Biceps ကြွက်သားတွေ ကိတ်ထနေတဲ့ လက်မောင်းကြီးဟာ ယောကျာ်းတစ်ယောက် အတွက်တော့ အထင်ကြီးစရာပါ။ ဒါပေမယ့် လက်မောင်းတွေပဲ အားစိုက်ကစားနေလို့တော့ မရပါဘူး။ ကျစ်လစ်သန်မာပြီး အကြောတွေ အပြိုင်းပြိုင်းထနေတဲ့ အမိုက်စား လက်တွေ ပိုင်ဆိုင်ထားခြင်းက ယောကျာ်းပီသမှုရဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီအတွက် Grip နဲ့ Forearm ကြွက်သားတွေကို လေ့ကျင့်ကစားပေးဖို့ လိုပါတယ်။ ကွီးတို့ ရဲ့ လက်ဖျံနဲ့ လက်ကောက်ဝတ် မာဆယ် အစိတ်အပိုင်းတွေကို ကစားပေးတာဟာ လက်တွေရဲ့ ဆုပ်ကိုင်အားကို ကောင်းစေပြီး သွေးကြောတွေ ထနေတဲ့ အမိုက်စား လက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ဖျံနဲ့ လက်ကောက်ဝတ် ကြွက်သားတွေရဲ့ Strengthen ကို တိုးစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း အချို့ကို မျှဝေပေးပါမယ်။

(၁) Farmers Walk

Source : PureGym

Farmers Walk လေ့ကျင့်ခန်းက လွယ်ကူရိုးရှင်းပါတယ်။ ကွီးတို့ Kettlebells သို့မဟုတ် Dumbbells တစ်စုံရှိရင်နဲ့ ကစားလို့ အဆင်ပြေပါတယ်။ Kettlebells သို့မဟုတ် Dumbbells တစ်စုံကို လက်တစ်ဖက် တစ်ချက်စီမှာ ဆုပ်ကိုင်ထားပြီး လမ်းလျှောက်ရမှာပါ။ ဒီလေ့ကျင့်ခန်းက လက်ဖျံနဲ့ လက်ကောက်ဝတ် သန်မာမှုကို တိုးစေသလို Back ၊ Shoulders ၊ Core ၊ Legs နဲ့ Glutes မာဆယ်အစိတ်အပိုင်းတွေကိုပါ ကျစ်လစ်လာစေမှာ ဖြစ်ပါတယ်။

(၂) Wrist Curls

Source : PureGym

Wrist Curls ကတော့ လက်ကောက်ဝတ်နဲ့ လက်ဖျံ ကြွက်သားတွေကို အားကောင်းစေမယ့် သီးခြား လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ကစားဖို့ Dumbbells အသေးတစ်စုံပဲ လိုပါတယ်။ အဓိကအားဖြင့် Wrist Extensors နဲ့ Wrist Flexors ကြွက်သားတွေကို သန်မာစေပြီး သွေးကြောတွေ အပြိုင်းပြိုင်းထ ကျစ်လစ်သန်မာတဲ့ လက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၃) Plate Pinch

Source : PureGym

လက်တွေရဲ့ ဆုပ်ကိုင်အားကို ပိုမိုကောင်းမွန်စေဖို့နဲ့ လက်ကောက်ဝတ် / လက်ဖျံကြွက်သားတွေကို သန်မာစေမယ့် အရိုးရှင်းဆုံး လေ့ကျင့်ခန်းကတော့ Plate Pinch ပါ။ ဒီလေ့ကျင့်ခန်းက အလေးပြား ဒါမှမဟုတ် ဝိတ်ပါတဲ့ ပစ္စည်းတစ်ခုရှိရုံနဲ့ ကွီးတို့ ကစားနိုင်ပါတယ်။ လက်ဖျံနဲ့ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေရဲ့ သန်မာမှုကို တိုးစေပြီး Deadlifts ကဲ့သို့ ကြွက်သားကျစ်လစ်မှုအတွက် အကျိုးများတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၄) Wrist Extensions

Source : PureGym

Wrist Extensions ကတော့ Wrist Curls လေ့ကျင့်ခန်းနဲ့ ပြောင်းပြန်အနေအထား ကစားရမှာပါ။ ဒီလေ့ကျင့်ခန်းက ကွီးတို့ ရဲ့ လက်ဖျံကြွက်သားတွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားသက်ရောက်မှုရှိစေပြီး Forearms ကြွက်သားတွေရဲ့ Strength နဲ့ Endurance ကို တိုးစေဖို့ ကူညီပေးပါတယ်။

Source : PureGym

Featured Photo : CrazyBulk