အချိန်ကြာကြာ မလှုပ်ရှားမိပါက ကြွက်သားတွေ တောင့်တင်းနာကျင်တာ၊  ခါးနာတာ၊ ကြွက်သားနဲ့ အရိုး ပုံမမှန် မသက်မသာဖြစ်တာ စတာတွေ ခံစားရနိုင်ပါတယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရလို့ပဲ ဖြစ်ဖြစ်၊ မလှုပ်ရှားမိလို့ ခန္ဓာကိုယ်က အညောင်းမိ ပြီး တစ်ကိုယ်လုံး တောင့်တင်းနေရင်တော့ ဒီလေ့ကျင့်ခန်းများကို ပြု လုပ် ဖို့ လိုအပ်ပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

exercise

အရင်ဦးဆုံး ခုံပေါ်မှာ ထိုင်ပေးလိုက်ပါ။ ခြေထောက်နှစ်ဖက်ကိုတော့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပါ။  ထိ့နောက် သင့်ရဲ့လက်က ခြေမကို ဆွဲကိုင်လိုက်ပါ။ ၁၅ စက္ကန့်ခန့် တောင့်ထားလိုက်ပါ။ သူ့ကိုလည်း ၂ ကြိမ်မှ ၄ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercise

ဒီလေ့ကျင့်ခန်းကတော့ မနက်အိပ်ရာနိုးနိုးချင်းမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။  မနက်အိပ်ရာနိုးလာတဲ့အခါ အိပ်ရာပေါ်က ချက်ချင်းမထသေးဘဲ ခြေထောက်နှစ်ချောင်းကို ဆန့်တန်းကာ အပေါ်သို့ မြှောက်လိုက်ပါ။ မြှောက်လိုက် ပြန်ချလိုက်ဖြင့် ၁၀ ကြိမ်ခန့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးမှ အိပ်ရာထ၊ မျက်နှာသစ်ကာ လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

လေ့ကျင့်ခန်း (၃)

အညောင်းမိ လုပ်

လည်ပင်း အကျောလျော့လေ့ကျင့်ခန်းသည် ပုခုံး ညောင်းညာတတ်တဲ့ ကွီး တို့အတွက် ထိရောက်မှုရှိတဲ့ Workout တစ်ခုပဲ ဖြစ်ပါတယ်။

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားလိုက်ပါ။ မျက်နှာက အရှေ့တူရှူသို့ ကြည့်နေပါ။ ဦးခေါင်းကို ညာဘက်သို့ ယိမ်းလိုက်ပါ။ ညာနားရွက်က ညာပုခုံးနဲ့ ထိကပ်အောင် ပြုလုပ်ပေးရပါမယ်။မူလအနေအထားအတိုင်း ပြန်နေပါ။

တစ်ဖန် ဦးခေါင်းကို ဘယ်ဘက်သို့ ယိမ်းလိုက်ပြီး ဘယ်နားရွက်က ဘယ်ပုခုံးနဲ့ ထိကပ်အောင် ပြုလုပ်ပေးရပါမယ်။ ၁၀ စက္ကန့်ခန့် တောင့်ထားလိုက်ပါ။ ထိုနည်းအတိုင်း နောက်ထပ် ၃ ကျော့ ဆက်လက်ပြုလုပ် ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

အညောင်းမိ လုပ်

ဒီလေ့ကျင့်ခန်းက လုပ်ငန်းခွင်မှာ အထိုင်များတဲ့ ကွီးတို့ အညောင်းမိခြင်း၊ ခါးနာခြင်းမှာ ကင်းဝေးစေရန် အမြန်ပြုလုပ်နိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။  ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဆန့်ထုတ်ပါ။ နောက်ကျောကို ကော့ပါ၊ ပြီးလျှင် ရင်ဘတ်က မျက်နှာကျက်ကို မြှောက်ထားပြီး ဆန့်ထုတ်လိုက်ရုံပါပဲ။ ကွီးတို့အနေနဲ့ စက္ကန့် အနည်းငယ် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

အညောင်းမိ လုပ်

ဒီလေ့ကျင့်ခန်းကတော့ ဇက်ကြောတက် တဲ့ ကွီး တို့အတွက် ပုခုံးကြောများကို ပြေလျော့ပေးမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။ ခါးမတ်မတ်ထားပြီး ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေပါ။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပုခုံးက အပေါ်ကနေ အနောက်သို့ ဝိုက်ချလိုက်ပါ။ အသက်ရှူထုတ်လိုက်ပါ။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ။ ပုခုံးကို အနောက်ကနေ အရှေ့သို့ ဝိုက်ချလိုက်ပါ။ အသက်ပြင်းပြင်းရှူထုတ်ပါ။  စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းတွေက ကွီးတို့ တင်းနေသမျှ ကြွက်သားတွေကို ပြေလျော့စေမယ့် လှုပ်ရှားမှုတွေ ဖြစ်သည်သာမက သွေးလည်ပတ်မှုကောင်းစေကာ စိတ်ကို တည်ငြိမ်စေပါတယ်။

ကွီးတို့လည်း အညောင်းမိ နေတဲ့အခါ အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို ပြု လုပ် ဖို့ ရယ်ဒီပဲလား။

Source: Mensjournal

Featured Image: Adecco.com