ကွီးတို့ရေ ဝိုင်နီ ကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက နှလုံးကျန်းမာစေသည်ဟု ရှေးယခင်ကတည်းက ယူဆခဲ့ကြပါတယ်။ ဝိုင်နီမှာပါတဲ့ အယ်လ်ကိုဟောနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါကို ဖြစ်စေတဲ့ သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကျန်းမာရေးကို အထောက် အကူဖြစ်စေတဲ့ ဝိုင်နီ ကို သောက်တဲ့အခါ တွဲဖက်စားသင့်တဲ့ အလိုက်ဖက်ဆုံး အစားအစာများ ကို ဖော်ပြပေးလိုက်ပါတယ်။

အလိုက်ဖက်ဆုံး အစားအစာတွေနဲ့ ဝိုင်နီကို သောက်ခြင်းဖြင့် ဝိုင်ရဲ့အရသာနဲ့ ရနံ့က ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေပါတယ်။ ထို့အပြင် ကွီးတို့ အနေနဲ့ ညစာစားပွဲ ဖြစ်ဖြစ်၊ ပါတီ တစ်ခု ကျင်းပချင်လို့ပဲ ဖြစ်ဖြစ် ဝိုင်နီကို ထည့်သွင်း ဧည့်ခံဖို့ရွေးချယ်တဲ့အခါ လိုက်ဖက်တဲ့ အစာအစားတွေကို ထည့်သွင်းဖို့က အမှန်တကယ်ပင် အရေးပါပါတယ်။

ချိစ်

red wine

Photo : Fine Food

ချိစ်က ဝိုင်နီအပါအဝင် မည်သည့်ဝိုင်နှင့်မဆို လိုက်ဖက်တဲ့ အစာဖြစ်ပါတယ်။ ဝိုင်နီသောက်သူ အများစုက အမြဲတမ်းရွေးချယ်တဲ့ အစာအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ဝိုင်ဖြူသောက်မယ်ဆိုရင် ပိုမိုပျော့ပျောင်းသော ချိစ်ကို ရွေးချယ်ပြီး ဝိုင်နီအတွက်ကတော့ သက်ရင့်မာခဲသော ချိစ်က အလိုက်ဖက်ဆုံး အစားအစာ ဖြစ်ပါတယ်။

အမဲသားကင်

ဝိုင်နီ အစားအစာများ

Photo : Matching Food and Wine

ဝိုင်နီ နဲ့ တွဲဖက်စားသုံးဖို့ အလိုက်ဖက်ဆုံးသော အစားအစာများ ထဲက နောက်တစ်ခုက အမဲသားကင် သို့မဟုတ် သိုးငယ်သားကင် ဖြစ်ပါတယ်။ ညစာစားပွဲတွေအတွက် အကောင်းဆုံး‌ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ အသားကင် အနံ့အရသာများက ဝိုင်နီရဲ့ စွဲမက်ဖွယ်အရသာရှိမှုကို အားဖြည့်ပေးပါလိမ့်မယ်။

ချောကလက်

ဝိုင်နီ အစားအစာများ

Photo : Martha Stewart

အရသာရှိသော ချောကလက်တစ်ဗူးနှင့် ဝိုင်နီကို ကွီးနှစ်သက်တဲ့ အမျိုးသမီးလေးကို လက်ဆောင်ပေးလိုက်ပါ။ ကျေနပ်ဖွယ်တုန့်ပြန်မှုကို ရရှိမှာပါ။ အချို့သော ချောကလက်အချိုပွဲများနဲ့ ဝိုင်နီက အမှန်တကယ်လိုက်ဖက်တဲ့ အတွဲပဲ ဖြစ်ပါတယ်။ အခမ်းအနားအချို့မှာ‌ ချောကလက်အချိုပွဲများနဲ့ ဝိုင်နီကို ထည့်သွင်းဧည့်ခံတာလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။

ဝက်သား

ဝိုင်နီ အစားအစာများ

Photo : Wine Lover Magazine

ဝက်သား ၊ ဘဲသား သို့မဟုတ် ကြက်မဲသားတို့လို အဆီပါဝင်မှုနည်းတဲ့ အသားတွေက ဝိုင်နီနဲ့ လိုက်ဖက်ပါတယ်။ ကွီးတို့အနေနဲ့ မိသားစု ညစာစားပွဲမှာပဲ ဖြစ်ဖြစ် အသားတစ်မျိုးနဲ့ ဝိုင်နီကို တွဲသောက်ချင်တယ်ဆိုရင် ဝက်သားက အလိုက်ဖက်ဆုံးသော အစားအစာ ဖြစ်ပါတယ်။

ပီဇာ

red wine

Photo : Wine Lover Mgaazine

နောက်ဆုံးအနေနဲ့ ဝိုင်နီနဲ့ တွဲဖက်စားသုံးဖို့ အလိုက်ဖက်ဆုံးသော အစားအစာ တစ်ခုကတော့ ပီဇာ ဖြစ်ပါတယ်။ အီတလီလူမျိုးတွေက တစ်ညတာအတွက် ပီဇာကို ဝိုင်နီနဲ့ သောက်ဖို့ အမြဲတမ်း မှာလေ့ရှိပါတယ်။ ဒါပေမဲ့ ပီဇာပေါ်ရှိ ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူက တစ်ခါတစ်ရံ ဝိုင်ကို သတ္တုအရသာ အနည်းငယ် ပြောင်းလဲစေတယ်နိုင်တဲ့အတွက် ဝိုင်နှင့် ဟန်ချက်ညီဖို့တော့ လိုပါတယ်။

ဝိုင်နီက Pasta တွေ၊ မှိုနဲ့ အခြားသော သစ်သီးအချို့နဲ့ တွဲဖက်စားသောက်ရင်လည်း တကယ်ကို လိုက်ဖက်ပါတယ်။ ကွီးတို့ရေ ဝိုင်နီ နဲ့ တွဲဖက်စားသုံးဖို့ အလိုက်ဖက်ဆုံးသော အစားအစာများ ထဲက ကွီးအနေနဲ့ ကွီးတို့စိတ်ကြိုက် ရွေးချယ်သုံဆောင် ကြည့်လိုက်ပါ။

Source : Be Clink

Featured Photo : Market