DIY စိတ်ဝင်စားတဲ့ ကွီးတို့ကတော့ သစ်သား Pallet တွေနဲ့ အသုံးဝင်တဲ့ အမိုက်စား ပစ္စည်းတွေ အများကြီး ဖန်တီးလို့ ရပါတယ်။ အကယ်၍ Pallet တွေ မရှိရင်တောင် အသုံးမပြုဖြစ်တော့တဲ့ သစ်သားအဟောင်းတွေကို အသုံးပြုပြီး အသစ်တဖန် ပြန်လည်ဖန်တီးလို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့  Pallet တွေ ၊ သစ်သားအဟောင်းတွေနဲ့ ဖန်တီးနိုင်မယ့် အမိုက်စား DIY Projects အိုင်ဒီယာလေးတွေကို မျှဝေပေးပါမယ်။

(၁) သစ်သားစင်

diy ladder shelf
Photo : Reprolabs

ဒါလေးကတော့ ဧည့်ခန်းမှာပဲ ထားထား ၊ ကိုယ့်အခန်းထဲမှာပဲ ထားထား အဆင်ပြေတဲ့ သစ်သားစင် လေးပါ။ စာအုပ်တွေပဲ တင်တင် ၊ Indoor Plants အလှပန်းအိုးလေးတွေ တင်တင် ကွီးတို့ စိတ်ကြိုက် အိမ်တွင်း ပစ္စည်းတွေ အလှဆင်ပြသထားလို့ ရပါတယ်။

(၂) နံရံကပ် စာအုပ်စင်

wall bookshelf
Photo : Dengarden

စာအုပ်ချစ်သူတွေကတော့ သစ်သား Pallet တွေနဲ့ အမိုက်စား နံရံကပ် စာအုပ်စင်လေး တစ်ခု ဖန်တီးလို့ ရပါသေးတယ်။ အနှစ်သက်ဆုံး စာအုပ်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထားနိုင်သလို နံရံကပ်ဒီဇိုင်း ဖြစ်တဲ့အတွက် နေရာလည်း သီးသန့်မယူပဲ သပ်သပ်ရပ်ရပ် အိမ်တွင်းမှာ အလှဆင်ထားနိုင်မှာ ဖြစ်ပါတယ်။

(၃) စာကလေးအိမ်

Butterfly House
Photo : Hallmark Channel

စာကလေးတွေ ၊ လိပ်ပြာနဲ့ ငှက်လေးတွေအတွက် ချစ်စရာကောင်းတဲ့ အိမ်လေးတစ်လုံး ကွီးတို့ ကိုယ်တိုင် ဖန်တီးပေးလို့ ရပါတယ်။ ငှက်လေးတွေ ခိုနားဖို့အတွက် အိမ်လေးဆောက်ပေးဖို့ သစ်သားအပိုင်းအစ နည်းနည်းပဲ ရှိရင် အဆင်ပြေပါတယ်။ ငှက်အိမ်လေး ဆောက်ပြီးရင်တော့ ကွီးတို့ စိတ်ကြိုက် ဆေးရောင်စုံလေးတွေ ခြယ်သအလှဆင် နိုင်ပါတယ်။

(၄) လမ်းညွှန်ဆိုင်းဘုတ်

Direction Sign
Photo : DoBytuDesign

အိမ်သုံး ၊ ဆိုင်သုံး စိတ်ကြိုက်အသုံးပြုနိုင်မယ့် အမိုက်စား လမ်းညွှန်ဆိုင်းဘုတ်လေးကိုလည်း သစ်သားတွေ သုံးပြီး ဖန်တီးနိုင်ပါတယ်။ ထွေထွေထူးထူး ဘာမှအများကြီး ပြင်ဆင်စရာမလိုပါဘူး။ သစ်သားရိုးတံ အလည်တိုင်ပေါ်မှာ လမ်းညွှန်းဆိုင်းရေးထားတဲ့ သစ်သားပြားလေးတွေ ကပ်ရိုက်လိုက်ရုံပါပဲ။ ဆေးရောင်ကတော့ ကွီးတို့စိတ်ကြိုက် အလှဆင် ခြယ်နိုင်ပါတယ်။

(၅) အိပ်ရာစင်

Pallet Bed
Photo : Reddit

Bedroom ကို ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးရှင်းရှင်း Minimalist ဆန်ဆန်ပဲ ကြိုက်တယ်ဆိုရင်တော့ သစ်သား အိပ်ရာစင်လေးက လုံးဝကွက်တိ ဖြစ်စေမှာပါ။ အပေါ်ကနေ မွေ့ရာပဲ ခင်းအိပ်အိပ် ၊ ခပ်ပါးပါး အိပ်ရာခင်းပဲ ထပ်ခင်းအိပ်အိပ် အဆင်ပြေပါတယ်။

Source : Farm Life DIY

Featured Photo : Engineering Discoveries