မန်ယူနဲ့ လက်တွဲဖြုတ်ခဲ့ပြီး ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းဆီကို အံ့အားသင့်စဖွယ် ပြောင်းရွှေ့ခဲ့တဲ့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဝေဖန်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အခုဆိုရင် ရော်နယ်လ်ဒိုက အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၄)ပွဲအထိ ကစားထားပြီးချိန်မှာပဲ သွင်းဂိုး စုစုပေါင်း ဂိုး (၃၀)တောင် သွင်းယူထားနိုင်ခဲ့ပါတယ်။
Photo Credit : CNN
ဥရောပ ဘောလုံးနယ်ပယ်ကို စွန့်ခွာပြီး ဆော်ဒီလိဂ်လို ဘောလုံးပရိသတ်တွေ သိပ်မရင်းနှီးလှတဲ့ လိဂ်ပြိုင်ပွဲတစ်ခုကို ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်လ်ဒိုကြောင့် ဒီနွေဈေးကွက်မှာပဲ ကမ္ဘာကျော် ဘောလုံးသမားတွေပါ ဆော်ဒီလိဂ်ဆီကို တန်းစီ ပြောင်းရွှေ့လာကြပါတော့တယ်။ ရော်နယ်လ်ဒိုကလည်း မာနေး ဘရိုဇိုဗစ် အိုတာဗီယို တဲလက်စ် လာပေါ့တ်တို့လို ထိပ်တန်း ကစားသမားတွေနဲ့ပါ အသင်းဖော်သစ်တွေ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုရဲ့ ဒီအသင်းဖော်တွေ အယ်လ်နာဆာအသင်းဆီ မရောက်လာခင်တုန်းက ရော်နယ်လ်ဒိုက အယ်လ်နာဆာအတွက် လက်ကျန် ရာသီဝက်ကိုသာ ကစားခဲ့ရပြီး စုစုပေါင်း (၁၉)ပွဲ ကစားခဲ့ရာ (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းအတွက် ဘောလုံးရာသီတစ်ခုကို အပြည့်အဝ ဖြတ်သန်းနေပြီး နေမာ ဘန်ဇီမာ ဖာမီနိုတို့လို ထိပ်တန်း တိုက်စစ် ကစားသမားတွေ ရောက်လာချိန်မှာတောင်မှ ရော်နယ်လ်ဒိုက ဒီကစားသမားတွေထက် စွမ်းဆောင်ရည်ကောင်းတွေ ပိုမို ပြသလို့ထားကာ ဆော်ဒီ ပရိုလိဂ် (၇)ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုးအများဆုံး နဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းတွေမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်နေပါတယ်။
Photo Credit : Marca
ဒါက GOAT ကြီးရဲ့ ရှယ်ကြမ်းတဲ့ Skill တွေပါ။ အသက် (၃၈)နှစ်အရွယ် ရောက်နေပေမယ့် ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ့်ကို လက်ဖျားခါလောက်စရာကောင်းပါတယ်။ ဒီရာသီမှာ ဆော်ဒီလိဂ် အမှတ်ပေးပြိုင်ပွဲအတွင်း (၇)ပွဲကစား (၁၀)ဂိုးသွင်း (၅)ဂိုးဖန်တီးထားတဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ် ပွဲစဉ်တစ်ပွဲမှာ အနည်းဆုံး ဂိုး (၂)ဂိုးအထိ ပါဝင် ပတ်သက်ထားနိုင်သလို လက်ရှိမှာဆိုရင်လည်း ရော်နယ်လ်ဒိုက အယ်လ်နာဆာ ကစားသမားဘဝ ပွဲပေါင်း (၃၄)ပွဲမှာ ဂိုး (၃၀)ထိ သွင်းယူထားသလို ကစားသမားဘဝရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ရီးယဲလ် မက်ဒရစ်ကနေ ထွက်ခွာပြီးချိန် ဂျုဗင်တပ်စ် မန်ယူ အယ်လ်နာဆာတို့မှာ ကစားရင်း ကလပ်အသင်း သွင်းဂိုး (၁၅၈)ဂိုးနဲ့ ပေါ်တူဂီအတွက် (၄၂)ဂိုး စုစုပေါင်း ဂိုး (၂၀၀) သွင်းယူနိုင်ခဲ့ပါတယ်။
Featured Photo :