အားလပ်ချိန်ရရင် ငြိမ်ငြိမ်ထိုင်မနေတက်ပဲ ဟိုဆက်ဆက် ဒီဆက်ဆက် လျှောက်လုပ်နေရတာ ပျော်တဲ့ ကွီးတို့ ရှိပါသလား ? ဒါဆိုရင်တော့ ကွီးတို့ အလုပ်လေးနည်းနည်း ပေးချင်ပါတယ်။ ဖန်တီးတီထွင်ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် အားလပ်ချိန်တွေမှာ ပြုလုပ်နိုင်မယ့် အမိုက်စား DIY ပရောဂျက် အိုင်ဒီယာလေးတွေကို မျှဝေပေးမှာပါ။ ကဲဒါဆိုရင် ဘယ်လိုပစ္စည်းလေးတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) သစ်သား ခွက်အောက်ခံပြား

coasters

Photo : ArtSkills

အိမ်မှာ မသုံးဖြစ်တော့တဲ့ သစ်သားအပိုင်းအစတွေနဲ့ ဖန်ခွက် ဒါမှမဟုတ် ကော်ဖီခွက်တွေရဲ့အောက်မှာ ခံထားလို့ရတဲ့ အမိုက်စား သစ်သား ခွက်အောက်ခံပြား လေးတွေ ဖန်တီးလို့ ရပါတယ်။ သစ်သားတွေကို အဝိုင်း ၊ လေးထောင့် စသည်ဖြင့် ကိုယ်လိုချင်တဲ့ ဒီဇိုင်းအရွယ်အစား ဖြတ်တောက်ပြီး အချောသပ်ကာ စိတ်ကြိုက် ဆေးရောင်လှလှလေးတွေ ခြယ်လိုက်ပါ။ ဒါဆိုရင်တော့ လှပတဲ့ သစ်သား ခွက်အောက်ခံပြားလေးတွေ ရရှိပါပြီ။

(၂) သစ်သား စဥ့်နီတုံး

Source : Sam Wilkinson

ချစ်ရတဲ့ ဇနီးသည် အိမ်ရှင်မလေးအတွက် မရှိမဖြစ်တဲ့ မီးဖိုချောင် ပစ္စည်းလေးဖြစ်တဲ့ စဥ့်နီတုံး (Cutting Board) လေးတစ်ခု ကိုယ်တိုင်ဖန်တီးပေးခြင်းဖြင့် အမှတ်ပို ယူလိုက်ရအောင်ပါ။ သစ်သား စဥ့်နီတုံးတစ်ခု ကိုယ်တိုင်ဖန်တီးဖို့ အရမ်းကြီးတော့ မခက်ပါဘူး။ သစ်သားပြား ၊ ဖြတ်စက်နဲ့ တိုင်းတာဖို့အတွက် လိုအပ်တဲ့ ပစ္စည်းအနည်းငယ် ရှိရင်ပဲ အဆင်ပြေပါပြီ။ ပြုလုပ်နည်း အဆင့်ဆင့်ကိုတော့ အောက်က ဗီဒီယိုလေးထဲမှာ အသေးစိတ်ကြည့်လိုက်ရအောင်ပါ။

(၃) ဘက်စုံသုံး သစ်သား နံရံကပ်သောချိတ်

All-in-One DIY key holder

Photo : Live Enhanced

ခဏခဏသော့တွေ ဘယ်နားထားမိမှန်းမသိလို့ ရှာနေရတယ်ဆိုရင်တော့ သစ်သား နံရံကပ်သောချိတ် DIY Key Holder လေးက ကွီးတို့အတွက် ကွက်တိဖြစ်စေမှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ဖန်တီးလို့ ရပါတယ်။ အချောသပ်ထားတဲ့ သစ်သားပြားပေါ်မှာ သော့ချိတ်ဖို့ ချိတ်လေးတွေ ကပ်ရိုက်လိုက်ပါ။ စာအုပ်ထည့်ဖို့ အကန့်လေးတွေ ၊ ပန်းအိုးတင်ဖို့ အဆင့်လေးတွေပါ ထည့်သွင်းလိုက်မယ် ဆိုရင်တော့ တကယ်ကိုပဲ အသုံးဝင်လှတဲ့ ဘက်စုံသုံး သစ်သား နံရံကပ်သောချိတ်လေးတစ်ခု ရပါပြီ။

အငြိမ်နေရတာ မကြိုက်တဲ့ ကွီးတို့ကတော့ အားလပ်ချိန်တွေမှာ အခုပြောပြတဲ့ DIY ပရောဂျက် လေးတွေကို ဖန်တီးနိုင်ပါတယ်။

Featured Photo : The Fashionisto