အောင်မြင်မှု ပန်းတိုင်သည် ဘယ်တော့မှ လွယ်လွယ်နဲ့ရရှိတဲ့အရာမဟုတ်ပါဘူး။ အခက်အခဲ များ အတားအဆီး များနှင့် ပြည့်နှက်နေပြီး အလွယ်တကူ အရှုံး မပေးဘဲ ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုကို ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။

တခါတရံမှာ ကြိုးစားရတာ အလွန်အမင်းပင်ပန်းလာတဲ့အခါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အတားအဆီး များကို အလွယ်တကူပဲ လက်မြှောက် အရှုံး ပေးလိုက်ချင်ကြပါတယ်။ စိတ်ပျက်အားငယ်လာပြီး ကြိုးစားသမျှက အရာမထင်ပါလားလို့ သိမ်ငယ်စိတ် ဝင်လာတဲ့အခါ အကုန်လုံးကို ရေစုန်မြောကာ ဖြစ်ချင်တာဖြစ်ဆိုပြီး မျက်နှာလွှဲပစ်လိုက်ပါလိမ့်မယ်။

တကယ်လို့ သင့်အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အတားအဆီး များကို လက်မြှောက် အရှုံး ပေးချင်စိတ် ပေါ်လာတဲ့အခါ ဒီအချက်များကိုသာ သတိရလိုက်ပါ။ ဒီအချက်တွေက သင့်ကို ပိုပြီးသန်မာလာအောင် ကူညီပေးပါလိမ့်မယ်။

ဘာ့ကြောင့် အစပြုခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ

အခက်အခဲ အတားအဆီး အရှုံး

သင့်အနေနဲ့ လက်မြှောက်အရှုံးပေးချင်လာတဲ့အခါ ဘာ့ကြောင့် အစပြုခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ။ သင်သည် ပထမဦးဆုံးခြေလှမ်းကို လျှောက်လှမ်းခဲ့စဉ်တုန်းက သင်သည် စိတ်ဓာတ်တက်ကြွမှုကို ခံစားနေရပါလိမ့်မယ်။ သင့်ကိုယ်သင်လည်း ငါ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်ရှိနေပြီး အောင်မြင်မှုသည် သင့်ရဲ့လက်တစ်ကမ်းအလိုမှာပဲလို့ ခံစားရပါလိမ့်မယ်။

သို့သော် အချိန်တွေ တဖြည်းဖြည်းကြာလာသည်နှင့် တစ်ပြိုင်နက် အောင်မြင်မှုဆီသို့ မရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာကာ ယုံကြည်မှုလည်း ကျဆင်းလာပါလိမ့်မယ်။ ထိုကဲ့သို့ ခံစားလာရတဲ့အခါ သင့်ရဲ့ ပထမဦးဆုံး ခြေလှမ်းကိုသာ ပြန်အမှတ်ရလိုက်ပါ။ အမှတ်တရများကို ပြန်တူးဆွရင်း သင့်ရဲ့ ယုံကြည်မှုကို ပြန်လည်မြှင့်တင်လိုက်ပါ။

တစ်ခါ အောင်မြင်ဖို့ရန်အတွက် ကျရှုံးမှုများက သင့်ကို ပါရမီဖြည့်ပေးပါလိမ့်မယ်

အခက်အခဲ အတားအဆီး အရှုံး

Photo: Thebeckert3group

Orville Wright နှင့် Wilbur Wright ဆိုတဲ့ညီနောင်နှစ်ယောက်ကို ကြားဖူးပါလိမ့်မယ်။ Orville Wright က ငှက်တွေသည် ကောင်းကင်ပေါ်မှာ အချိန်အကြာကြီး လေဟုန်စီးနိုင်တယ်ဆိုရင် လူသားတွေရော ဘာလို့ မစီးနိုင်ရမှာလဲ ဆိုပြီး သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့ပါတယ်။

လေယာဉ်ပျံဆိုတဲ့ အရာကြီး မဖြစ်ခင်မှာ Wright ညီနောင်နှစ်ဦးသည် မအောင်မြင်တဲ့ စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့သည် ထိုအရာကို အရှုံးလို့ မသတ်မှတ်ခဲ့ကြပါဘူး။ အောင်မြင်မှုဆီသို့ ရောက်ရှိလာအောင်၊ သူတို့ကို တိုးတက်လာအောင် ကူညီပေးမယ့် သင်ခန်းစာများ၊ လှေကားထစ်များလို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။

တကယ်လို့ Wright ညီနောင်သာ သူတို့ရဲ့ အခက်အခဲ အတားအဆီး များကို လက်မြောက် အရှုံး ပေးလိုက်မယ်ဆိုရင်တော့ ယနေ့ခေတ်မှာ လူသားများ စီးနင်းနေကြတဲ့ လေယာဉ်ပျံ ဆိုတာလည်း ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။

