Workout မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းသည် မဖြစ်မနေ ပြုလုပ်ရပါတယ်။ သွေးပူ လေ့ကျင့်ခန်း မလုပ်ဘဲ လေ့ကျင့်ခန်း တန်းလုပ်မိရင် မှားသွား ပါလိမ့်မယ်။ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ထားမယ်ဆိုရင် နှလုံးခုန်နှုန်းကို တဖြည်းဖြည်းချင်းစီး တိုးလာစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်လာစေကာ ကြွက်သားများဆီသို့ အောက်စီဂျင် ရောက်ရှိသွားအောင် ကူညီပေးပါတယ်။

သွေးပူ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ကြွက်သားနဲ့ အာရုံကြောအကြား ချိတ်ဆက်မှုကို ဖန်တီးပေးပြီး လေ့ကျင့်ခန်း ပြုလုပ်ရတာ ပိုမိုထိရောက်မှုရှိကာ လှုပ်ရှားရတာလည်း ပိုမိုမြန်ဆန်လာပါတယ်။

ကွီးတို့အနေနဲ့ Workout မလုပ်ဘဲ သွေးပူ လေ့ကျင့်ခန်း တန်းလုပ်မိတဲ့အခါ အာရုံကြောနဲ့ ကြွက်သားတို့ ချိတ်ဆက်မှု မရှိတော့ဘဲ လေ့ကျင့်ခန်း ပြုုလပ်ရမှာလည်း ထိရောက်မှုမရှိတော့ဘဲ နည်းစနစ် မှားသွား တတ်ပါတယ်။ ဒီလိုအဖြစ်မှ ရှောင်ကြဥ်ဖို့အတွက် သွေးပူလေ့ကျင့်ခန်းကို ၅ မိနစ်မှ ၁၀ မိနစ်စာခန့် ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

သွေးပူ မှားသွား

ပထမလေ့ကျင့်ခန်းကတော့ မတ်တပ်ရပ်နေကာ ဒူးနှစ်ဖက်ကို ညာဘက် ဒူးမြှောက်လိုက် ဘယ်ဘက်ဒူးမြှောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

သွေးပူ မှားသွား

ဒူးနှစ်ဖက်ကို အကျယ်ကြီး ချဲထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းချလိုက်ကာ လက်နှစ်ဖက်ကို ဘယ်ခြေနဲ့ ထိလိုက်၊ ညာခြေနဲ့ ထိလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

သွေးပူ မှားသွား

စောစောကလိုပဲ ခြေထောက်နှစ်ဖက် ကားထားပါ။ လက်နှစ်ဖက်ဖြင့် ခါးထောက်ထားပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းက ဘယ်ဘက်သို့ ယိမ်းလိုက်၊ ညာဘက်သို့ ယိမ်းလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း​(၄)

လေ့ကျင့်ခန်း​(၄)

အရင်ဦးဆုံး မတ်တပ်အနေအထားဖြင့် အသင့်ပြင်ပါ။ ထို့နောက် ဘယ်ဒူးက အရှေ့သို့ ဆန့်ထုတ်ကာ ညာခြေက အနောက်သို့ ပစ်ပါ။ ထို့အနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် နေပါ။ ထို့နောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် နေပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

အရင်ဦးဆုံး မတ်တပ်အနေအထားဖြင့် အသင့်ပြင်ပါ။ ဘယ်ခြေဖနောင့်ကို ဘယ်ဘက်တင်ပါးကို ပူးကပ်လိုက်ပါ။ စက္ကန့် အနည်းငယ်ကြာအောင် ပြုလုပ်ပါ။ ထို့နောက် ညာခြေဖနောင့်နှင့် ညာတင်ပါးကို ထိကပ်လိုက်ပါ။ ထို့အနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် နေပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို ၁ မိနစ်စီ ပြုလုပ်ပေးတယ်ဆိုရင်တော့ ၅ မိနစ်စီ ပြည့်သွားမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ Workout တန်းလုပ်နေတုန်းလား။ ဒါဆိုရင်တော့ နည်းလမ်း မှားယွင်းနေတာမို့ အခုချက်ချင်းပဲ ပြင်သင့်ပါတယ်။

Featured Image: Freepik