစ်ပါတယ်။ လေကြောင်းပို့ဆောင်ရေးဟာ ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို လွယ်ကူချောမွေ့စေပြီး အမျိုးသား၊ ဒေသတွင်းနှင့် နိုင်ငံတကာ အတိုင်းအတာဖြင့် အရေးကြီးသော ဆက်သွယ်မှုများကို ပံ့ပိုးပေးပါတယ်။ ဒီလုပ်ငန်းက ကုန်သွယ်မှုကို ဖန်တီးဖို့၊ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့နဲ့  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးဖို့ အလွန်အ‌ရေးပါပါတယ်။ ဒါကြောင့် ကွီးတို့လည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ လေကြောင်းကို သုံးပြီး ခရီးသွားရမှာဘဲ ဖြစ်ပါတယ်။ လေကြောင်းနဲ့ ခရီးသွားရာတွင် ကွီးတို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ ကို သိရှိနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

လေကြောင်းနဲ့ ခရီးမထွက်ခင် သိထားသင့်တဲ့ အချက်များ ဟာ ကွီးတို့ရဲ့ ခရီးစဉ်မှာ စိတ်ချမ်းသာမှုနဲ့ သက်တောင့်သက်သာဖြစ်ဖို့ အထောက်အကူပြုပါတယ်။

(၁) ခရီးဆောင်အိတ်ထဲတွင် ထည့်ယူလို့ မရနိုင်သော အရာများကို သိဖို့လိုပါတယ်

လေကြောင်းနဲ့ ခရီးသွားရာတွင်

Photo : Daily Star

ကွီးတို့ လေကြောင်းနဲ့ ခရီးသွားမယ်ဆို သိထားသင့်တဲ့ အချက်များ ထဲကတစ်ခုက တော့ ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလို့မရတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်သော အရာများ၊ မီးလောင်လွယ်သော အရာများကို လေကြောင်းလိုင်းတိုင်းက ပိတ်ပင်တားမြစ်ထားပါတယ်။ လုံခြုံ‌ရေးအရ၊ လက်နက်အဖြစ်သုံးနိုင်သော အရာဝတ္ထုများကို သင်၏ လက်ဆွဲအိတ်ထဲ ထည့်လို့မရပါ။ အရည်တွေ သယ်ဆောင်ခွင့်တွေကို ပိတ်ပင်ထားပါတယ်။

(၂) လက်ဆွဲသေတ္တာရဲ့အရွယ်အစားဟာ သတ်မှတ်ချက်အတိုင်းဖြစ်ရပါမယ်

လေကြောင်းနဲ့ ခရီးသွားရာတွင်

Photo : The Ponint Guys

လေကြောင်းလိုင်းတစ်ခုစီတွင် လက်ဆွဲအိတ်၏ အရွယ်အစားနှင့် အလေးချိန်ဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။ လေဆိပ်မှာ အရွယ်အစားကြီးတဲ့ ခရီးဆောင်အိတ်အတွက် အခကြေးငွေ ကြီးကြီးမားမား ပေးဆောင်ရတဲ့အတွက် ဒီကန့်သတ်ချက်ထက်ကျော်လွန်တဲ့ အိတ်တွေကို မယူဖို့ အရေးကြီးပါတယ်။

(၃) Check-in အတွက် အဆင်သင့်ဖြစ်ပါစေ

လေကြောင်းနဲ့ ခရီးသွားရာတွင်

Photo : Bloomberg.com

လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို စစ်ဆေးချိန်တွယ်နိုင်ဖို့အတွက် အချိန် လိုအပ်ပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံရေး စစ်ဆေးမှုတွေလည်း လုပ်ရမယ်။ အလှည့်ရောက်ရင် အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားပါ။ စစ်ဆေးတဲ့ စက်ကို ဖြတ်တဲ့အခါ ကန့်သတ်ထားတဲ့ ပစ္စည်းတွေ ပါရင် အချိန်ကြာနိုင်ပါတယ်။

(၄) နိုင်ငံတိုင်းတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိတယ်ဆိုတာကို သိထားပါ

လေကြောင်းနဲ့ ခရီးသွားရာတွင်

Photo : Conde Nast Traveler

လေကြောင်းနဲ့ ခရီးသွားမယ်ဆို သိထားသင့်တဲ့ အချက်များ ထဲမှာ ဒီအချက်က ခရီးသွားလာရာမှာ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။ နိုင်ငံအတော်များများက အရက် ၊ ဆေးရွက်ကြီး၊ အစားအစာနှင့် အပင်များ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ အကောက်ခွန်စည်းမျဉ်းတွေက အတူတူဖြစ်ပါတယ်။။ သို့သော်၊ ဥပမာ အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများ အပြားမှာတော့  အရက်သယ်ယူမှုအတွက် ကြီးမားသော ဒဏ်ရိုက်မှုရှိပါတယ်။ နိုင်ငံအလိုက် အကောက်ခွန်ကန့်သတ်ချက်များကို လေ့လာထားပါ။

