အလှဆင်ခြင်း Decoration ပိုင်းနဲ့ ပတ်သက်လာတဲ့အခါ ကွီးတို့ရဲ့ အလုပ်စားပွဲကိုလည်း မေ့မထားသင့်ပါဘူး။ ဘတ်ဂျက်ချွေတာပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ ကွီးတို့အတွက် ကိုယ့် အလုပ်စားပွဲ ကို Recycle ပစ္စည်းများ အသုံးပြုကာ DIY နည်းလမ်းနဲ့ ဘယ်လိုအလှဆင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

မိမိအိမ်ထဲမှာရှိတဲ့ အသုံးမလိုတော့တဲ့ ပစ္စည်းများကို ချက်ချင်းမလွှင့်ပစ်ဘဲ ကိုယ့်ရဲ့ အလုပ်စားပွဲ အတွက် Recycle ပြန်လုပ်ကာ DIY နည်းလမ်းများနှင့် အလှဆင်ပေးလိုက်ပါ။

အဝတ်ညှပ်တဲ့ကလစ်ကို ဖိုင်တွဲတွေ ညှပ်လို့ရအောင် ဖန်တီးလိုက်ပါ

အလုပ်စားပွဲ Recycle DIY

ကလစ်များကို ရက်အလိုက် စီထားတာပဲဖြစ်ဖြစ် (သို့) အရောင်အလိုက် စီထားတာပဲဖြစ်ဖြစ် ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့အလုပ်စားပွဲသည် သပ်သပ်ရပ်ရပ်နှင့် သူ့ဟာသူနဲ့ အစီအရီကျနေမှာ ဖြစ်ပါတယ်။

ကတ်ထူစက္ကူကို Mousepad အဖြစ် အသုံးပြုပါ

အလုပ်စားပွဲ Recycle DIY

ကွီးတို့ရဲ့ အလုပ်စားပွဲ အတွက် ကတ်ထူစက္ကူသည်လည်း Recycle ပြုလုပ်နိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး DIY ပြုလုပ်ရာမှာလည်း လွယ်ကူရိုးရှင်းပါတယ်။ အရင်ဦးဆုံး ကတ်ထူစက္ကူကို မိမိစိတ်ကြိုက်ပုံသဏ္ဍာန် ညီညီညာညာ ညှပ်လိုက်ပါ။ အဝိုင်းပုံသဏ္ဍာန်၊ ဘဲဥပုံသဏ္ဍာန်၊ စတုရန်းပုံ စသည်ဖြင့် မိမိစိတ်ကြိုက်ဖန်တီး နိုင်ပါတယ်။

မိမိစိတ်ကြိုက် ညှပ်ပြီးသွားပြီဆိုရင်တော့ အရောင်ခြယ်တဲ့အပိုင်း ရောက်သွားပါပြီ။ ကွီးတို့ နှစ်သက်ရာ အရောင်တစ်မျိုးမျိုးကို ရွေးချယ်ကာ သုတ်ပေးလိုက်ပါ။ အခြောက်ခံပြီးနောက်မှာတော့ ဒီဇိုင်းအမိုက်စား Mousepad လေး တစ်ခုရရှိသွားပြီပဲ ဖြစ်ပါတယ်။

ခဲတံ၊ ဘောပင်နှင့် စာရေးကိရိယာများ ထည့်နိုင်တဲ့ ခွက်

အလုပ်စားပွဲ Recycle DIY

ဒီနည်းလမ်းလေးကို ဖန်တီးချင်တဲ့ ကွီးတို့အတွက်တော့ အသုံးမလိုတော့တဲ့ ဖန်ပုလင်း (သို့) ဘူးအလွတ် တစ်ခုရှိရင်ပဲ လုံလောက်ပါပြီ။ ရိုးရိုးရှင်းရှင်းလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ထိုဘူးလေးကို သူ့အတိုင်း အကြည်ဒီဇိုင်းလေးပဲထားကာ အသုံးပြုနိုင်ပါတယ်။

အလုပ်စားပွဲ Recycle DIY

လှလှပပဒီဇိုင်းမျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဆေးရောင်စုံ ခြယ်ခြင်း (သို့) စပရေးဘူးဖြင့် ဖြန်းကာ အလှဆင်ခြင်း (သို့) အလှတိတ်များ ကပ်ကာ အလှဆင်ခြင်းစသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။

အလုပ်စားပွဲ Recycle DIY

ဒီနည်းလမ်းလေးက ကွီးတို့အတွက် Pencil Holder သပ်သပ် ထပ်ဝယ်စရာမလိုတဲ့အတွက်ကြောင့် ပိုက်ဆံချွေတာရာလည်း ရောက်ပြီး ကိုယ့်ရဲ့ အလုပ်စားပွဲသည်လည်း စီစီရီရီလေးနဲ့ ကြည့်ကောင်းနေစေမှာပါ။

စားပွဲတင် ပြက္ခဒိန်

table calendar

ဒီပြက္ခဒိန်လေး ပြုလုပ်ဖို့ဆိုရင် ရေဆေးစက္ကူ၊ ရေဆေးဘရက်ရှ်နှင့် အရောင်များ စသည်တို့ လိုအပ်ပါလိမ့်မယ်။ တစ်နှစ်မှာ ၁၂ လရှိတဲ့အတွက်ကြောင့် လအလိုက် အရောင်များကို ရေးခြယ်နိုင်ပါတယ်။ ထို့နောက် ရက်သတ္တပတ်များကို ဘရက်ရှ်လေးဖြင့် အမှတ်အသားပြုလုပ်ကာ ရေးဆွဲလိုက်မယ်ဆိုရင်တော့ ကွီးတို့စိတ်ကြိုက် စားပွဲတင် ပြက္ခဒိန်လေး ရရှိသွားပြီပဲ ဖြစ်ပါတယ်။

table calendar

အခုဖော်ပြသွားတဲ့ နည်းလမ်းများသည် ကွီးတို့အတွက် အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Fun365.orientaltrading

Featured Image: Pinterest