သင့်ရဲ့အတိတ်က သင့်အနာဂတ်ကို မဆုံးဖြတ်ပေးနိုင်ပါဘူး

man success

အောင်မြင်ဖို့ရန်အတွက်ဆိုရင် သင့်ရဲ့အောင်မြင်လိုစိတ်သည် ကျရှုံးမှုကို ကြောက်ရွံ့နေတဲ့စိတ်ထက် ပိုမိုကြီးမားဖို့လိုအပ်တယ် လို့ Bill Cosby က ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ အောင်မြင်နေတဲ့အရာများ အားလုံးသည် တစ်ချိန်က အကြီးကျယ်ဆုံးသော ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင်ရစမြဲပါပဲ။ ယနေ့အချိန်မှာ အောင်မြင်နေတဲ့ စာရေးဆရာများသည်လည်း တချိန်က စာရေးဆရာဖြစ်ချင်တဲ့ အိပ်မက်များရှိခဲ့သလိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်လည်း ဖြစ်ခဲ့ကြပါတယ်။

ယနေ့မှာ အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်များ၊ စွန့်ဦးစီးပွားရေးသမားများသည်လည်း သူတို့ရဲ့ ပထမခြေလှမ်းတုန်းက ဘာမှမရှိတဲ့ သုညနဲ့ အစပြုခဲ့ရတာပါ။

ကျရှုံးမှု သင်ခန်းစာတိုင်းက သူတို့ကို ယခုလို အောင်မြင်လာအောင်ပဲ ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခက်အခဲ အတားအဆီး များကို ဘယ်တော့မှ အရှုံး မပေးလိုက်ပါနဲ့။ အောင်မြင်မှုက သင့်ရဲ့ လက်တစ်ကမ်းအလိုမှာရှိပါတယ်။

သင့်ရဲ့အရည်အချင်းကို ယုံကြည်ပါ

a confident man

မိမိကိုယ်ကိုယ် ယုံကြည်ခြင်းသည် အက္ခရာအကျဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်ပြီး သံသယရှိနေမယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ဆီသို့ ဘယ်တော့မှ ရောက်ရှိနိုင်မှာမဟုတ်ပါဘူး။ အခြားသူများက သင့်ကို လှောင်ပြောင်ရယ်မောပါကလည်း ဂရုမစိုက်ပါနဲ့။

Wright ညီနောင်တို့ကိုပဲ သာဓကယူကြည့်လိုက်ပါ။ သူတို့သည် ကျရှုံးမှုတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့ခဲ့ရတုန်းက အခြားသူတွေသည် သူတို့ကို လှောင်ပြောင်ရယ်မောခဲ့ကြပြီး ထိုအရာက ဖြစ်နိုင်မှာမဟုတ်ပါဘူးကွာ လုပ်မနေပါနဲ့လို့ ပြောခဲ့ကြပါတယ်။ သူတို့သည် အခြားသူတွေသည် မှားယွင်းနေကြကြောင်း သူတို့သည် လုပ်နိုင်ကြောင်းကို အလုပ်နဲ့ သက်သေပြခဲ့ပါတယ်။

တကယ်လို့ သင့်ရဲ့ပတ်ဝန်းကျင်ကလူတွေသည် သင့်ကို အားပေးရမယ့်အစား လှောင်ပြောင်ရယ်မောခဲ့ကြတယ်ဆိုရင် Wright ညီနောင်ကိုသာ သတိရလိုက်ပါ။

ဒါ့အပြင် အခုဖော်ပြမယ့်အချက်များကို သတိရပေးလိုက်ပါ။

(၁) သင်သည် သန်မာတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။

(၂) သင်သည် အောင်မြင်မှု၊ ပျော်ရွှင်မှုတို့နှင့် ထိုက်တန်တဲ့ လူသားတစ်ယောက်ဖြစ်တာကြောင့် အခက်အခဲ အတားအဆီ များကို အလွယ်တကူ အရှုံး မပေးလိုက်ပါနဲ့။

(၃) တစ်ချိန်ချိန်မှာ အောင်မြင်လာတဲ့အခါ သင်သည် အခြားသောသူများအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်ပြီး ခွန်အားတစ်ခုဖြစ်လာပါလိမ့်မယ်။

(၄) မုန်တိုင်းကြီး ပြီးသွားတဲ့အခါ လေပြေလေညှင်းများ လာစမြဲမို့ အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကြီးသည် သင့်အတွက် အောင်မြင်မှုတွေကို ယူဆောင်ပေးလာနိုင်မယ်လို့ ယုံကြည်လိုက်ပါ။

အခုဖော်ပြသွားခဲ့တဲ့အချက်လေးတွေက သင့်ကို အခက်အခဲ အတားအဆီး များကြားကနေ အရှုံး မပေးဘဲ ကိုယ် လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်အောင်၊ အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးရရှိနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Source: Lifehack

Featured Image: Islam.mansouri.online