အပြုံးဆိုတာ မြင်လိုက်တာနဲ့ တစ်ဖက်သူက ကိုယ့်ကို နှစ်သက်တယ်ဆိုတာသိရတဲ့ နည်းလမ်းတစ်ခုပါပဲ။ ကိုယ့်ရဲ့ အပြုံးက ကိုယ့်ကို တခြားသူတွေ ဘယ်လိုတွေးမိမလဲဆိုတဲ့အပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိသလို အများအားဖြင့်တော့ လူတွေ ကိုယ့်ကို ပထမဆုံး သတိထားမိမယ့် အရာက အပြုံးပါပဲ။ ဒါ့ကြောင့် ဒီလို ကိုယ့်အတွက်အရေးကြီးတဲ့ အပြုံး ရဲ့ သွင်ပြင်ကို ပိုလှပ ကျန်းမာအောင်လုပ်ဖို့ နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

(၁) တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပါ

Photo : Wilkinson Dental

သွားတိုက်ခြင်းက လူအများ သတိမမူမိတဲ့ ရိုးရှင်းတဲ့အဆင့်တစ်ခု ဖြစ်ပါတယ်။ လူအများစုက တစ်နေ့မှာ အနည်းဆုံး နှစ်ကြိမ် သွားတိုက်ဖို့ကို မလိုက်နာကြပါဘူး။ မကြာခဏ သွားတိုက်တဲ့သူတွေဟာ သွားတိုက်နည်းတဲ့သူတွေထက် သွားပိုဖြူပြီး ကျန်းမာသန်စွမ်း ပါတယ်။ လျှပ်စစ်သွားတိုက်တံတွေက ပုံမှန်သွားတိုက်တံတွေထက် သွားဖုံးကြားထဲက အစာအကြွင်းကျန်တွေကို ပိုမိုဖယ်ရှားပေးလို့ ရိုးရိုးသွားတိုက်တံတွေထက် သွားပိုဖြူစေပါတယ်။

(၂) သွားပွတ်ကြိုးအသုံးပြုပါ


Photo : Smile Makers

သွားတိုက်တဲ့အခါ မှန်ထဲတွင် မမြင်နိုင်တဲ့ ဒါမှမဟုတ် သွားတိုက်တံ မရောက်နိုင်တဲ့ ခံတွင်းထဲကနေရာတွေမှာ ကျန်နေတဲ့ အစာဟောင်း တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် သွားပွတ်ကြိုးသုံးပြီး မှန်မှန်ပွတ်တိုက်ပေးတာက သွားတွေကို ပိုတောက်ပစေနိုင်ပါ တယ်။ Flossing လုပ်တာကြောင့် သွားကြားမှာ ပိုးစားခြင်းကနေ ကာကွယ်ပေးသလို သွားကြားထဲရှိ သွားဖုံးရောင်ရမ်းမှုကို လျှော့ချ ပေးကာ သွားမခိုင်ခြင်းကြောင့် သွားဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးပါတယ်။

(၃) သွားဆေးခန်း ပုံမှန်ပြပါ


Photo : My Dentist at Morgan Creek

သွားတွေကို တစ်နှစ်ကိုနှစ်ကြိမ် သွားဆေးခန်းနဲ့ သွားဆရာဝန်ထံ ပြသင့်ပါတယ်။ အကောင်းဆုံး ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ American Dental Association (ADA) က ပုံမှန်အားဖြင့် ၆ လတစ်ကြိမ် သွားဆရာဝန်ထံ သွားရောက်ဖို့ အကြံပြုထားပါတယ်။ သွား ဆရာဝန်က သွားပေါ်က အစွန်းအထင်းတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အပြင် သွားနှင့်ခံတွင်းသန့်ရှင်းမှုနဲ့ ခံတွင်းကင်ဆာကဲ့သို့ သော သွားကျန်းမာရေးအခြေအနေတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ


Photo : gmhba

ဆေးရွက်ကြီးတွေက သွားများကို စွန်းထင်းစေတဲ့အတွက် ပြုံးလိုက်တဲ့အခါ အသက်ကြီးပုံပေါက်စေပါတယ်။ဆေးလိပ်သောက်ခြင်းက ရတဲ့ အစွန်းအထင်းတွေက တစ်ခါတစ်ရံမှာ အပေါ်ယံအစွန်းအထင်းလောက်ပဲဖြစ်ပေမယ့် ကုသဖို့လိုအပ်တဲ့ ကြွေလွှာအတွင်းသို့ နက် ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အထိလဲ ဖြစ်နိုင်ပါတယ်။ ရေရှည်ဆေးလိပ်သောက်ခြင်းက သွားဖုံးကျန်းမာရေးကို ပျက်စီးစေသလို သွားခြေပေါက်ထွက်ခြင်းတွေထိ ဖြစ်စေနိုင်ပါတယ်။

(၅) ကော်ဖီ  လက်ဖက်ရည်နဲ့ ဝိုင်နီ သောက်သုံးမှုကို လျှော့ပါ


Photo : Unsplash

ကော်ဖီ ၊ လက်ဖက်ရည်နှင့် ဝိုင်တွေက ဆေးလိပ်လိုပဲ သွားများကို ဝါစေနိုင်ပါတယ်။ ဒီဖျော်ရည်တွေမှာ သွားတွေကို စွန်းထင်းစေတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ tannins တွေ ပါဝင်တဲ့အတွက် ပိုက်နဲ့သောက်တာက သွားတွေအပါ်စွန်းထင်းမှုကို လျော့ကျစေပြီး သွားပိုးစားနိုင်ခြေကိုလဲည်း လျှော့ချပေးနိုင်ပါသည်။ ဒါကြာင့် သွားဖြူဖို့ဆိုရင်တော့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။

Photo : Staten Island Aesthetic & Implant Dentist