(၅) လေယာဉ်ပျံပေါ်မှာ  ၀တ်ဆင်မဲ့ အဝတ်အစားကို သတိပြုရပါမယ်

လေကြောင်းနဲ့ ခရီးသွားရာတွင်

Photo : Newsweek

အသေးအမွှားလို့ထင်ရပေမယ့် အဝတ်အစားတွေကို သေချာအာရုံစိုက်သင့်ပါတယ်။ ပျံသန်း ချိန်ကြာလေလေ၊ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး နောင်တရလေ ခံစားရတတ် ပါတယ်။ လေအေး ပေးစက်က လေယာဉ်ပေါ်တွင် အမြဲလည်ပတ်နေသောကြောင့် အေးမယ်ဆိုတာ ကြိုတင်သိထားပါ။ နွေရာသီမှာ ခရီးထွက်ရင်တောင် ခြေအိတ်နဲ့ အင်္ကျီတစ်ထည်ယူသင့်ပါတယ်။ Masks တတ်ထားဖို့လည်း မမေ့ပါနဲ့။

(၆) မိုလ်ဘိုင်းဖုန်း Airplane Modeကို On ထားဖို့ မမေ့ပါနဲ့

Airplane

Photo : USA today

မိုဘိုင်းလ်ဖုန်းများသည် လေယာဉ်များ၏ လုပ်ဆောင်ချက်ကို အနှောင့်အယှက်မပေးကြောင်း ဆောင်းပါးများမှာ ရေးသားထားတာ တွေ့နိုင်ပေမဲ့  လေကြောင်းလိုင်းအများစုက ပျံသန်းစဉ်အတွင်း မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကို  တားမြစ်ရန် ပြဋ္ဌာန်းထားပါတယ်။

(၇) မယဉ်ကျေးတဲ့ အပြုအမူမျိုးကို ရှောင်ပါ

Airplane

Photo : Wall Street Journal

နံရံ သို့မဟုတ် ခရီးသည်များရဲ့ ထိုင်ခုံပေါ် ခြေထောက် တင်ခြင်းကို ရှောင်ပါ။ ဘယ်သူမှ လက်ခံ လက်ခံနိုင်တဲ့ အပြုအမူ မဟုတ်ဘူးဆိုတာ သတိပြုပါ။ ခရီးသွားဖော်များကို ဂရုစိုက်ပြီး ကိုယ့်ကိုယ်ပိုင်နေရာနှင့် ၎င်းတို့၏ ကိုယ်ပိုင်နေရာများကို သတိပြုပါ။ လေယာဉ်ပျံသန်းမှု ဖျော်ဖြေရေးနှင့် အစားအသောက်စားခြင်းအတွက် စည်းမျဉ်းများကို လိုက်နာသင့်ပါတယ်။ နားကြပ်များကို အသုံးပြု၍ ကျယ်လောင်သော စကားပြောဆိုမှုကို ရှောင်ကျဉ်ပါ။

(၈) လေယာဉ်ပေါ်မှာ အကြာကြီး ထိုင်ရခြင်း

Airplane

Photo : Vista Create

အကယ်လို့ ခရီးစဉ်အတွက် နာရီများစွာ စီးရမယ်ဆိုရင် ထိုင်ခုံပေါ်အကြာကြီး ထိုင်မနေပါနဲ့။ ‌ခြေထောက်‌သွေးကြောပိတ်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတစ်ပါးကို အနှောင့်အယှက်မဖြစ်စေဘဲ၊ မတ်တပ်ခဏရပ်ပေးခြင်း၊  Toilet သို့သွားခြင်း စသည့်လှုပ်ရှားမှု အနည်းငယ်လုပ်ပေးပါ။

(၉) အရက်သောက်ခြင်း

Airplane
Photo : Glassdoor

ဖိအားပြောင်းလဲခြင်းကြောင့် လေယာဉ်ပေါ်မှာ အရက်သောက်ခြင်းဟာ မြေပြင်မှာ သောက်ခြင်းထက် ပိုပြီး မူးစေပါတယ်။ သက်တောင့်သက်သာ နေနိုင်ရုံသာ သောက်သင့်ပါတယ်။

ကွီးတို့ရေ ပြည်တွင်းဘဲဖြစ်ဖြစ် ပြည်ပခရီးစဉ်ဘဲ ဖြစ်ဖြစ် လေကြောင်းနဲ့ ခရီးသွားရာတွင် သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ ကို သိထားတော့ စိတ်အေးချမ်းစွာနဲ့ ခရီးသွားနိုင်တာမှာပဲ ဖြစ်ပါတယ်။

Source : Flight Center

Featured Photo : Washington