ဝိတ်တက် လာလို့ ဘူ နေတဲ့ ကွီးတို့အတွက် တစ်ပတ်အတွင်း အမြန်ဆုံး ဝိတ်ချနိုင်မယ့် နည်းလမ်းကောင်းလေးနဲ့ ညွှန်းပေးချင်ပါတယ်။
ဒီနည်းလမ်းလေးကတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း (၆) မျိုးကို အကြိမ်ရေ များများ ပြုလုပ်ပေးရမှာဖြစ်ပြီး နောက်ထပ် လျှို့ဝှက်ချက် နှစ်ခုကိုလည်း မပျက်မကွက် လိုက်နာရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

ဝိတ်ချရာမှာ နာမည်အကြီးဆုံး လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးပြီး အသားအရေကို ကျစ်လျစ်လာအောင် ကူညီပေးပါတယ်။ စုစုပေါင်း ၂၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။ ထို့နောက် ၁ မိနစ် အနားယူပါ။
လေ့ကျင့်ခန်း (၂)
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ ခြေထောက်နှစ်ဖက်ကို အပေါ် အောက် လွှဲပေးရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။ ထို့နောက် လေ့ကျင့်ခန်း (၃) မပြုလုပ်ခင်မှာ နာရီဝက် နားပါ။
လေ့ကျင့်ခန်း (၃)
ဒီလေ့ကျင့်ခန်းကိုတော့ ၁၅ ကြိမ်မှ ၁၈ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။ ဝမ်းဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုမှသာလျှင် ပိုမိုထိရောက်မှာဖြစ်ပြီး ရလာဒ်က ပိုမိုမြန်ဆန်ပါလိမ့်မယ်။
လေ့ကျင့်ခန်း (၄)
ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပိုများကို မြန်မြန် ကျသွားစေမယ့် နောက်ထပ် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ မိမိလုပ်နိုင်သလောက် အကြိမ်ရေအထိ ပြုလုပ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း (၅)

စက်ဘီး မစီးတတ်ရင် အထိုင် စက်ဘီးနဲ့ ဆော့ကစားနိုင်ပါတယ်။ စုစုပေါင်း ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်အထိ နင်းပါ။ အထိုင်စက်ဘီး မရှိသူများကတော့ ရိုးရိုးစက်ဘီးဖြင့် မနက်စောစော စက်ဘီးစီးနိုင်ပါတယ်။ မနက်စောစော စက်ဘီးစီးမယ်ဆိုရင် ၁ နာရီလောက် စီးပေးလိုက်ပါ။ ကယ်လိုရီ ၃၀၀ ခန့် လောင်ကျွမ်းသွားမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
ဒီလေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၁၅ ကြိမ်မှ ၁၈ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးနိုင်ပါတယ်။
ဝိတ်တက် လာလို့ ဘူ နေတဲ့ ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်း (၆) မျိုးကို မိနစ် ၄၀ ကနေ မိနစ် ၆၀ အထိ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် လျှို့ဝှက်ချက် နှစ်ခုကိုလည်း မမေ့မလျော့ လိုက်နာပေးဖို့ လိုပါသေးတယ်။
ကာဘိုဟိုက်ဒြိုက်ဓာတ်များကို လျော့စားကာ ပရိုတင်းဓာတ် များများ မှီဝဲပါ

ကာဘိုဟိုက်ဒြိုက်ဓာတ်များကို လျော့စားခြင်းသည် ရက်အနည်းငယ် အတွင်းမှာ သိသိသာသာ ဝိတ်ကျသွားစေပါတယ်။ လေ့လာတွေ့ရှိချက်များအရ အစားအစာများကို ကာဘိုဟိုက်ဒြိုက်ဓာတ် လျော့ချကာ Diet ပြုလုပ်ခြင်း နည်းလမ်းသည် ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို လျော့ချရာမှာ အစွမ်းအထက်ဆုံး ဖြစ်တယ်လို့ သိရှိရပါတယ်။ ကာဘိုဟိုက်ဒြိုက်ဓာတ်များအစား ပရိုတင်းဓာတ်များနှင့် အစားထိုးပါ။
အဆီ၊ အဆိမ့်များ၊ ကြာရှည်ခံ အစားအစာများကို (လုံးဝ) မထိပါနဲ့

ကွီးတို့သည် တစ်ပတ်အတွင်း ဝိတ်အမြန်ချနေတာဖြစ်တဲ့အတွက်ကြောင့် အဆီ၊ အဆိမ့်များ၊ ကြာရှည်ခံ အစားအစာများကို ယောင်လို့တောင် မထိမိဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ရှေ့တစ်ရက်၊ နှစ်ရက်လောက်မှာ ဆော့ထားတာတွေ၊ ကြိုးပမ်းထားတာတွေသည် အလဟဿဖြစ်ကုန်ပါလိမ့်မယ်။
ဒီလေ့ကျင့်ခန်းများနဲ့ လျှို့ဝှက်ချက်များကို သိသွားပြီဆိုတော့ ဝိတ်တက် လာလို့ ဘူ နေတဲ့ ကွီးတို့လည်း တစ်ပတ်အတွင်း ဝိတ်အမြန်ချလို့ရပြီပဲဖြစ်ပါတယ်။
Source: Blog.decathlon.in
Featured Image: Freepik




