Green Exercise လို့ခေါ်တဲ့ အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာဟာ သဘာဝပတ်ဝန်းကျင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ ပြင်ပကိုယ်လက်လှုပ်ရှားမှု Outdoor Exercise ပြုလုပ်ခြင်းကို ခေါ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Gym မသွားနိုင်သူတွေ ဒါမှမဟုတ် အလုံပိတ်အားကစား ခန်းမတွေထဲမှာ လေ့ကျင့်ခန်း လုပ်ရတာ မကြိုက်သူတွေအနေနဲ့ Green Exercise ကို လုပ်ဆောင်လေ့ ရှိကြပါတယ်။ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်ဆောင်တာဟာ Gym ‌လေ့ကျင့်ခန်းလုပ်တာထက် ပိုကောင်းတဲ့ အားသာချက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်ပါ။

(၁) ကုန်ကျစရိတ် သက်သာတယ်

Photo : Men’s Health

ဒါကတော့ Outdoor Exercise လုပ်ခြင်းရဲ့ အသိသာဆုံး အားသာချက် တစ်ခုပါပဲ။ Gym မှာလို ဈေးကြီးပေးရတဲ့ လစဉ်ကြေးတွေ သွင်းစရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ငွေကုန်ကြေးကျ သက်သက်သာသာ လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ ပန်းခြံ ဒါမှမဟုတ် ရေကန်တွေလို အများပြည်သူ အနားယူ အပန်းဖြေရာ နေရာတွေမှာ စိတ်ကြိုက်လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၂) ခံစားချက် ကောင်းစေတယ်

Running

Photo : SportCoaching

Gym မှာထက် Outdoor မှာ လေ့ကျင့်ခန်း လုပ်ရတဲ့ Mood က လုံးဝကွာပါတယ်။ အလုံပိတ်အခန်းထဲမှာလို မွန်းကြပ်ပိတ်လှောင်နေတဲ့ ခံစားချက်မျိုးမရှိပဲ စိတ်ရောကိုယ်ပါ ပိုမိုလွတ်လပ်ပေါ့ပါးနေစေတဲ့အတွက် လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကို ပိုရပါတယ်။ နောက်ပြီး နေရောင် ခြည်နဲ့ ထိတွေ့ခြင်းကနေ ဗီတာမင် D ဓာတ်ကို ရရှိတာကြောင့် စိတ်ခံစားချက်တွေကို မြှင့်တင်ပေးပါတယ်။

(၃) စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်စေတယ်

Neural Pathways

Photo : YouAligned

လေ့လာမှုတွေအရ ပြင်ပမှာ လေ့ကျင့်ခန်းလုပ်သူတွေဟာ အလုပ်နဲ့ဆိုင်တဲ့ အိုင်ဒီယာတွေ ၊ စိတ်ကူး စိတ်သန်းကောင်းတွေနဲ့ ဆုံးဖြတ်ချက်ကောင်းတွေကို ပိုမိုချမှတ်နိုင်ကြတယ်လို့ ဆိုပါတယ်။ သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရတာဟာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး မတူညီတဲ့ အတွေးအခေါ်သစ် ၊ စိတ်ကူးစိတ်သန်းအသစ်တွေကို ရရှိစေတာ ဖြစ်ပါတယ်။

(၄) ကောင်းစွာအိပ်ပျော်စေတယ်

Sleep Better

Photo : Lets Get Happi

သဘာဝ နေရောင်ခြည်နဲ့ လတ်ဆတ်တဲ့ လေထုကြားမှာ လေ့ကျင့်ခန်း လုပ်တာဟာ ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး နည်းလမ်းပါ။ နေရောင်ခြည်နဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေဟာ ခန္ဓာကိုယ်တွေရဲ့ ဇီဝလုပ်ဆောင်ချက်တွေကို ချိန်ညှိပေးပြီး အိပ်စက်မှုစက်ဝန်းကို ပိုမိုကောင်းမွန် မှန်ကန်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

ကွီးတို့ရော Gym မှာ လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်လား ဒါမှမဟုတ် Outdoor  လေ့ကျင့်ခန်းတွေ လုပ်ရတာ ပိုကြိုက်လား ဖြေခဲ့ပါဦး။

Source : Vacayou 

Featured Photo : Peloton