ဝီစကီ Whiskey ဟာ ဂျုံ ၊ မုယော အစေ့အဆန်တွေကို ပေါင်းခံချက်လုပ်ထားတဲ့ သောက်စရာယမကာတစ်မျိုး ဖြစ်ပါတယ်။ ဝီစကီ Whiskey မှာ များသောအားဖြင့် အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် အရက်အပြင်း တစ်မျိုးလို့ သတ်မှတ်ထားပါတယ်။ ဝီစကီ Whiskey စတင် ပေါ်ပေါက်ခဲ့ရာဒေသတွေကတော့ စကော့တလန်နဲ့ အိုင်ယာလန် လို့လူသိများပြီး ဒီဒေသတွေကဘဲ လက်ရှိကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဝီစကီ Whiskey တွေ ထွက်ပါတယ်။ ဝီစကီ Whiskey ရဲ့ နာမည် ၊ အရောင် ၊ အနံ့ ၊ အရသာ နဲ့ ပါဝင်ပစ္စည်းတွေကတော့ ထုတ်လုပ်တဲ့ နေရာဒေသပေါ်မူတည်ပြီး ကွဲပြားပါတယ်။

ဥပမာပြောရရင် စကော့တလန်က ထုတ်တဲ့ စကော့ ဝီစကီ Whiskey တွေကတော့ မုယောစပါးကနေ ပေါင်းခံ ချက်လုပ်ထားပြီး အမေရိကန်ထုတ် ဘော်ဘွန်း ဝီစကီ Whiskey တွေကတော့ ပြောင်းဖူးကို အဓိက ပေါင်းခံချက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဘက်ခေတ် လူအများနှစ်ခြိုက်စွာသောက်သုံးနေတဲ့ ဝီစကီ Whiskey တွေဟာ တစ်ချိန်က နွားကျောင်းသား ၊ ဆောက်လုပ်ရေး လုပ်သားတွေ သောက်သုံးခဲ့ကြပြီး စစ်မြေပြင်မှာ ပိုးသတ်ဆေးတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာက ၁၉၂၀ ဝန်းကျင် ခုနှစ်တွေမှာ ဝီစကီ Whiskey ကို ဆေးဝါးအဖြစ် သတ်မှတ်ပြီး ဆေးဆိုင်တွေမှာ တရားဝင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဝီစကီ Whiskey ကို ချင့်ချိန်သောက်သုံးခြင်းဟာ ကျန်းမာရေး ရှု့ထောင့်အရ အကျိုးများစေသလို ကျန်းမာရေးအတွက် ဝီစကီ Whiskey ကပေးတဲ့ အကျိုးကျေးဇူးတွေကိုလည်း ကွီးတို့အတွက် မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်အလေးချိန်ကျစေတယ်

Photo : Medical Daily

ဝီစကီ Whiskey ရဲ့ ရေပန်းအစားဆုံး ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုက ကိုယ်အလေးချိန်ကို‌ လျော့ကျစေတာပါ။ American Journal of Critical Nutrition က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ဝီစကီ Whiskey ကို ချင့်ချိန်သောက်သုံးတာက အဝလွန်ရောဂါကိုပင် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

(၂) ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်


Photo : The Economic Times

ဝီစကီ Whiskey ဟာ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ဝီစကီ Whiskey မှာပါဝင်တဲ့ Ellagic Acid ဓာတ်က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ဆဲလ်တွေကို စုပ်ယူပေးပါတယ်။ အဲ့ဒီအက်ဆစ်ဓာတ်ကို သစ်သီးနဲ့ စပျစ်ဝိုင်တွေမှာလည်း တွေ့ရနိုင်ပြီး ဝီစကီ Whiskey မှာတော့ ပမာဏ ပိုများများ တွေ့ရပါတယ်။

