ဖက်ရှင်ရေစီးကြောင်းက ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုလည်း တိုးတက်လာပါတယ်။ ဒါ့အပြင် အဝတ်အစားတွေအပြင် အသုံးအဆောင်တွေကလည်း အရေးပါတဲ့ နေရာက ပါဝင်လာပါတယ်။ ဒီနေ့မှာတော့ အမျိုးသားတိုင်း စတိုင်လ်ကျစေဖို့ အတွက် ရှိသင့်သော အသုံးအဆောင် ပစ္စည်းများ ကိုဖော်ပြပေးချင်ပါတယ်။

နာရီ

အမျိုးသားတိုင်း အသုံးအဆောင်

Photo : Inside The Closet

အမျိုးသားတိုင်း အတွက် ရှိသင့်သော အသုံးအဆောင် ပစ္စည်းများ ကိုဖော်ပြရမယ်ဆိုရင် နာရီများက ထိပ်ဆုံးက ပါဝင်ပါတယ်။ အမျိုးသားတိုင်းဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ လက်ပတ် နာရီ ကောင်းကောင်းတစ်လုံးတော့ ရှိသင့်ပါတယ်။ အမျိုးသားတို့အတွက် နာရီများဟာ ဖက်ရှင်အသုံးအဆောင်တစ်ခုထက် ပိုပါတယ်။ အထူးသဖြင့် စီးပွားရေးလောကတွင် ၎င်းတို့သည် အဆင့်အတန်း သင်္ကေတတစ်ခုကို ဖော်ပြပြီးသား ဖြစ်စေပါတယ်။ နာရီဟာ ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ် Business အသွင်အပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် နာရီကောင်းကောင်း တစ်လုံးအပေါ်မှာ ရင်းနှီးမြှပ်နှံခြင်းက ဘယ်တော့မှ မမှားတဲ့ ဆုံးဖြတ်ချက်ပါတယ်။

နေကာမျက်မှန်

အမျိုးသားတိုင်း အသုံးအဆောင်

Photo : Amazon UK

လူတော်တော်များများက နေကာမျက်မှန်ကို နေရောင်ကလာတဲ့ ပြင်းထန်တဲ့ UV Rays တွေကနေ ကာကွယ်ဖို့သာ အသုံးပြုတယ်လို့ ထင်ကြပါတယ်။ ဒါက မှန်ပါတယ်။ ဒါပေမယ့် နေကာမျက်မှန်များကို ဖက်ရှင်အသုံးအဆောင် တစ်ခု အနေနဲ့ သုံးရင်လည်း တကယ်ကို စတိုင်လ်ကျ တင့်တယ် စေပါတယ်။ လူတိုင်း နေကာမျက်မှန် တစ်လက်တော့ ပိုင်ဆိုင်သင့်ပါတယ်။ နေကာမျက်မှန် ရွေးချယ်တဲ့နေရာမှာ ကွီးတို့ မျက်နှာပုံသဏ္ဍာန်နဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်ပါ။

ခါးပတ်

အမျိုးသားတိုင်း အသုံးအဆောင်

Photo : Insider

နောက်ထပ်ဖော်ပြပေးချင်တဲ့ အမျိုးသားတိုင်း အတွက် ရှိသင့်သော အသုံးအဆောင် ပစ္စည်းများထဲက တစ်ခုကတော့ ခါးပတ်ပဲ ဖြစ်ပါတယ်။ ခါးပတ်တွေက ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုရဲ့ အလုံးစုံအသွင်အပြင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ခါးပတ်များက ဖက်ရှင်ကျတဲ့ အမျိုးသားအားလုံးရဲ့ မရှိမဖြစ်ပါပဲ။ ကွီးတို့ ဖိနပ်နဲ့ လိုက်ဖက်တဲ့ ခါးပတ်အရောင်ကို ရွေးချယ်ဝတ်ဆင်ပါ။

ပိုက်ဆံအိတ်

man wallet

Photo : Waston & Wolfe

ယောက်ျားတော်တော်များများက ပိုက်ဆံအိတ်ကို သိပ်အလေးအနက်ထားပြီး မရွေးချယ်ပါဘူး။ ဒါမဲ့ ကွီးတို့ရဲ့ ငွေသားတွေ၊ ကဒ်တွေ၊ လိုင်စင်ကဒ်တွေ ထည့်ဖို့ ပိုက်ဆံအိတ်က လိုအပ်ပါတယ်။ ပိုက်ဆံအိတ်က မရှိမဖြစ် မလိုအပ်သော်လည်း ကွီးတို့ရဲ့ ငွေသားနဲ့ ကဒ်တွေ စနစ်တကျ ထည့်ထားရန်အတွက်အပြင် ၊ အဆင်ပြေမှုနဲ့ စတိုင်လ်ကို ပေးဆောင်သည့် ဆက်စပ်ပစ္စည်း ဖြစ်သောကြောင့် အရည်အသွေးကောင်းသော ပိုက်ဆံအိတ် ကောင်းကောင်း တစ်လုံးတော့ ရှိသင့်ပါတယ်။

နက်ကတိုင်များ

Tie

Photo : The Modest Man

နက်ကတိုင်တွေက နေ့စဉ်ဝတ်ဆင်ရန်မလိုသော်လည်း အမျိုးသားများမှာ ရှိသင့်တဲ့ အသုံးအဆောင်ပစ္စည်းထဲမှာ ပါဝင်ပါတယ်။ လည်စည်းမပါတဲ့ အနောက်တိုင်း ဝတ်စုံက ပြည့်စုံမှု မရှိပါဘူး။ နက်ကတိုင်များက ဂန္ထဝင်ဆန်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ လူတိုင်းရဲ့ အကြိုက်ပေါ် မူတည်ပေမယ့် ရိုးရှင်းတဲ့ လည်စည်းနဲ့ ဝတ်စုံကို လိုက်ဖက်အောင် ဝတ်ဆင်ဖို့ အကြံပြုလိုပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အသုံးအဆောင် ပစ္စည်းများက အမျိုးသားတိုင်းရဲ့ ဖက်ရှင်နဲ့ အသွင်အပြင်ကို ထောက်ပံ့ပေးနိုင်တဲ့ ရှိသင့်တဲ့ အရာများ ဖြစ်ပါတယ်။

Source : Medium

Featured Photo : Life Style