ခန္ဓာကိုယ်မှာ ရှိတဲ့အရိုးတွေ ကျန်းမာသန်စွမ်းနေဖို့ အရေးကြီးပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားဖို့အတွက် သွားကနေစပြီးတော့ ခြေဖျားအထိ အရိုးတွေ သန်မာနေဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာက်တွေဟာ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေပါ။ ကယ်လ်ဆီယမ်နဲ့ဗီတာမင် ဒီကတော့ အရိုးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရိုး များ သန်စွမ်းကြံ့ခိုင်စေဖို့အတွက် စားပေးသင့်တဲ့ အစားအစာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဥအမျိုးမျိုး

Photo : Nellie’s Free Range Eggs

ဥတွေမှာ ခန္ဓာကိုယ် ကျန်းမာရေး အတွက်လိုအပ်တဲ့ အာဟာရဓာက်တွေ အများဆုံး ပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် တွေ၊ သံဓာတ် နဲ့သတ္တု ဓာတ် ၊ အဆီနဲ့ ပရိုတင်းဓာတ် စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေတာကြောင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကူညီပေးပါတယ်။

(၂) နို့နဲ့ နို့ထွက်ပစ္စည်းများ

Photo : Medical News Today

ကလေးဘဝကတည်းက အရိုးအဆစ် သန်မာစေဖို့ နွားနို့သောက်ရမယ်ဆိုတာ သိထားကြပါတယ်။ နွားနို့ သောက်ခြင်းဟာ သွားနဲ့ အရိုးတွေ သန်မာစေပါတယ်။ နွားနို့လိုပဲ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ် ၊ ဒိန်ချဉ် တွေမှာလည်း အရိုးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် တွေပါဝင်ပါတယ်။  နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ ဗီတာမင် ဒီ ဓာတ်တွေလည်း အပြည့်အဝ ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။

(၃) ဆယ်လ်မွန်ငါး

Photo : Serious Eats

ဆယ်လ်မွန်ငါးမှာ ကျန်းမာရေးအတွက်လိုအပ်တဲ့ အဆီတွေ အများကြီး ပါဝင်ပါတယ်။ ပြီးတော့ အရိုးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် ဒီ ဓာတ်လည်း ပါဝင်ပါသေးတယ်။ တစ်ရက်ကို ဆယ်လ်မွန်ငါး ၁ အောင်စ လောက်စားပေးရင် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ၃ပုံ ၁ပုံကို ရရှိ နိုင်ပါတယ်။

(၄) အစိမ်းရောင်အရွက်များ

Photo : Verywell Fit

အရိုးကျန်းမာရေးအတွက် အစိမ်းရောင်ရှိတဲ့ ကိုက်လန် ၊  မုန်ညှင်းနဲ့ ဟင်းနုနွယ်ရွက်တွေ စားပေးနိုင်ပါတယ်။ ဒီအစိမ်းရောင်အရွက်တွေက ခန္ဓာကိုယ် ကျန်းမာရေးအတွက် သာမက ကယ်လ်ဆီယမ်ပမာဏလည်း မြောက်များစွာပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

(၅) အမဲအသည်း

Photo : Healthline

အမဲ အသည်းမှာ အရိုးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ဓာတ်တွေ ပါဝင်ပါတယ်။ တစ်ရက်ကို အမဲအသည်း ၈၁ ဂရမ် စားပေးခြင်းအားဖြင့် တစ်ရက်တာအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏကို ရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Your Health