ခေတ်တွေက တစ်နှစ်ပြီးတစ်နှစ် ပိုကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေ လုပ်လာတဲ့အခါ ခေတ်ဆိုးကြီးကို ကျော်လွှားဖို့ ကိုယ်ခံအားကောင်းကောင်း လိုအပ်လာပြီ ဖြစ်ပါတယ်။ အခုလို ခက်ခဲပြီး အကြပ်အတည်း ဆိုက်တဲ့နှစ်တွေနဲ့ ကြုံချိန်မှာ အကောင်းဆုံး ကျော်လွှားဖို့ အခုပြောမယ့် အချက်လေးတွေတော့ ဖြည့်ထားဖို့ လိုမှာပါ။

(၁) စံတွေ မြင့်မြင့်ထား ၊ ကိုယ့်တန်ဖိုးကိုယ်မြှင့်

Arrow

Photo : Pexels

စိန်ခေါ်မှုတွေကို ထိထိရောက်ရောက် ရင်ဆိုင်ဖို့ဆို သမရိုးကျ ဆက်သွားလို့ မရတော့ပါဘူး။ ကိုယ့်ရဲ့ စံချိန်စံညွှန်းတွေ ပြန်သုံးသပ်ဖို့ လိုလာပြီ ဖြစ်ပါတယ်။ Standard ကို မြှင့်တယ်ဆိုတာ ကိုယ့်ဘဝထဲ ဝင်ခွင့်ပြုထားတဲ့ အရာတွေပေါ် အဓိပ္ပါယ်ရှိတဲ့ ဘောင်တွေ သတ်မှတ်လိုက်တာပါပဲ။ ဒီကာလမှာ စိတ်ရောကိုယ်ပါ အံမဝင်တော့တဲ့ အရာတွေကို ငြင်းဆိုဖို့ သိပ်လိုအပ်လာပြီ ဖြစ်ပါတယ်။

(၂) လေဖမ်း ဒန်းစီးတဲ့အလုပ်တွေ ရပ်

Hands

Photo : Pexels

ထီပေါက်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးက တကယ်ကို ခေတ်နောက်ကျသွားပါပြီ။ ထီထိုးရင် ထီပေါက်မှာပဲဆိုတဲ့ ယုံကြည်မှုမျိုးကို လျှော့ပါ။ ထီထိုးတာ ထီလက်မှတ်ပဲ ရမယ်ဆိုတဲ့ လက်တွေ့အမြင်ဘက်ကို ပြောင်းပါ။ မရေရာတဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်ဖို့ လိုပါတယ်။

(၃) သေးသေးလေးက စ ၊ ရေရှည်သွားနိုင်အောင် လှမ်း

Climb

Photo : Pexels

ခက်ခဲနေတဲ့အချိန်မှာ တစ်ကိုယ်စာ ကိုယ်တကယ် တတ်နိုင်တာလေးတွေကို စပြီး လုပ်သွားပါလို့ အကြံပေးချင်ပါတယ်။ ခိုင်မြဲတဲ့ ခြေလှမ်းတွေနဲ့ ပုံမှန်လှမ်းနေပါ။ ဘဝက ရုပ်ရှင်မဟုတ်ပါဘူး။ မကြည့်ချင်တဲ့အခန်းကို ကျော်လို့ရတဲ့ ခလုတ်မပါသလို ကြည့်ချင်တာပဲ ပြန်ကြည့်ချင်တဲ့ နောက်ရစ်ခလုတ်လည်း တပ်မထားဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။

မအောင်မြင်ချိန်မှာ သည်းခံဖို့ အရေးကြီးပါတယ်။ ကြံ့ကြံ့ခိုင်နိုင်ဖို့နဲ့ လမ်းကို စဉ်ဆက်မပြတ် ရှာဖွေနေဖို့က ပိုအရေးကြီးပါတယ်။ ဘဝကို အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက်ထားပါ။ စိတ်ဓါတ်မှန်ကန်ပြီး ရေရှည်ဇွဲနဲ့ ခြေလှမ်းမြဲသူတွေဟာ အထက်ရောက်သွားမှာ ဖြစ်ပါတယ်။

Featured Photo : Entrepreneur