နည်းပညာသုံး အမိုက်စား Gadgets လေးတွေကို စိတ်ဝင်စားတဲ့ ကွီးတို့ ရှိပါသလား။ လူသားတို့အတွက် အသုံးဝင်တဲ့ အမျိုးမျိုးသော နည်းပညာသုံး Gadgets လေးတွေ ပိုမိုဖန်တီးထုတ်လုပ်လာနိုင်ခြင်းက တိုးတက်မြင့်မားလာတဲ့ နည်းပညာရဲ့ ပြယုဒ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အကြိုက်တွေ့စေမယ့် အမိုက်စား နည်းပညာသုံး Gadgets နောက်ဆုံးပေါ်လေးများ ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
Backbone One Mobile Gaming Controller

Photo : The Verge
ဖုန်းနဲ့ ဂိမ်းကစားရတာ ကြိုက်တဲ့ ကွီးတို့အတွက် မိုဘိုင်းလ်ဂိမ်း အတွေ့အကြုံကို လိုချင်ရင် ဒီကောင်လေးက အမိုက်စားပါပဲ။ ဖုန်းနဲ့ အလွယ်တကူချိတ်ဆက်ပြီး ကစားနိုင်တဲ့အပြင် ဘယ်ကို သွားသွား သယ်ဆောင်သွားလို့ ရပါတယ်။ ၎င်းမှာ တုံ့ပြန်မှုမြန်ဆန်သော Analog Triggers၊ ခလုတ်များနဲ့ 3.5MM နားကြပ်ပေါက် စတာတွေ ပါဝင်ပါတယ်။ Playstation 4၊ Playstation 5၊ Mac၊ Android၊ iPhone စတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
Apple MagSafe Duo Charger

Photo : TechCrunch
ကွီးတို့က Apple Products တွေကို အသုံးပြုတဲ့ သူဆိုရင် Apple MagSafe Duo Charger ကို သဘောကျမှာပါ။ ၎င်းက AirPods၊ Apple Watches နှင့် iPhones အပါအဝင် စက်နှစ်လုံးအထိ တစ်ပြိုင်နက်တည်း အားသွင်းနိုင်သော ဘက်စုံသုံးကြိုးမဲ့အားသွင်းကိရိယာတစ်ခု ဖြစ်ပါတယ်။ ပေါ့ပါးပြီး အိတ်ဆောင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထးတာကြောင့် ဘယ်နေရာကိုမဆို အလွယ်တကူ သယ်သွားနိုင်ပါတယ်။
Beats Studio Buds

Photo : GSMArena.com
နောက်ဆုံးပေါ် အမိုက်စား Earbuds ကိုလိုချင်ရင်တော့ ကြည်လင်ပြတ်သားသောအသံနှင့် ဘက်ထရီသက်တမ်း 36 နာရီအထိ အထိခံတဲ့ Beats Studio Buds ရှိပါတယ်။ ၎င်းကို iOS နဲ့ဖြစ်စေ၊ Android နဲ့ ဖြစ်စေ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် နားကြပ်များ ပျောက်ဆုံးပါကလည်း ၎င်းတို့ကိုရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်အတွက် Find My account စနစ်ကို ထည့်သွင်းထားနိုင်ပါတယ်။ ၎င်းရဲ့ ဆန်းသစ်သော ဒီဇိုင်းက လူငယ်တွေ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
Sonos Era 300

Photo : CNN
ဒီ Sonos Era 300 ကြိုးမဲ့ စပီကာမှာ Class-D ဒစ်ဂျစ်တယ်အသံချဲ့စက် ခြောက်လုံးပါရှိသော Dolby Atmos စွမ်းရည်ပါရှိပြီး Tweeter လေးခုနှင့် စပီကာတစ်လုံးတွင် Woofers နှစ်ခုပါရှိတာကြောင့် ကောင်းမွန်ကြည်လင်သော အသံစွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ ကောင်းမွန်တဲ့ အသံစွမ်းရည်နဲ့ သီချင်းတွေ နားထောင်ဖို့နဲ့ တိုက်ရိုက်ကြည့်ရှုခြင်းများကို အသံစွမ်းရည် ကောင်းကောင်းနဲ့ ခံစားချင်တယ်ဆိုရင် ဒါလေးက အမိုက်စားလေးပါပဲ။
အခုဖော်ပြပေးလိုက်တာကတော့ နည်းပညာရဲ့ တိုးတက်မှုနဲ့ အတူ ပိုမိုကောင်းမွန်စွာ ဖန်တီးထုတ်လုပ်ထားတဲ့ အမိုက်စား Gadgets နောက်ဆုံးပေါ်လေးများ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဘယ်လို အမိုက်စားလေးတွေ ဖော်ပြပေးဦးမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှု ပေးပါဦးခင်ဗျာ။
Source : Awesome Stuff To Buy
Featured Photo : The Verge
