ပူပြင်းခြောက်သွေ့တဲ့ နွေရာသီအချိန်မှာ အပူရှောင် ဖို့အတွက် စဥ်းစားနေတယ်ဆိုရင်တော့ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ မိုးကုတ်တို့ကတော့ အသင့်တော်ဆုံးပါပဲ။ ထိုနေရာတွေမှာ ရာသီဥတုက အေးအေးလေးနဲ့ သိပ်မပူတဲ့အတွက်ကြောင့် နေရတာလည်း အင်မတန်မှ သက်သောင့်သက်သာရှိပါတယ်။ ဒါပေမဲ့ ကွီးတို့က ထိုနေရာတွေဆီသို့ ကြိမ်ဖန်များစွာ ရောက်ဖူးပြီးသားဖြစ်နေတယ်ဆိုရင်တော့ အပူရှောင် ဖို့အတွက် အခုဖော်ပြပေးမယ့် ပြည်ပနိုင်ငံက အေးချမ်းတဲ့ နေရာ တွေဆီ သွားလည်သင့်ပါတယ်။
အီတလီ
အီတလီနိုင်ငံကတော့ မေလဆိုတာနဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားနေတဲ့နေရာလေးပဲဖြစ်ပါတယ်။ Tuscan တောင်တန်းတွေသည် စိမ်းစိမ်းစိုစိုနဲ့ အသက်ဝင်နေပြီး သဘာဝပတ်ဝန်းကျင်ကို နှစ်သက်သူများအတွက် အသင့်တော်ဆုံး နေရာတစ်ခုပါပဲ။ မေလအတွင်းမှာဆိုရင် အပူချိန်က ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၂၄ ဒီဂရီအတွင်း ရှိပါတယ်။ အီတလီမှာ လည်ပတ်ရင်းနဲ့ သူတို့နိုင်ငံရဲ့ ယဥ်ကျေးမှုနှင့် အနုပညာများကိုလည်း တဝကြီး လေ့လာနိုင်ပါတယ်။
ဂရိနိုင်ငံ
ခမ်းနားထည်ဝါမှုကို နှစ်သက်တယ်ဆိုရင်တော့ ဂရိနိုင်ငံဆီ သွားလည်သင့်ပါတယ်။ ထိုနေရာကတော့ တောင်တန်းနှင့် ကမ်းခြေတို့ ပေါင်းစပ်ထားတဲ့ သုခနတ်ဘုံတစ်ခုဖြစ်ပြီး မေလမှာဆိုရင် သူ့ရဲ့ အပူချိန်က ၂၁ ဒီဂရီဝန်းကျင်မှာသာ တည်ရှိပါတယ်။ ကမ်းခြေအနှံ့ လည်ပတ်ရင်း မောလာပြီဆို တောင်တန်းတွေဘက် ခြေဦးလှည့်ကာ အပန်းဖြေ အနားယူနိုင်ပါတယ်။
ပြင်သစ်
မေလမှာတော့ ပြင်သစ်နိုင်ငံရဲ့ အပူချိန်သည် ၈ ဒီဂရီကနေ ၂၀ ဒီးရီအကြား တည်ရှိပါတယ်။ အီဖယ်တာဝါကြီးပေါ်တက်ပြီး တစ်မြို့လုံးရဲ့ အလှအပကို ကြည့်ရှုခံစားလို့လည်း ရသလို Louvre ပြတိုက်ဆီ အလည်သွားရင်း ကမ္ဘာကျော် ပန်းချီဆရာများရဲ့ အနုပညာလက်ရာများကို ကြည့်ရှုခံဏားနိုင်ပါတယ်။
ဂျပန်
မေလထဲမှာ ဂျပန်နိုင်ငံကို သွားလည်မယ်ဆိုရင်တော့ ချယ်ရီပန်းတွေ လှလှပပ ပွင့်လန်းနေတာကို တဝကြီး ကြည့်ရှုနိုင်မယ့် အခွင့်အရေးကို ရရှိမှာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း လည်ပတ်စရာ နေရာတွေ၊ ပြုလုပ်စရာ Activities တွေက အများကြီးပဲဖြစ်ပါတယ်။ စွန့်စွန့်စားစား ခရီးသွားရတာ ကြိုက်နှစ်သက်သူများအတွက်ရော အပန်းဖြေ အနားယူချင်သူများအတွက်ပါ ဘဝင်ကျစရာကောင်းတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
စပိန်
စပိန်နိုင်ငံမှာကတော့ မေလမှာဆိုရင် နွေးနွေးထွေးထွေးလေးနဲ့ နေလို့ ကောင်းပြီး အပူရှောင် ပြီး အအေးဓာတ် ရရှိချင်သူများအတွက်တော့ အသင့်တော်ဆုံး နေရာ ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မေလမှာ အပူချိန်သည် ၁၃ ဒီဂရီနှင့် ၂၆ ဒီဂရီအကြားတွင်သာ တည်ရှိသောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မေလမှာ ပွဲတော်များသည်လည်း အများအပြားရှိတဲ့အတွက်ကြောင့် ကွီးတို့လည်း စိတ်ပါတယ်ဆိုရင် ဝင်ရောက် ဆင်နွှဲလို့ရပါသေးတယ်။
ကွီးတို့ရော မေလမှာ အပူရှောင်ဖို့အတွက် ဘယ်နေရာတွေကို သွားလည်မယ်လို့ စဥ်းစားထားပါသလဲ။
Source: Holidify
Featured Image: Freepik