ကွီးတို့ရေ အချို့သော မိုဘိုင်းလ်ဂိမ်းတွေ Android မှာပဲ ကစားလို့ ရတာမျိုး၊ အချို့ကတော့ iOS ကိုပဲ Support ပေးထားတာမျိုး ရှိပါတယ်။ သို့သော်လည်း အမိုက်စား မိုဘိုင်းလ်ဂိမ်း တော်တော်များများကတော့ Android ရော iOS မှာပါ ကစားနိုင်ပါတယ်။ ဒီနေ့မှာတော့ Gamer ကွီးတို့အတွက် ပန်းသီးနဲ့ပဲ ဖြစ်ဖြစ်၊ စက်ရုပ်မှာပဲ ဖြစ်ဖြစ် အပီချဲလို့ရတဲ့ အလန်းစား ဂိမ်းတွေ ကို ဒီပိတ်ရက်မှာ အပန်းဖြေရင်း ကစားနိုင်အောင် ဝေမျှပေးလိုက်ပါတယ်ဗျာ။

Crossy Road

Source : Crossy Road Offical

ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ မိုဘိုင်းလ်ဂိမ်းလေးကတော့ Crossy Road ဆိုတဲ့ ဂိမ်းလေးပါ။ ဒီဂိမ်းလေးက ပျော်စရာလည်းကောင်း ကွီးတို့ကို ဦးနှောက်လည်း စားစေမယ့် ဂန္တဝင် Retro ဂိမ်း တစ်ခုပါ။ ဒီဂိမ်းမှာ ကစားသူ နှစ်ဦးတစ်ပြိုင်နက်တည်း အတူတကွ ကစားနိုင်တာကြောင့် ချစ်ရသူလေးနဲ့လည်း ကစားနိုင်သလို၊ ဘော်ဒါနဲ့လည်း ကစ်လို့ပါတယ်။

Badland

Source : BADLAND

ကွီးတို့ အနည်းငယ် ထူးခြားတဲ့ မိုဘိုင်းလ်ဂိမ်းကို ကစားချင်ပါသလား၊ ဒါဆိုရင်တော့ ထူးခြားတဲ့ တင်ဆက်မှုစတိုင်လ်နဲ့ ဝေဖန်သူများကတောင် ချီးကျူးရတဲ့ အမိုက်စား စွန့်စားခန်း ဂိမ်းလေးဖြစ်တဲ့ Badland ရှိပါတယ်။ ဒီဂိမ်းရဲ့ ရည်ရွယ်ချက်မှာ အတားအဆီးများကို ကျော်ဖြတ်ပြီး ဇာတ်စင်ရဲ့ အဆုံးကို ရောက်အောင် ကစားရမှာ ဖြစ်ပါတယ်။

Clash Royale

Source : CR AS003 EN 16×9

ဒီဂိမ်းကတော့ တိုက်ပွဲကတ်နဲ့ မျှော်စင်ကာကွယ်ရေးဂိမ်းကို ပေါင်းစပ်ထားတဲ့ ဗျူဟာဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် မျှော်စင်မပျက်စီးခင် ပြိုင်ဘက်၏မျှော်စင်များကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သူများနှင့် ခံစစ်များကို ကတ်များဆွဲထုတ်ပြီး ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီဂိမ်းကို ဘော်ဒါနဲ့ ကစားမယ်ဆိုရင် ကျူတိုရီရယ်ကို အပြီးသတ်ဖို့ လိုပါတယ်။ ဒီဂိမ်းကိုလည်း ပန်းသီးရော စင်ရုပ်မှာပါ အခမဲ့ ကစားနိုင်ပါတယ်။

Sea Battle 2

Source : Byril Games

ဒီဂိမ်းလေးကလည်း တမူထူးခြားတဲ့ ပုံစံနဲ့ ကစားနိုင်မယ့် ဗျူဟာဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ထူးခြားချက်ဖြစ်တဲ့ ဘောပင်နဲ့ စာရွက်လေးမှာ ဆွဲထားသကဲ့သို့သော ပုံစံက ကွီးတို့ကို ဆန်းသစ်သော ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီဂိမ်းကိုလည်း သူငယ်ချင်းတစ်ယောက်နဲ့ အတူကစားနိုင်ပါတယ်။

Pascal’s Wager

Source : Pascal’s Wager

ဒီဂိမ်းကတော့ ပန်းသီးရော စက်ရုပ်မှာပါ ကစားလို့ရတဲ့ အက်ရှင် မိုဘိုင်းလ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ကစားသူများအနေနဲ့ ဂိမ်းဇာတ်ကောင်များစွာထဲမှ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို‌ ရွေးချယ်နိုင်ပါတယ်။ ဇာတ်ကောင်တစ်ခု ချင်းစီက ထူးခြားပြီး ၎င်းတို့အတွက် ကိုယ်ပိုင်အခွင့်အရေးများ၊ စူးစမ်းလေ့လာရန် ကမ္ဘာမျာ းပါရှိပါတယ်။ ကစားသူများ ရွေးချယ်ထားတဲ့ ဇာတ်ကောင်အလိုက် ကမ္ဘာများမှာ ကိုယ်ပိုင် ဂေဟစနစ်ပါရှိပြီး ရန်သူများကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကဲ ကွီးတို့ရေ အပီချဲလို့ရတဲ့ ဒီ ဂိမ်းတွေ နဲ့ Weekend အနားယူရင်း Chill လိုက်တော့ဗျို့။

Source : Make Us Of

Featured Photo : Vista Create