ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ သူရဲ့လက်ရွေးစင်အသင်းဖော်တွေ ကလပ်အသင်းဖော်ဟောင်းတွေကို အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့လာကြဖို့ စည်းရုံးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း ပေါ်တိုအသင်းနဲ့ လမ်းခွဲတော့မယ့် ခံစစ်မှူးကြီး ပီပီကိုပါ အယ်လ်နာဆာဆီ ပြောင်းလာဖို့ စည်းရုံးထားပါသေးတယ်။
Photo Credit: Al Nassr Zone
ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ပြီးကတည်းက ယူနိုက်တက် အသင်းဖော်ဟောင်း အဲလက်စ် တဲလက်စ်က အယ်လ်နာဆာဆီ ရောက်လာသလို ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီမှာ တွဲဖက် ကစားဖူးတဲ့ အော်တာဗီယိုကလည်း ပေါ်တိုကနေ အယ်လ်နာဆာဆီ ရောက်ရှိလာခဲ့ပါတယ်။ နောက်ပြီး အယ်လ်နာဆာက မာနေး ဘရိုဇိုဗစ် လာပေါ့တ်တို့လို ကစားသမားကောင်းတွေကိုပါ ဆက်လက် ခေါ်ယူဖြည့်တင်းနိုင်ခဲ့ပြီး လာမယ့်နွေဈေးကွက်ထဲမှာလည်း ရော်နယ်လ်ဒိုရဲ့ ဘော်ဒါဟောင်းတွေကို အသင်းဆီ ဆက်လက် ခေါ်ဆောင်ဖို့ စီစဉ်နေပြန်ပါတယ်။
Photo Credit: Marca
အယ်လ်နာဆာက သူတို့ကစားသမားတွေအတွက် မြင့်မားတဲ့ လုပ်ခလစာ ပေးချေမှုတွေ အမြဲပြုလုပ်ပေးတက်တာဖြစ်လို့ ကစားသမား ခေါ်ယူရာမှာလည်း ပြောင်းရွှေ့ကြေး အသုံးပြုရတာထက် free agent ဖြစ်နေတဲ့ ကစားသမားတွေကိုသာ ပိုမို ဦးစားပေး ခေါ်ယူတက်ပါတယ်။ လက်ရှိ သူတို့အသင်း ပစ်မှတ်ထားနေတဲ့ free agent players တွေထဲမှာ ဂိုးသမား ဒေးဗစ် ဒီဂီယာ ၊ နောက်ခံလူ ရာဖယ်လ် ဗာရန်းနဲ့ ဗာရန်းနဲ့ ရော်နယ်လ်ဒိုတို့ အသင်းဖော်ဟောင်း ခံစစ်မှူးကြီး ပီပီတို့ ပါဝင်လို့နေပါတယ်။
Photo Credit: Daily Mail
ဒီကစားသမားတွေအားလုံးကလည်း ရော်နယ်လ်ဒိုရဲ့ လက်ရှိအသင်းဖော် အသင်းဖော်ဟောင်းတွေ ဖြစ်လို့နေပြီး အယ်လ်နာဆာကလည်း ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူရမယ့် ယူနိုက်တက် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကိုပါ ပစ်မှတ်ထားလျက် ရှိနေသလို ဒီနွေမှာ မန်စီးတီးနဲ့ လက်တွဲဖြုတ်နိုင်ခြေရှိတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ The Assist King ကယ်လယ် ဒီဘရိုင်းနားကိုပါ ခေါ်ယူချင်နေပြန်ပါတယ်။ ဒါကြောင့် အယ်လ်နာဆာအသင်းဆီ ရော်နယ်လ်ဒိုရဲ့ ဘော်ဒါဟောင်းတွေ ဘယ်နှယောက် ခေါ်ယူသွားနိုင်မလဲ နောက်ထပ် ထိပ်တန်း ကစားသမား ဘယ်နှယောက်ကို ခေါ်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။
Featured Photo: United in Focus, DeviantArt , Reddit