(၃) စိတ်ဖိစီးမှု လျော့ချပေးတယ်


Photo : The Guest House Ocala

ဝီစကီ Whiskey ဟာ အာရုံကြောတွေကို ငြိမ်သက်စေပြီး စိတ်တည်ငြိမ်မှုပေးနိုင်တဲ့ သောက်စရာတစ်မျိုးအဖြစ် လူသိများပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှု များတဲ့သူတွေအတွက် အလွန်အကျိုးရှိတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ ဒါပေမယ့် ဝီစကီ Whiskey ကို စိတ်ဖိစီးမှု ဖြေဖျောက်တဲ့ တစ်ခုတည်းသော နည်းလမ်းအဖြစ်နဲ့ မသောက်သုံးသင့်ပါဘူး။ စိတ်ဖိစီးတိုင်း ၊ အဆင်မပြေမှုတွေကြုံတိုင်းမှာ ထွက်ပေါက်တစ်ခုအနေနဲ့ အရက်ချည်းဖိသောက်နေမယ်ဆိုရင် စိတ်ဖိစီးမှုတွေ ပိုတိုးလာနိုင်တယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။

(၄) ဆီးချိုရောဂါဖြစ်နိုင်ခြေ နည်းစေတယ်

Photo : Young Men’s Health

လေ့လာမှုတစ်ခုအရ ဝီစကီ Whiskey အတော်အသင့် မှီဝဲပေးတာက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်နဲ့ ဂလူးကို့စ် ပမာဏကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါအန္တရာယ် ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ရင် ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

(၅) မှတ်ဥာဏ်ဆုံးရှုံးတဲ့ရောဂါကို ကာကွယ်ပေးတယ်

Photo : RPG Pharmacy

ဝီစကီ Whiskey နဲ့ အခြားအဖျော်ယမကာတွေနဲ့ မတူတဲ့အချက်တစ်ခုက သင့်တင့်မျှတတဲ့ပမဏနဲ့ ချင့်ချိန်သောက်မယ်ဆိုရင် အယ်လ်ဇိုင်းမားအပါအဝင် အခြားမှတ်ဉာဏ်ဆိုင်ရာရောဂါ ပြဿနာတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ မှတ်ဥာဏ်ဆုံးရှုံးတဲ့ရောဂါဟာ အထူးသဖြင့် အသက်အရွယ်ကြီးရင့်လာချိန်မှာ ကြုံရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဒီရောဂါအတွက် သိပ္ပံပညာရှင်တွေ သုတေသနအကြိမ်ကြိမ်ပြုလုပ်ပြီး အဖြေရှာပေမယ့် လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းမျိုး မရှိသေးပါဘူး။

၂၀၀၃ ခုနှစ်က လေ့လာမှုတစ်ခုအရ တစ်ပတ်ကို ဝီစကီ Whiskey ၁ ခွက်ကနေ ၆ ခွက်အထိ သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူတွေဟာ လုံးဝ မသောက်သူတွေထက် မှတ်ဉာဏ်ဆိုင်ရာချို့ယွင်းမှု ဖြစ်နိုင်ခြေ ထက်ဝက်ခန့်ပိုများတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ဝီစကီ Whiskey တစ်ပတ် ၂ ခွက်ခန့်သောက်ပေးရုံနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ တစ်ပတ်၂ ခွက်နဲ့အထက် အလွန်အကျွံသောက်မယ်ဆိုရင်တော့ စိတ်ကျရောဂါအပါအဝင် မှတ်ဥာဏ်ချို့ယွင်းတဲ့ ပြဿနာတွေပါ ကြုံတွေ့ခံစားလာရနိုင်ပါတယ်။

(၆) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်

Photo : Pexels

ဝီစကီ Whiskey ဟာ သာမန်အအေးမိ ဖျားနာတာတွေလောက်တော့ အလွယ်တကူ တိုက်ထုတ်ပေးနိုင်ရုံမကဘဲ ရောဂါပိုးမွှားတွေအလွယ် တကူ မကူးစက်နိုင်အောင်လည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ရှေ့မှာပြောခဲ့သလိုဘဲ ဝီစကီ Whiskey မှာပါဝင်တဲ့ တစ်မျိုးတည်းသော Ellagic Acid ဓာတ်က ကိုယ်ခံအားစနစ်ကို အားလျော့စေတဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ဖျားနာခြင်းကင်းကင်းနဲ့ ကျန်းမာနေဖို့ ကူညီပေးပါတယ်။

Featured Photo : Encyclopedia Britannica