အကောင်းမြင်စိတ် ရှိတဲ့ အကောင်းမြင်သမားတွေမှာ တခြားသူတွေနဲ့ မတူကွဲပြားတဲ့ လက္ခဏာတွေ ရှိပါတယ်။ အကောင်းမြင်သမား တော်တော်များများက ဘဝကို ကျေနပ်စရာအဖြစ် မြင်တက်ကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် ဘဝတစ်ခုကို လျှောက်လမ်းနေကြသူတွေပါ။ ဒီတစ်ခေါက်မှာတော့ အကောင်းမြင်သမား တစ်ယောက်မှာ ဘယ်လိုစရိုက် လက္ခဏာ တွေရှိတက်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို တည်ဆောက်နိုင်တယ်
Photo : Lifehack
အကောင်းမြင်သမားတွေဟာ ကိုယ့်ကိုယ်ကို ခွန်အားဖြည့်နိုင်သူတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ဘဝမှာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် နေတက်ကြတာကလည်း အကောင်းသမား တွေမှာတွေ့ရတဲ့ လက္ခဏာတစ်ခုပါပဲ။ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်တယ်။ စိတ်ဓာတ်ကျခဲ့ရင်တောင် ကိုယ်ကိုယ်ကို အကောင်းဆုံး ပြန်လည် တည်ဆောက်နိုင်ကြပါတယ်။
(၂) အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းတယ်
Photo : Unsplash
အကောင်းမြင်သမား တွေကို ကြည့်လိုက်ရင် သူတို့လိုပဲ ပုံစံတူ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ပဲ ပေါင်းသင်းတာ များပါတယ်။ ဘဝကို အဆိုးမြင်စိတ်နဲ့ ဘုဘောက်ကျကျနေတက်သူတွေနဲ့ သိပ်ပြီး မပေါင်းပါဘူး။ အကောင်းမြင်တက်ပြီး ဘဝကို စမတ်ကျကျ ဖြတ်သန်းနေသူတွေနဲ့ ဝန်းရံထားတဲ့ ပတ်ဝန်းကျင်မှာပဲ ကျင်လည်ကြတာ ဖြစ်ပါတယ်။
(၃) ဘဝကို ပျော်အောင်နေတတ်ကြတယ်
Photo : Best Life
လူတိုင်းလူတိုင်းမှာတော့ စိတ်ညစ်ရာဆိုတာ အနည်းနဲ့အများ ရှိကြတာပါပဲ။ အကောင်းမြင်သမား ကတော့ စိတ်ညစ်ဘဝကို ကျေနပ်စွာနေတက်ကြပြီး ပျော်ရွှင်စွာနဲ့ပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြပါတယ်။ အချိန်တိုင်း ပျော်ပျော်ပဲနေကြသလို အဆိုးဆုံး အခြေအနေတွေကိုတောင်မှ အပြုံးမပျက် ဖြတ်သန်းလေ့ရှိသူတွေ ဖြစ်ပါတယ်။
(၃) ကျေးဇူးတရားကို နားလည်တယ်
Photo : Times of India
အကောင်းမြင်သမားတွေဟာ ကျေးဇူးတရားကို ကောင်းကောင်းနားလည်ပြီး ကျေးဇူးတင်စိတ်ကို မွေးမြူထားကြသူတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်ခြင်းကို အခါအားလျော်စွာ နှုတ်အား / ကိုယ်ဟန်အမူအရာအားဖြင့် ဖော်ပြဖို့ ဝန်မလေးကြသူတွေလည်း ဖြစ်ပါတယ်။
Featured Photo : iStock