စမတ်ဖုန်း ဆိုရင် တချို့က Display ဆိုဒ်ခပ်ကြီးကြီးနဲ့ ဟဲဗီးဖြစ်တဲ့ ဖုန်းတွေကို ကြိုက်ကြသလို တချို့ကလည်း လက်တစ်ဖက်တည်းနဲ့ အသုံးပြုနိုင်မယ့် သေးသေးကျစ်ကျစ် One Handed ဆိုဒ် ဖုန်းတွေကို နှစ်သက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သေးသေးကျစ်ကျစ် နဲ့ Compact ဖြစ်တဲ့ စမတ်ဖုန်းတွေကို ကြိုက်ကြတဲ့ ဖုန်းချစ်သူတွေအတွက် ဒီနှစ်ထဲမှာ ရွေးချယ်သင့်တဲ့ အမိုက်စား ဖုန်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) Samsung Galaxy S24

Samsung Galaxy S24

Photo : Beebom

Samsung Galaxy S24 ရဲ့ Display ဆိုဒ်က ၆.၂ လက်မ ရှိတာဆိုတော့ အရမ်းသေးတဲ့ ဖုန်းတစ်လုံးလို့ မထင်ရပေမယ့်လည်း ဖုန်းရဲ့အလျားက ၅.၇၉ လက်မသာ ရှိတာကြောင့် ဒီဖုန်းလေးက Compact ဖြစ်ဖြစ် ၊ သေးသေးကျစ်ကျစ် ရှိတဲ့ ဖုန်းတစ်လုံးပါ။ Samsung Galaxy S24 မှာ Snapdragon 8 Gen 3 Chipset အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းလည်း မဆိုးလှသလို 25W (Wired) နဲ့ 15W (Wireless) အားသွင်းစနစ်တွေ ထောက်ပံ့ပေးထားတဲ့ 4,000 mAh ဘက်ထရီ တပ်ဆင်ပေး ထားပါတယ်။

(၂) Google Pixel 8

Google Pixel 8

Photo : Beebom

Flagship မော်ဒယ်တွေထဲက သေးသေးကျစ်ကျစ် နဲ့ စွမ်းဆောင်ရည် အမိုက်စား လိုချင်တယ်ဆိုရင်တော့ Google Pixel 8 က စဉ်းစားစရာပါ။ Display ဆိုဒ် ၆.၂ လက်မ ရှိပြီး ဖုန်းရဲ့ အလျားကတော့ ၅.၉၃ လက်မသာ ရှိတဲ့အတွက် ဈေးကွက်ထဲက အခြား Devices တွေနဲ့ ယှဉ်ရင် တော်တော်လေး ကျစ်ကျစ်လစ်လစ် ရှိတယ်လို့ ပြောလို့ ရပါတယ်။ Google Pixel 8 မှာ Google Tensor G3 Chipset အသုံးပြုထားပြီး အမိုက်စား ကင်မရာတွေလည်း ထည့်ပေးထားပါတယ်။

(၃) ASUS Zenfone 10

ASUS Zenfone 10

Photo : Beebom

ASUS ရဲ့ Zenfone စီးရီး စမတ်ဖုန်းတွေက အရွယ်အစား သေးသေးကျစ်ကျစ် နဲ့ တော်တော်လေး Compact ဖြစ်တဲ့ ဖုန်းတွေဆိုပြီး ဈေးကွက်ထဲမှာ လူကြိုက်များ နာမည်ကြီး ပြီးသားပါ။ Zenfone စီးရီးထဲကမှ ASUS Zenfone 10 ကတော့ ၅.၉ လက်မ Display ဆိုဒ်နဲ့ အလေးချိန် ၁၇၂ ဂရမ်သာ ရှိတဲ့ အမိုက်စား ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ASUS Zenfone 10 မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 30W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4,300 mAh ဘက်ထရီ ပါပါတယ်။ ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းမှာ မိမိုက်နေတဲ့အပြင် ခပ်မိုက်မိုက် ကင်မရာတွေလည်း တပ်ဆင်ပေးထားပါတယ်။

(၄) Xiaomi 14

Xiaomi 14

Photo : Beebom

Xiaomi ထဲကဆိုရင် Display ဆိုဒ် ၆.၃၆ လက်မ ၊ ဖုန်းအလျား ၆.၀၁ လက်မ ရှိတဲ့ Xiaomi 14 ကို ရွေးချယ်နိုင်ပါတယ်။ Xiaomi 14 က အမြင်အရတော့ အရမ်းကြီး သေးနေတဲ့ ဖုန်းတွေထဲမှာ မပါပေမယ့် အလျား ၆.၀၁ လက်မ အရွယ်အစားဟာ ဈေးကွက်ထဲက အခြားဖုန်းတွေနဲ့ ယှဉ်ရင်တော့ ကျစ်ကျစ်လစ်လစ်နဲ့ အထာကျနေမှာ အမှန်ပါ။ Xiaomi 14 မှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး UFS 4.0 Storage ၊ 50MP ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားမှု ၊ 3,000 Nits Peak Brightness ထောက်ပံ့ပေးထားတဲ့ LTPO OLED Panel ၊ 90W (Wired) နဲ့ 50W (Wireless) အားသွင်းစနစ်တွေ ထောက်ပံ့ပေးထားတဲ့ 4,610 mAh ဘက်ထရီနဲ့ ဖုန်းရဲ့ Box က အစ Flagship ဆန်တဲ့ ခံစားမှုကို အပြည့်အဝပေးစွမ်းထားတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

(၅) Samsung Galaxy Z Flip 5

Samsung Galaxy Z Flip 5
Photo : Beebom

Foldable ဖုန်းတွေထဲက ဆိုရင်တော့ Samsung Galaxy Z Flip 5 ရှိပါတယ်။ Galaxy Z Flip 5 က Display ဆိုဒ် ၆.၇ လက်မနဲ့ ဖုန်းအလျား ၆.၅ လက်မ ရှိပါတယ်။ ခေါက်ထားချိန်မှာ ၃.၃ လက်မပဲ ရှိတဲ့အတွက် တော်တော်လေး သေးသေးကျစ်ကျစ် နဲ့ အိတ်ကပ်ထဲ အလွယ်တကူ ပေါ့ပေါ့ပါးပါး ထည့်သယ်သွားလို့ ရပါတယ်။ Galaxy Z Flip 5 မှာ Snapdragon 8 Gen 2 SoC ၊ UFS 4.0 Storage ၊ 3,700 mAh ဘက်ထရီနဲ့ Dual 12 MP Rear ကင်မရာတွေ ပါဝင်ပါတယ်။

Source : Beebom

Featured Photo : Trusted Reviews