နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ ယူရိုပြိုင်ပွဲရယ် ကိုပါအမေရိကပြိုင်ပွဲရယ် ပြီးဆုံးသွားတော့ ကလပ်အသင်းတွေရဲ့ ခြေစမ်းပွဲတွေက ဘောဝါသနာအိုး ကွီးတို့ ညိုကီတို့ကို စောင့်ကြိုနေပါတယ်။ ယူရို ကိုပါ ဖိုင်နယ်ပွဲတွေ ပြီးဆုံးသွားပြီး နောက်တစ်ရက်မှာပဲ မန်ယူရဲ့ ခြေစမ်းပွဲက စပြီး ကစားဖြစ်တယ်။ ပြီးတော့ စပါး။ ပြီးတော့ လီဗာပူးလ် အာဆင်နယ်… လောလောဆယ်အထိ ဒီအသင်းတွေက အသင်းငယ်လေးတွေနဲ့သာ ခြေစမ်းနေကြတာဖြစ်ပြီး လာမယ့် အမေရိကန် ခရီးစဉ်မှာတော့ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက် တွေ့ဆုံကြပါတော့မယ်။

man utd us tour

Photo Credit: Manchester United FC

ရာသီကြို အမေရိကန် ခရီးစဉ် ခြေစမ်းပွဲတွေဟာ နှစ်တိုင်းလိုလိုမှာ ကျင်းပလေ့ရှိပြီး ဒီရာသီထဲမှာလည်း ပရီးမီးယားလိဂ် မန်စီးတီး အာဆင်နယ် လီဗာပူးလ် မန်ယူ ချယ်လ်ဆီးတို့ ပါဝင်ကြမှာဖြစ်ပြီး လာလီဂါမှာလည်း ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ စီးရီးအေက အေစီမီလန်အသင်းတို့ ပါဝင်ဆင်နွဲကြမှာပဲ ဖြစ်ပါတယ်။ တကယ့်ကို ပွဲကြီးပွဲကောင်းတွေ ဖြစ်ပေမယ့်လည်း မနက်အစောပိုင်းပွဲတွေ ဖြစ်နေတာကတော့ ကွီးတို့ ညိုကီတို့အတွက် နည်းနည်းလေးတော့ ကသီနိုင်မယ်လို့ ထင်ပါတယ်။ ကဲ…ဒါဆို ပွဲစဉ်တွေအကြောင်း ပြောလိုက်ကြရအောင်ဗျာ။

man city us tour

Photo Credit: Manchester City FC

အမေရိကန် ခရီးစဉ်ပွဲတွေကတော့ လာမယ့် (၂၄)ရက်နေ့မှာ စတင်ကြမှာ ဆိုပေမယ့် (၂၇)ရက်နေ့ မနက် (၆)နာရီခွဲမှာပဲ မန်ယူနဲ့ အာဆင်တယ်တို့ရဲ့ ပွဲကြီးပွဲကောင်းက ရှိနေပါတယ်။ လာမယ့် (၃၁)ရက်နေ့မှာတော့ မန်စီးတီးနဲ့ ဘာစီလိုနာတို့ပွဲကို မနက် (၅)နာရီခွဲမှာ ကြည့်ရှုသွားရပါမယ်။ သြဂုတ် (၁)ရက်နေ့ မနက် (၆)နာရီမှာ လီဗာပူးလ်နဲ့ အာဆင်နယ်ပွဲ (၈)နာရီမှာတော့ ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန်ပွဲတွေ ရှိနေပြီးတော့ (၃)ရက်နေ့မှာက အင်္ဂလန်ဒါဘီဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲက မနက် (၆)နာရီမှာ ကစားပါမယ်။ (၄)ရက်နေ့မှာတော့ မနက် (၄)နာရီမှာ မန်စီးတီးနဲ့ချယ်လ်ဆီး မနက် (၆)နာရီမှာတော့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ရဲ့ အယ်လ်ကလက်စီကိုပွဲတွေ ရှိနေပြန်ပါတယ်။ (၇)ရက်နေ့မှာတော့ ရီးယဲလ်နဲ့ ချယ်လ်ဆီးတို့ မနက် (၅)နာရီခွဲ ဘာစီလိုနာနဲ့ အေစီမီလန်ပွဲက မနက် (၆)နာရီတွေမှာ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကတော့ အမေရိကန် ခရီးစဉ်ရဲ့ နောက်ဆုံးပွဲတွေ ဖြစ်ပါမယ်။

paris olympic men football

Photo Credit: News9live

ဒီပွဲတွေနဲ့အတူ ပဲရစ် အိုလံပစ်ပြိုင်ပွဲကြီးဟာလည်း (၂၄)ရက်နေ့မှာပဲ စတင်တော့မှာဖြစ်လို့ အိုလံပစ် အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေကိုလည်း တဝကြီး ကြည့်ရှုအားပေးသွားရမှာမို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ် မစတင်ခင် နိုင်ငံအသင်းတွေရဲ့ ပြိုင်ပွဲကိုရော ကလပ်အသင်းတွေ ရာသီကြို ခြေစမ်းပွဲတွေကိုပါ ရှယ်အားပေးရင်း မိုးရာသီ နေ့ရက်တွေကို ဘောပွဲတွေကြည့်ရင်း ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။

Featured Phot: Chelsea, Man City, Barcelona & Man Utd