Toronto ကော့လ်တေး ဆိုတာကတော့ ဝီစကီ ရဲ့ ပြင်းရှပူနွေးတဲ့ အရသာနဲ့ ဆေးဖက်ဝင်အရက်ချိုမွှေး Fernet-Branca တို့ကို ပေါင်းစပ်ဖျော်ထားတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ နာမည်ကြီး ဂန္ထဝင်ကော့လ်တေး Old Fashioned နဲ့အနည်းငယ် ဆင်တူပေမယ့် Toronto ကော့လ်တေးမှာ Fernet-Branca ထပ်ပေါင်းထည့်ထားပြီး Angostura Bitters နဲ့ ပေါင်းစပ်ထားတဲ့အတွက် ခါးသပ်ချိုမြိန်တဲ့ ထူးကဲဆန်းသစ် အရသာအသစ်ကို ခံစားရစေမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks
Toronto ကော့လ်တေးက ဝီစကီ Based ကော့လ်တေးတစ်ခွက်ဖြစ်တာကြောင့် ဝီစကီ ကြိုက်သူတိုင်း မြည်းစမ်းကြည့်သင့်ပါတယ်။ Toronto ကော့လ်တေးကို Rye ဝီစကီနဲ့ အဓိကဖျော်စပ်ပြီး Fernet-Branca Liqueur ၊ Angostura Bitters ၊ Simple Syrup သို့မဟုတ် Maple Syrup စတဲ့ ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဖျော်စပ်နည်းကလည်း ၂ ဆင့်တည်းရှိတဲ့အတွက် လွယ်ကူရိုးရှင်းပြီး အိမ်မှာကိုယ်တိုင်ဖျော်စပ်သောက်နိုင်ပါတယ်။ ကဲဒါဆို Toronto ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။
အရင်ဆုံး ကော့လ်တေးဖန်ခွက်တစ်ခုထဲမှာ Rye ဝီစကီ ၂ အောင်စ ၊ Fernet-Branca Liqueur အောင်စဝက် ၊ Simple Syrup အောင်စဝက် ၊ Angostura Bitters ၂ စက် တို့ကို ရောထည့်ပေးပါ။ ဖန်ခွက်ထဲကို ရေခဲလက်တဆုပ်စာခန့်ထည့်ပြီး စက္ကန့် ၃၀ လောက် ဆက်တိုက်မွှေပေးရပါမယ်။ ပြီးရင် လိမ္မော်ခွံရဲ့ အရည်အနည်းငယ်ညှစ်ထည့်ပြီး ဖန်ခွက်နှုတ်ခမ်းဝမှာ အရည်ညှစ်ထားတဲ့လိမ္မော်ခွံကို အလှဆင်ကာ ခါးသပ်ချိုမြိန်တဲ့ Toronto ကော့လ်တေး ရဲ့ အရသာကို မြည်းစမ်းကြည့်လို့ရပါပြီ။
Featured Photo : Eat North

