အလေးတုံးတွေက လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အကူအညီပေးနိုင်ပြီး ကြွက်သားများကို တောင့်တင်းသန်မာလာစေပါတယ်။ ဒါဆိုရင် အလေးတုံး မရှိဘဲနဲ့ရော ကိရိယာလွတ် လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ဝိတ်ချ လို့ မရဘူးလား။

ရတာပေါ့။ အလေးတုံး တွေ အသုံးပြုစရာမလိုဘဲ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ဝိတ်ချ နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ ကွီးတို့သာ ပုံမှန် လုံ့လ စိုက်ထုတ်ပြီး မပျက်မကွက် ပြုလုပ်ပေးဖို့ပဲ လိုအပ်တာပါ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်ချရမှာ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

အရှေ့သို့ လျှောက်ကာ Walking Lunge ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ခြေထောက် တစ်ဖက်စီကို ၁၀ ကြိမ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

အလေးတုံး ဝိတ်ချ

 

ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ ရင်အုပ်နှင့် လက်မောင်းကြွက်သားများကို သန်မာလာအောင် ကူညီပေးပါလိမ့်မယ်။​ စုစုပေါင်း ၁၀ ကြိမ် (သို့) အကြိမ် ၂၀ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

အလေးတုံး ဝိတ်ချ

အလေးတုံးမရှိလို့ စိတ်မညစ်ပါနဲ့။ အလေးတုံးအစား အပုံလိုက် ထပ်ထားတဲ့ စာအုပ်အထူ (သို့) ရေဘူးတို့ကို အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

အလေးတုံး ဝိတ်ချ

Plank လေ့ကျင့်ခန်းကတော့ စက္ကန့် ၃၀ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများ၊ အထူးသဖြင့် ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

အလေးတုံး ဝိတ်ချ

ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၃၀ ပြည့်အောင် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ အသက်ကို ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး စည်းချက်ညီညီနဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ အလေးတုံး မပါဘဲ ဝိတ်ချ နိုင်အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့ တစ်ခုကြား ၁၀ စက္ကန့်စီ အနားယူနိုင်ပါတယ်။ ထို့နောက် လေ့ကျင့်ခန်း အစကနေအဆုံး တစ်ကျော့ ပြည့်သွားတဲ့အခါ ၁ မိနစ်ခန့် အနားယူပါ။ ထို့နောက် ၅ ကျော့ပြည့်အောင် ဆက်လက်ဆော့ကစားရပါမယ်။

ကွီးတို့ရော ဝိတ်ချဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းများကို ရွေးချယ်ပြုလုပ်နေပါသလဲ။

Source: Manofmany

Featured Image: Freepik