သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ရွှင်ကြည်နူးစရာအချိန်မျိုးကို ဖန်တီးချင်တဲ့အချိန်ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ဝမ်းနည်းကြေကွဲချိန်မှာပဲဖြစ်ဖြစ် ကွီးတို့ကို အဖော်ပြုပေးတာကတော့ ဝီစကီ Whiskey ကောင်းကောင်းလေးပါပဲ။ ဝီစကီ Whiskey ကို ပုံမှန်သောက်နေကျထက် အရသာပိုမို စူးရှယစ်မူးသွားအောင် ဖန်တီး ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်ရည်များကို အသုံးပြုနိုင်ပါတယ်။

ကွီးတို့ရော ဝီစကီ   Whiskey ကို ဘယ်လိုဖျော်ရည်မျိုးနှင့် စပ်သောက်လေ့ရှိပါသလဲ။

Ginger Ale (သို့) Ginger Beer နှင့် စပ်သောက်ပါ

whiskey mixers

ဝီစကီ Whiskey က ဇာတ်ဆောင်ဆိုရင် Ginger Ale က ဒုတိယမင်းသားလို့ ပြောလို့ရပါတယ်။ သူသည် ကွီး တို့ရဲ့ ဝီစကီ Whiskey တစ်ခွက်ကို အရသာပိုမိုထူးကဲသွားအောင် ဖန်တီး နိုင်စွမ်းရှိပါတယ်။

ဘယ်လိုဖျော်စပ်ရမလဲ မသိသေးဘူးဆိုရင်တော့ အခုဖော်ပြမယ့် နည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

whiskey mixers

လိုအပ်မယ့်ပစ္စည်းများကတော့ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၃ ဇွန်း၊ Ginger Ale စားပွဲတင်ဇွန်း ၁၀ ဇွန်းနှင့် သံပုရာသီးစိပ် တစ်ခြမ်းတို့ လိုအပ်ပါလိမ့်မယ်။

ဝီစကီ ဖန်တီး

ဖန်ခွက်အရှည်ထဲသို့ ဝီစကီ Whiskey များ ထည့်ပါ။ ထို့နောက် ရေခဲတုံးများထည့်ပါ။ ထို့နောက် Ginger Ale များ ထည့်လိုက်ပါ။ သမအောင် မွှေပြီးနောက် သံပုရာသီးစိပ်လေးကို အရည်ညှစ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အတွက် အရသာ စူးရှယစ်မူးသွားစေမယ့် ဝီစကီ Whiskey ကောင်းကောင်း တစ်ခွက်ကို ဖန်တီး ရရှိသွားနိုင်ပါပြီ။

Vermouth နှင့် စပ်သောက်ပါ

ဝီစကီ ဖန်တီး

နောက်ထပ်ဖျော်စပ်နည်းတစ်ခုကတော့ Vermouth နှင့် ရောနှောကာ ဖျော်စပ်သောက်သုံးခြင်းပဲဖြစ်ပါတယ်။

ဝီစကီ ဖန်တီး

လိုအပ်တဲ့ပစ္စည်းများကတော့ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ Vermouth စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် အလှဆင်ရန် ချယ်ရီသီး အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ဖန်ခွက်တစ်လုံးထဲသို့ ဝီစကီ Whiskey ၊ Vermouth နှင့် ရေခဲတုံးတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ဝီစကီ ဖန်တီး

အေးသွားတဲ့အခါမှာတော့ ကော့တေးဖန်ခွက်ထဲသို့ ရေခဲတုံး မပါစေဘဲ စစ်ထည့်လိုက်ပါ။ ထို့နောက် ချယ်ရီသီးဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ စွဲမက်ဖွယ်အရသာနှင့် ပြီးပြည့်စုံတဲ့ ဝီစကီ Whiskey ကော့တေးတစ်ခွက်ရရှိသွားပါပြီ။

Soda Water နှင့် ဖျော်စပ်ပါ

ဝီစကီ ဖန်တီး

ကွီးတို့အနေနဲ့ နောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ ဖျော်စပ်သောက်သုံးချင်တယ်ဆိုရင်တော့ Soda Water ကို အသုံးပြုနိုင်ပါတယ်။

လိုအပ်မယ့်ပစ္စည်းများကတော့ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ Soda Water စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၁၂ ဇွန်းအထိ လိုအပ်ပါလိမ့်မယ်။

ဖန်ခွက်ရှည်ထဲသို့ ဝီစကီ Whiskey နှင့် ရေခဲတုံးတို့ ထည့်ထားလိုက်ပါ။ ထို့နောက် Soda Water ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့အကြိုက်တွေ့သွားစေမယ့် ဝီစကီ Whiskey တစ်ခွက်ရရှိသွားပါပြီ။

ကိုကာကိုလာဖြင့် ဖျော်စပ်သောက်သုံးပါ

ဝီစကီ ဖန်တီး

Photo: Acouplecooks

ဒီနည်းလမ်း အသုံးပြုချင်တယ်ဆိုရင်တော့ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ ကိုကာကိုလာ စားပွဲတင်ဇွန်း ၈ ဇွန်းမှ ၁၂ ဇွန်းအထိ လိုအပ်ပါမယ်။ အလှဆင်ဖို့အတွက် သံပုယိုခွံများကိုလည်း အသုံးပြုနိုင်ပါတယ်။

ဖန်ခွက်ရှည်ကြီးထဲသို့ ဝီစကီ Whiskey နှင့် ရေခဲတုံးတို့ထည့်ကာ သမအောင် မွှေပါ။

ထို့နောက် ကိုကာကိုလာ ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ပြီးရင်တော့ သံပုယိုခွံဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့ ဘဝင်ခိုက်သွားစေမယ့် ဝီစကီ Whiskey တစ်ခွက်ရရှိသွားပါပြီ။

Source: Vinepair

Featured Image: Thrillist