သင်္ကြန် ပိတ်ရက်လေးကို အကျိုးရှိရှိ ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် DIY ထိုင်ခုံ ပြုလုပ် နည်း လေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်း လွယ်ကူတဲ့အပြင် ကွီးတို့လည်း သင်္ကြန် ပိတ်ရက်အတွင်း အပျင်းလည်း ပြေစေမယ့် နည်း လမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။
ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးကို အဆုံးထိ လေ့လာကြည့်လိုက်ပါ။ ကွီးတို့အတွက် အကျိုးမယုတ်စေရဘူးဆိုတာ အာမခံပါတယ်။
အဆင့် (၁)
အရင်ဦးဆုံး လိုအပ်မယ့် သစ်သားများကို အစီအရီ ဖြတ်ထားပါ။
အဆင့် (၂)
ထို့နောက် လက်ရန်းဘောင် နှစ်ခု ပြုလုပ်ရပါမယ်။ လက်ရန်းဘောင်းက စတုရန်းပုံစံ ဘောင်နှစ်ခုဖြစ်ပါတယ်။ ဘောင်ပုံစံ ကွက်တိကျအောင် ဖြတ်တာတွေ သစ်သားတွေကို ရိုက်တာတွေ ပြုလုပ်ရပါမယ်။
အဆင့် (၃)
ထို့နောက်မှာတော့ ထိုင်ခုံ ထိုင်ဖို့အတွက် ဖင်ထိုင်ပြားကို ဆက်ရိုက်ပေးရပါမယ်။
အဆင့် (၄)
နောက်တစ်ဆင့်အနေနဲ့ ထိုင်ခုံနောက်မှီအတွက် ဆက်လက်ပြုလုပ်ပေးရပါမယ်။ထိုင်ခုံ နောက်မှီနဲ့ ထိုင်ခုံပြားကို အံဝင်ခွင်ကျဖြစ်သွားအောင် ဆက်ကာ သစ်သားပြား နှစ်ချက်ကို ရိုက်ပေးရပါမယ်။
အဆင့် (၅)
နောက်တစ်ဆင့်အနေနဲ့ ကွီးတို့ လိုချင်တဲ့ ဆေးရောင် သုတ်ပေးရမှာပဲဖြစ်ပါတယ်။ ခေတ်ဟောင်း Vintage စတိုင်လ်လေး လိုချင်ရင်တော့ ပုံထဲက အရောင်အတိုင်း ရွေးချယ်ကာ သုတ်နိုင်ပါတယ်။
လက်ရန်းဘောင်ရဲ့ အရောင်နဲ့ ထိုင်ခုံရဲ့ အရောင်ကို အတူတူ ထားလည်း ရသလို အခုလို သပ်သပ် တစ်ရောင်စီ ခွဲထွက်အောင်လည်း ဖန်တီးနိုင်ပါသေးတယ်။
ကွီးတို့ နှစ်သက်ရာကို ရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။
နောက်ဆုံးမှာတော့ အခုလိုမျိုး နှစ်လိုဖွယ်ကောင်းတဲ့ ခုံတစ်လုံး ရရှိသွားပါလိမ့်မယ်။
ကွီးတို့ရော သင်္ကြန်ပိတ်ရက်လေးမှာ ဘာအစီအစဥ်တွေ ရှိပါသလဲ။
Source: Instructables
Featured Image: Freepik