ဟောလိုးဝင်းပါတီနှင့် လိုက်ဖက်တဲ့ Martini တစ်ခွက်ဖျော်သောက်ဖို့ အစီအစဥ်ဆွဲနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် သွေးရောင်လွှမ်း တဲ့ Martini ဖျော်စပ်နည်းကို လေ့လာကြည့်လိုက်ပါ။ ဖျော်စပ်နည်းက လွယ်ကူရိုးရှင်းပြီး ပါဝင်ပစ္စည်းများကလည်း အလွယ်တကူဝယ်ယူနိုင်တာကြောင့် အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

သွေးရောင်လွှမ်း Martini

  • Raspberry Liqueur စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • အလှဆင်ရန်အတွက် သကြားနီအနည်းငယ်
  • ဗော့ကာ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • စပါကလင် ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း

အစရှိသည်တို့ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်ပါ။

သကြားနီကတော့ အဆင်သင့်မရှိတဲ့အခါ ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်ပါတယ်။ (သကြားနီပြုလုပ်နည်းကို နောက်ဆုံးတွင် လေ့လာနိုင်ပါတယ်။)

သွေးရောင်လွှမ်း Martini

၂။ အရင်ဦးဆုံး ကော့တေးဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ရက်စ်ဘယ်ရီဖျော်ရည် အနည်းငယ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် နှုတ်ခမ်းဝကို သကြားနီဖြင့် ကပ်ပေးလိုက်ပါ။

၃။ ထို့နောက် ဖန်ခွက်ထဲသို့ ဗော့ကာထည့်ပါ။ ကျန်ရှိနေတဲ့ ရက်စ်ဘယ်ရီဖျော်ရည်ကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် စပါကလင်ဝိုင်ထည့်ပါ။

သွေးရောင်လွှမ်း Martini

ဒါဆိုရင်တော့ သွေးရောင်လွှမ်း တဲ့ Martini တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး မိမိုက်နေစေချင်တယ်ဆိုရင်တော့ ချယ်ရီသီးများဖြင့်လည်း အလှဆင်ပေးနိုင်ပါသေးတယ်။

vampire kiss

သကြားနီပြုလုပ်နည်းက လွယ်ကူပါတယ်။ သကြားအချော စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကို အနီရောင် အစားအစာဆိုးဆေး အသုံးပြုကာ ရောနှောလိုက်ပါ။ တစ်ညခန့် ထားထားမယ်ဆိုရင်တော့ သူ့ရဲ့အရောင်က လှပတဲ့ အနီရောင်သကြားအဖြစ် ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ စပါကလင်ဝိုင်ကလည်း မိမိကြိုက်နှစ်သက်တဲ့ အရသာကို ရွေးချယ်နိုင်ပါတယ်။ Sparkling Rosé ဝိုင်ကတော့ ရက်စ်ဘယ်ရီဖျော်ရည်နဲ့ အလိုက်ဖက်ဆုံးဖြစ်တာကြောင့် ပထမဦးစားပေးအနေနဲ့ ရွေးချယ်နိုင်ပါတယ်။

Source: Thespruceeats

Featured Image: Bbcgoodfood