ဘိုင်ယန်မြူးနစ်အသင်းကတော့ အသင်းအတွက် လိုအပ်နေတဲ့ တိုက်စစ်နေရာအတွက် တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ဟာရီကိန်းကို ဒီနွေမှာ အရ ခေါ်ယူသွားဖွယ် ရှိနေပြီး နောက်ထပ် ကမ်းလှမ်းမှုတွေပါ ထပ်မံ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

harry kane

Photo Credit : Bavarian Football Works

ဘိုင်ယန်မြူးနစ်က အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ကိန်းအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့့ကြေး ပေါင် သန်း(၆၀) + အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကိုတော့ စပါးဘက်က ချက်ချင်း ခေါင်းခါသွားခဲ့ပါတယ်။ တကယ်တော့ ကိန်းကို စပါးအသင်းဘက်က လုံးဝ ရောင်းမထုတ်ချင်ပဲ ကိန်းရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့ချိန်မှာတောင် အသင်းမှာ ဆက်ထိန်းထားပြီးမှ စာချုပ်သစ် ချုပ်ဆိုဖို့ကိုသာ ကြိုးပမ်းသွားချင်နေပါတယ်။

kane england

Photo Credit : Football365

ဒါပေမယ့်လည်း ကိန်းအနေနဲ့ကတော့ မကြာခင်မှာပဲ အသက် (၃၀)ပြည့်တော့မယ့်အချိန် အခုထိ ဆုဖလားတွေနဲ့ အလှမ်းဝေးနေရခြင်းကို စိတ်ပျက်လျက် ရှိနေတာကြောင့် စပါးထက် ပိုပြီး ကြီးမားတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ ကစားလိုနေပါတယ်။ လက်ရှိမှာလည်း ကိန်းက သူ့ကို ခေါ်ယူချင်နေတဲ့ ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် စပါး ဥက္ကဌ လီဗီဘက်က ခေါင်းမာနေသေးပြီး ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ရာ ဘိုင်ယန်ဘက်ကလည်း လက်မလျှော့သေးပဲ သူတို့ရဲ့ ကနဦး ကမ်းလှမ်းမှုကို ထပ်တိုးကာ နောက်တစ်ကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

kane son

Photo Credit : Football365

ဒါကြောင့် ဘိုင်ယန်က ကိန်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၈၀)အထိ တိုးမြှင့်ပြီး သန်း(၈၀) + အပိုဆုကြေး package နဲ့ ထပ်မံ ကမ်းလှမ်းဖို့ ရှိနေကာ ဒါကိုမှ စပါးဘက်က ထပ်မံ ပယ်ချမယ်ဆိုရင်လည်း ကိန်း နဲ့ စပါးအသင်းတို့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ ကိန်းကို ပြောင်းရွှေ့့ကြေး တစ်ပြားတစ်ချပ်မှ မသုံးရပဲ အလွတ်နဲ့သာ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။

Featured Photo : The Real Champs