မန်ယူနည်းပြကြီး အဲရစ် တန်ဟက်ဂ်က မန်ယူနဲ့ တွမ်တီးအသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင်မှာ နယ်သာလန်ကလပ် တွမ်တီးဟာ သူ့အသင်းဟောင်းဖြစ်လို့ ဒီအသင်းနဲ့ မရင်ဆိုင်ချင်ကြောင်း ပြောခဲ့ပါသေးတယ်။ ဒါကြောင့်များ ဆရာတန် အနေနဲ့ သူ့အသင်းဟောင်းကို အနိုင်မယူရက်လို့ ပွဲကို ဦးဆောင်ထားပြီးမှ ချေပဂိုး ပြန်ခွင့်ပြုပြီး အသင်းဟောင်းအတွက် သရေတစ်မှတ်များ ပေးလိုက်လေသလားပဲ။

manutd 1-1 fctwente

Photo Credit: Manchester United’s X

တကယ်တော့ တွမ်တီးနဲ့ပွဲက ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပထမဦးဆုံး တာထွက်ပွဲဖြစ်တဲ့အပြင် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ပွဲလည်း ဖြစ်တာမို့ အနိုင်ရလဒ်နဲ့သာ တာထွက်ခဲ့သင့်ပေမယ့် ဆရာတန်ရဲ့အသင်းကတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ တသမတ်တည်း ရှိမနေတဲ့ performance တွေနဲ့ ဆရာတန် ကိုယ်တိုင် အလုပ်မဖြစ်တဲ့ လူစားလဲမှုတွေနဲ့ သရေတစ်မှတ်ပဲ ရလိုက်ပါတယ်။

eriksen

Photo Credit: beIN SPORTS

ဒီနောက်ပိုင်းပွဲတွေမှာ ကပ္ပတိန် ဘရူနိုကလည်း တကယ့်ကို ပြောစမှတ်ဖြစ်လောက်အောင် ခြေစွမ်းပိုင်းတွေ ကျဆင်းလို့နေပြီး သူရဲ့ ကစားပုံက စိတ်ပျက်စရာ အတော် ကောင်းနေပါတယ်။ ဒီပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်က သူရဲ့အမှားကနေပဲ တွမ်တီးဘက်ကို ချေပဂိုး ပြန်လည် ခွင့်ပြုလိုက်ရပါတယ်။ ဒီရလဒ်ကြောင့် မန်ယူက လာမယ့် ပေါ်တို ဖီနာဘာချီတို့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့အတွက် ဖိအားတွေ များသွားရတော့မှာပဲ ဖြစ်ပါတယ်။

ten hag vs former his club

Photo Credit: Bleacher Report Football’s X

ဒါ့အပြင် မန်ယူက ပဲလေ့စ်ကို ဂိုးမရှိသရေပွဲမှာ ပွဲကစားချိန် (၆၅)မိနစ်လောက်အထိ တကယ့်ကို အကောင်းဆုံးပုံစံနဲ့ ကစားပြရင်း အဆုံးသတ်မကောင်းလို့သာ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲကျတော့ မန်ယူက ပုံစံကောင်းပြနိုင်ဖို့လည်း ရုန်းကန်ခဲ့ရသလို ပွဲကို ဦးဆောင်ထားချိန် ပြတ်သားတဲ့ ဦးဆောင်မှုမျိုးဖြစ်အောင် မလုပ်ဆောင်နိုင်သလို ရုတ်တရက် ချေပဂိုး ပေးလိုက်ရချိန်မှာလည်း ပြန်လည် ဦးဆောင်နိုင်မယ့် အနေအထားမျိုးရောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ နောက်ပြီး အခုပွဲမတိုင်ခင် ဆရာတန် ပြောခဲ့သလို ကိုယ်ချစ်မြတ်နိုးတဲ့ အရာကို ထိခိုက်နာကျင်အောင် လုပ်ရတာ အဆင်မပြေဘူး ဆိုတဲ့အတိုင်း သူ့အသင်းဟောင်းကို အနိုင်မယူခဲ့တာများလားဆိုတာကလည်း တွေးချင်စရာ ဖြစ်လာခဲ့ရပါတယ်။

Featured Photo: