ငွေကုန်ကြေးကျ နည်းသလောက် ကျန်းမာရေး အကျိုးများတဲ့ အားကစားတွေထဲမှာ အပြေးလေ့ကျင့်ခန်း လည်း ပါဝင်ပါတယ်။ ပြေးဖို့အတွက် ဖိနပ်ကောင်းတစ်ရံ နဲ့ ပြေးလို့ ကောင်းမယ့် ပတ်ဝန်းကျင်ပဲ လိုပါတယ်။ စရိတ်စက နည်းပေမယ့် ပုံမှန်ပြေးပေးခြင်းအားဖြင့် အခုပြောမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ပါတယ်။

(၁) ပိုပြီး ကျစ်လျစ်ကြံ့ခိုင်စေတယ်

Runni

Photo : Pexels

ပြေးတာဟာ နှလုံးသွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်လို့ နှလုံး ကျန်းမာရေး ၊ ဆီးချိုသွေးချို ၊ သွေးတိုးနဲ့ လေဖြတ်ဝေဒနာတွေ အဖြစ်နည်းစေပါတယ်။ အပြေးလေ့ကျင့်ခန်းဟာ လူကို ပိုပြီး သွက်လက်ဖျတ်လတ်စေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာတောင် ပုံမှန် ပေါ့ပေါ့ပါးပါး ပြေးဖြစ်သူတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ လူငယ်တွေထက် ပို သွက်လက် လျင်မြန်နိုင်ပါတယ်။

(၂) ဝိတ်ကျစေတယ်

Running Shoe

Photo : Pexels

ကျန်းမာတဲ့ Healthy Weight ပိုင်ရှင် ဖြစ်ဖို့ဆို အပြေးလေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ ပြေးနေချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှု မြင့်မားပြီး လူ့ကိုယ်ခန္ဓာက မလိုအပ်တဲ့ အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ ဝိတ်ချဖို့ စိတ်ကူး ရှိရင် Gym သွားမယ့်အစား ပုံမှန်လေး အချိန်ဇယား ထားပြီး ပြေးဖို့ အကြံပေးချင်ပါတယ်။

(၃) စိတ်ကျန်းမာရေးကို ပိုကောင်းစေတယ်

Running Men

Photo : Pexels

ပြေးတာဟာ လူကို ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ပါ အထောက်အကူပြုပါတယ်။ အပြေးလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်သူဟာ စိတ်ဖိစီးမှု ပိုလျော့ပါးပြီး လူရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်မယ့် Endorphin ဓါတ်ပိုထွက်စေနိုင်ပါတယ်။ ရေရှည်မှာဆို ပုံမှန်အပြေးလေ့ကျင့်သူဟာ စိတ်ကျန်းမာရေးပြဿနာ အဖြစ်နည်းကြတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

(၄) စိတ်ဓါတ်ခွန်အား ပိုရလာစေမယ်

Runner

Photo : Pexels

နေ့တိုင်း ပုံမှန် ပြေးတဲ့သူဟာ ကိုယ့်ရဲ့ စိတ်နဲ့ ရုပ်တိုးတက် ပြောင်းလဲမှုကို သိသိသာသာ ခံစားရတာကြောင့် Motivation ပို တက်လာနိုင်ပါတယ်။ ဝိတ်ကျလာပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်လာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုတိုးလာနိုင်ပါတယ်။

(၅) နေရာသစ်တွေ ရောက်ပြီး မိတ်ဆွေသစ်တွေ ရလာမယ်

spot-runs-start-la

Photo : Pexels

သီတင်းပတ်အကုန် အားလပ်ချိန်တွေမှာ ပြေးလို့ကောင်းမယ့် ပန်းခြံနဲ့ ရပ်ကွက်လမ်းတွေထဲ ပြေးတာဟာ လူကို နေရာသစ်အပြောင်းအလဲနဲ့ ထိတွေ့စေပြီး မိတ်ဆွေဟောင်း ၊ မိတ်ဆွေသစ်တွေနဲ့ပါ တွေ့စေနိုင်ပါတယ်။

(၆) စရိတ်စက မရှိသလောက် သက်သာတယ်

Running

Photo : Pexels

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အပြေးလေ့ကျင့်ခန်း လုပ်တာဟာ စရိတ်စက အသက်သာဆုံး ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပြီး ပြေးဖို့အတွက် ဖိနပ်ကောင်းတစ်ရံရှိရင်ကို အဆင်ပြေပါတယ်။ ပိုက်ဆံမသုံးရတဲ့ လေ့ကျင့်ခန်းကို စိတ်ဝင်စားရင် အပြေးလေ့ကျင့်ခန်းလုပ်ဖို့ ပြောချင်ပါတယ်။

(၇) ချက်ချင်း ပျော်ရွှင်လာမယ်

Runners

Photo : Pexels

Glasgow Caledonian University က လုပ်တဲ့ လေ့လာမှုတွေအရ အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ ပုံမှန်လူတွေထက် ပိုပြီး ပျော်ရွှင် ၊ အကောင်းမြင်တတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အထင်ကြီးစိတ် မြင့်မားကြတယ်လို့ ဆိုပါတယ်။ ပြေးလွှား လှုပ်ရှားနေခြင်း အားဖြင့် ခန္ဓာကိုယ်ဟာ သူ့အလိုလို စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ နှိုးဆော်မှုတွေ ထုတ်နိုင်စွမ်း ရှိတာကြောင့် ပိုပြီး ပျော်ရွှင် ကြည်လင်လာတာ ဖြစ်ပါတယ်။

(၈) မှတ်ဉာဏ်ပိုကောင်းစေမယ်

Runners

Photo : Pexels

မေ့တတ်တဲ့သူတွေဟာ အရွယ်ကောင်းတုန်း အပြေးလေ့ကျင့်ခန်း လုပ်ထားသင့်ပါတယ်။ British Columbia တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတွေအရ ပုံမှန်ပြေးနေတဲ့ လူတွေရဲ့ ဦးနှောက်ထဲက မှတ်ဉာဏ်နဲ့ လေ့လာမှုကို လုပ်ဆောင်တဲ့ Hippocampus အပိုင်းဟာ သာမန်လူတွေထက် ပိုကြီးတယ်လို့ ဖော်ပြထားပါတယ်။

(၉) ဦးနှောက်စွမ်းရည် ထက်မြက်စေတယ်

Runners

Photo : Pexels

အပြေးလေ့ကျင့်ခန်း လုပ်သူတွေရဲ့ ဦးနှောက်ဟာ အထိုင်များသူတွေထက် ဦးနှောက်ဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းတွေ နဲ့ လုပ်ဆောင် ချက်တွေ ပိုကောင်းတာ တွေ့ရပါတယ်။ ဦးနှောက်ထဲက မှတ်ဉာဏ် ၊ ဗဟုကိစ္စလုပ်ဆောင်မှု ၊ အာရုံစိုက်ခြင်း ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ အမြင်အာရုံဆိုင်ရာ သိမြင်မှုစွမ်းရည်ပိုင်းမှာ အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ သာမန်ထက် ပိုထက်မြက်ကြပါတယ်။

(၁၀) ပြင်းပြင်းထန်ထန် လုပ်စရာ မလိုဘဲ ကျန်းမာရေးအကျိုး ခံစားရမယ်

Runners

Photo : Pexels

အပြေးလေ့ကျင့်ခန်း တွေဟာ အခု ပြောတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးတယ်ဆိုပေမယ့် တခြား လေ့ကျင့်ခန်းတွေလို ပြင်းပြင်း ထန်ထန်ကြီး လုပ်စရာမလိုတဲ့ အားသာချက်တွေ ရှိပါတယ်။ လေ့လာမှုတွေအရဆို မိနစ် ၂၀ လောက် ပြေးပြီးရင်ကိုပဲ စိတ်ဖိစီးမှု နဲ့ စိတ်ရှုပ်ထွေးမှု လျော့ကျလာပြီး မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချမှတ်မှု အပိုင်းမှာ တိုးတက်လာမယ်လို့ ဆိုပါတယ်။ တစ်ပတ်ကို မိနစ် ၃၀၀ ( ၅ နာရီလောက် ) ပြေးသူတွေဟာ အခုပြောတဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ခံစားရနိုင်တယ်လို့ သုတေသနလေ့လာမှုတွေက ဖော်ပြထားကြပါတယ်။

 

Featured Photo : lockeroomhealth