ကိုယ် ချစ်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် အတူတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ဆိုရင် ဘာတွေ ပြု လုပ် ဖို့လိုမယ်လို့ ထင်ပါသလဲ။ ကွီးတို့ရော လက်ရှိမှာ ဘာတွေ လုပ်နေပါသလဲ။
ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင် နေဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အပြုအမူများကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ အဓိက မမေ့မလျော့ သိထားသင့်တဲ့ အချက် (၃) ချက်ရှိပါတယ်။
(၁) လမ်းလျှောက်ပါ
တစ်နေ့လျှင် တစ်နာရီခန့် နေ့တိုင်းလမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ တစ်နာရီလုံး ပြည့်အောင် လမ်းလျှောက်စရာမလိုပါဘူး။ ဥပမာ ကွီးတို့က ရုံးကနေ ကော်ဖီဆိုင်အထိ (သို့) စားသောက်ဆိုင်အထိကို ၁၅ မိနစ် လမ်းလျှောက်ရတယ်ဆိုပါစို့၊ ဒါဆိုရင် အသွားအပြန်နဲ့တင် နာရီဝက် ပြည့်သွားပါပြီ။ နောက်ထပ် ကျန်နဲ့ နာရီဝက်ကို ရုံးကနေ ဘတ်စ်ကားဂိတ်၊ ဘတ်စ်ကားဂိတ်ကနေ အိမ်အထိ စသည်ဖြင့် လမ်းလျှောက်ပေးရမှာဖြစ်ပါတယ်။
တစ်နေ့လျှင် တစ်နာရီပြည့်အောင် လမ်းလျှောက်ပေးခြင်းအားဖြင့် ကွီးတို့ ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားဖြစ်ပြီး နေလို့ကောင်းနေမှာပဲဖြစ်ပါတယ်။ ကိုယ် ချစ်ရတဲ့သူနဲ့ သက်ဆုံးတိုင် အတူနေချင်တယ်ဆိုရင်တော့ သူ့ကိုလည်း ဒီလိုမျိုး ပြု လုပ် ဖို့ တိုက်တွန်းသင့်ပါတယ်။
(၂) တစ်ရက်ခြားလျှင်တစ်ခါ ပြေးပါ (သို့) စက်ဘီးစီးပါ (သို့) ရေကူးပါ
ကွီးတို့အနေနဲ့ စက်ဘီးမစီးတတ်ဘူးဆိုရင် Gym မှာ တွေ့ရတတ်တဲ့ အထိုင်စက်ဘီးတွေကို စီးနိုင်ပါတယ်။ အကောင်းဆုံးကတော့ လမ်းပေါ်မှာ ထွက်စီးတဲ့ စက်ဘီးရော အထိုင်စက်ဘီး နှစ်မျိုးစလုံးပါ ရှိရင် ပိုကောင်းပါတယ်။ ကွီးတို့အနေနဲ့ စက်ဘီး မစီးတတ်ဘူးဆိုရင် ပြေးခြင်း (သို့) ရေကူးခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ သို့သော် စက်ဘီးစီးခြင်းကတော့ ပြေးခြင်းထက် ပိုပြီး အကျိုးသက်ရောက်မှုရှိပြီး ဒူးဆစ်နာခြင်းနှင့် အရိုးအဆစ်များပေါ်တွင် သက်ရောက်နေတဲ့ ဝန်အားကို လျော့ကျသွားစေပါတယ်။
ပြုလုပ်ရမယ့် အချိန်အတိုင်းအတာကတော့ တစ်ရက်ခြားလျှင် တစ်ကြိမ်စီ ပြုလုပ်ရမှာဖြစ်ပြီး တစ်ခါ ပြုလုပ်ပါက မိနစ် ၃၀ မှ ၄၀ အထိ ပြုလုပ်နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာလည်း အိပ်ပုတ်ကြီးပြီး အိပ်ရာပေါ်မှာ ကွေးမနေပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ပိတ်ရက်တွေမှာဆိုရင် ၂ နာရီခန့် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
(၃) ကြွက်သားများကို အသုံးပြုဖို့ မမေ့ပါနဲ့
သိပ္ပံနည်းကျပြောရမယ်ဆိုရင် လူသားတွေက မျောက်ကနေ ဆင်းသက်လာကြတာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ သစ်ပင်ပေါ်တက်ခြင်း၊ တောင်ကုန်းပေါ်တက်ခြင်း စသည်ဖြင့် ခန္ဓာကိုယ်ရှိ ကြွက်သားအမျိုးမျိုးကို အသုံးပြုခြင်းကြောင့် လူသားရယ်လို့ ဖြစ်လာတယ်လို့ ဆိုစမှတ်ရှိကြပါတယ်။
ကွီးတို့လည်း အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်ချင်တယ်ဆိုရင် ဘာမဆို ကိုယ့်လက် ကိုယ့်ခြေနဲ့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စက်လှေကားများ၊ ဓာတ်လှေကားများ အသုံးပြုမယ့်အစား ရိုးရိုးလှေကား အသုံးပြုပါ။ နီးနီးနားနားဆိုရင် ကားမောင်းသွားမယ့်အစား လမ်းလျှောက်သွားပါ။ ဒီလိုမျိုး ခန္ဓာကိုယ်ရှိ ကြွက်သားများကို အသုံးပြုပေးမယ်ဆိုရင် ကွီးတို့ ခန္ဓာကိုယ်က ကွီးတို့ကို ကျေးဇူးတင်နေမှာပါ။
ကွီးတို့ရော ကိုယ် ချစ်ရတဲ့သူတွေနဲ့ ကျန်းကျန်းမာမာနဲ့ နေထိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းများနဲ့ ကျင့်ကြံအားထုတ်နေပါသလဲ။
Source: Bluezones
Featured Image: Freepik