၂၀၁၈-၂၀၁၉ ဘောလုံးရာသီ မန်ချက်စတာ ယူနိုက်တက်အသင်းကို နည်းပြကြီး ဂျိုးဆေး မော်ရင်ဟို ကိုင်တွယ်နေချိန် ယူနိုက်တက် ကစားသမားဟောင်းကြီး အိုလေ ဂန်နာ ဆိုးလ်ရှားက သူ ကိုင်တွယ်နေတဲ့ နော်ဝေကလပ် မိုလ်ဒီအသင်းရဲ့ တိုက်စစ် ကစားသမားလေး အာလင်း ဟာလန်း ကိုခေါ်ယူပါလားဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဆိုးလ်ရှားရဲ့ အကြံပေးမှုကို လစ်လျူရှုခဲ့ပါတယ်။

molde

Photo Credit : The Busby Bee

ယူနိုက်တက် legend ကြီး ဆိုးလ်ရှားက မိုလ်ဒီအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေစဉ်အတွင်း မိုလ်ဒီမှာ သူရဲ့တပည့်ကျော် ဖြစ်ခဲ့သူ ဟာလန်း နဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အလားအလာ ရှိနိုင်တဲ့ ကစားသမားအဖြစ် သတိထားမိတာကြောင့် ဟာလန်းကို ပေါင် (၄)သန်းနဲ့ ယူနိုက်တက်အသင်းဆီ ရောင်းချသွားဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို ယူနိုက်တက်က ပယ်ချခဲ့ပါတယ်။ အဲ့ဒီတုန်းက ယူနိုက်တက် တိုက်စစ်မှာ လူကာကူ ဆန်းချက်ဇ် ရပ်ရှ်ဖို့ဒ် မာရှယ်တို့ ရှိနေတဲ့အတွက် တိုက်စစ်ပိုင်းကို ထပ်မံ အားဖြည့်ဖို့ စိတ်မဝင်စားခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

haaland solskjaer

Photo Credit : Daily Mail

ဒါပေမယ့် တစ်ချိန်မှာ one of the best striker တစ်ဦး ဖြစ်လာမယ့် ဟာလန်းလို ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် (၄)သန်းတည်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုး ဒီလိုအချိန်မှာ ဘယ်လိုမှ ရနိုင်တော့မှာ မဟုတ်ပဲ ပေါင်သန်း (၄၀၀)လောက်နဲ့ ကမ်းလှမ်းခဲ့ရင်တောင် သူရဲ့ လက်ရှိကလပ် မန်စီးတီးက ထွက်ခွာဖို့ဆိုတာ မသေချာတော့ပါဘူး။ ဆိုးလ်ရှားကတော့ “ကျွန်တော် ယူနိုက်တက်အသင်းကို မကိုင်တွယ်ခင် (၆)လ အလိုလောက်ကတည်းက ကျွန်တော်တို့မှာ ဒီတိုက်စစ်ကစားသမားလေးကို ရရှိထားတယ်ဆိုပြီး ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် သူတို့က နားမထောင်ခဲ့ပါဘူး။ ကျွန်တော် ဟာလန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် (၄)သန်း တောင်းဆိုခဲ့ပေမယ့် သူတို့က ခေါ်ယူမှု မပြုခဲ့ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

Haaland

Photo Credit : TEAMtalk

အခုဆိုရင် မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ကစားသမားအဖြစ် ပွဲဦးထွက် ဘောလုံးရာသီကို လှလှပပ ဖြတ်သန်းနေတဲ့ ဟာလန်း ဟာ ပရီးမီးယားလိဂ်မှာ ဘယ် ဘောလုံးသမားမှ မရယူနိုင်ဖူးတဲ့ သွင်းဂိုး (၃၅)ဂိုးကို သွင်းယူထားနိုင်ခဲ့သလို FWA Men’s Footballer of the Year 2023 ဆုကိုလည်း ဘယ်ကစားသမားမှ မရရှိဖူးတဲ့ voting % မျိုးနဲ့ ရရှိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Featured Photo : The Sun