လောကမှာ အားကြီးသူက အားနည်းသူတွေကို အနိုင်ယူကြစမြဲပါပဲ။ အားနည်းတဲ့ လူနည်းစုဟာ အမြဲတစေ ဖိနှိပ်ခံ ၊ ခွဲခြားဆက်ဆံခြင်းတွေကို ခံကြရပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အထင်ရှားဆုံး ဥပမာကတော့ အာဖရိကန်-အမေရိကန် လူမှုအသိုင်းအဝိုင်းပါပဲ။ ဒါပေမယ့် မတရားမှုတွေကို တွန်းလှန် တော်လှန်ချင်တဲ့ စိတ်နဲ့ စဉ်ဆက်မပြတ် ရုန်းထွက်ဖို့ ကြိုးစားမှုတွေကနေတဆင့် အခုဆိုရင် လူမည်းအသိုင်းအဝိုင်းဟာ ကမ္ဘာပေါ်မှာ တန်းတူညီမျှ အခွင့်အရေးများစွာ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ အကျော်ကြားဆုံး အာဖရိကန် – အမေရိကန် လူမျိုး ၅ ဦးအကြောင်းကို ပြောပြပေးချင်ပါတယ်။
(၁) မာတင် လူသာကင်း Jr
Photo : Medium
မာတင် လူသာကင်း Jr ဟာ အမေရိကားမှာ အာဖရိကန်-အမေရိကန်တွေကို ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် သတ်မှတ်ပြီး လူမျိုးရေးခွဲခြားမှုတွေ အကြီးအကျယ်လုပ်ဆောင်ခံခဲ့ရချိန်မှာ လူမည်းတွေအတွက် နိုင်ငံသားအခွင့်အရေး တန်းတူညီမျှ ရဖို့ ဦးဆောင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ အကြမ်းမဖက်ခြင်းကို အခြေခံပြီး ကမ္ဘာကြီးကို ပြောင်းလဲဖို့ သူရဲ့ အမြင်တွေကို ရဲရင့်စွာ ချပြခဲ့သူပဲ ဖြစ်ပါတယ်။
(၂) မိုက်ကယ်ဂျက်ဆင်
ဂီတဟာ လူတွေကို သဟဇာတ ဖြစ်စေတယ်။ လူမျိုး ၊ အသားအရောင် ၊ ဘာသာရေး နဲ့ နိုင်ငံတွေ ဘယ်လောက်ပဲ မတူကွဲပြားပါစေ လူသားအချင်းချင်း ပေါင်းစည်းနိုင်တယ်ဆိုတာကို ထိပ်တန်းပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်က သက်သေပြခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ သူဖန်တီးတဲ့ ဂီတအနုပညာနဲ့အတူ ကမ္ဘာကြီးကို အမှန်တကယ် ပြောင်းလဲစေခဲ့ရုံမက လူသားအချင်းချင်း စာနာထောက်ထားမှု ၊ ချစ်ခင်ကြင်နာမှုရှိဖို့ကိုလည်း လမ်းညွှန်ပြသပေးခဲ့ သူဖြစ်ပါတယ်။
(၃) အော်ပရာ ဝင်းဖရေး
Photo : Golden Globes
အော်ပရာ ဝင်းဖရေးဟာ ကလေးဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ အဆိုးရွားဆုံး လောကဓံရဲ့ ရိုက်ချက်တွေ ရင်ဆိုင်ကြုံခဲ့ရပေမယ့် အားမလျော့ပဲ ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့တဲ့ အရဲရင့်ဆုံး လူမည်းအမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ လက်ရှိ ကိုယ်ပိုင်ရုပ်မြင်သံကြားချန်နယ် တည်ထောင်ထားပြီး သူမရဲ့ Talk Show အစီအစဉ်ဟာလည်း ဒီဘက်ခေတ်ရဲ့ လူကြိုက်အများဆုံး Show တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ အော်ပရာ ဝင်းဖရေး ရဲ့ ဘဝဖြတ်သန်းမှုနဲ့ အောင်မြင်မှုတွေဟာ လူမည်းအသိုင်းအဝိုင်း တစ်ခုလုံးအတွက်သာမက ကမ္ဘာပေါ်က လူသားတိုင်းအတွက် စိတ်ခွန်အားများစွာ လှုံ့ဆောင်ပေးနိုင်ခဲ့ပါတယ်။
(၄) ဘားရက် အိုဘားမား
Photo : WNYC
ဘားရက်အိုဘားမားဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန် သမ္မတ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတစ်လျောက်လုံး နိုင်ငံ့တာဝန်ကို အကောင်းဆုံးတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ဒီနေ့တိုင် လူတိုင်းလေးစားရတဲ့ ထင်ရှားတဲ့ လူမည်းတစ်ဦးပဲ ဖြစ်ပါတယ်။
(၅) မိုဟာမက် အလီ
Photo : GQ
“လိပ်ပြာတစ်ကောင်လို ပျံသန်းပါ ၊ ပျားတစ်ကောင်လို တိုက်ခိုက်ပါ” ဆိုတဲ့စကားက ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား မိုဟာမက် အလီကို ရည်ညွှန်းဖော်ပြတဲ့ စကားလို့ပြောရင် မမှားနိုင်ပါဘူး။ သူဟာ ကြိုးဝိုင်းပေါ်က ထိုးသတ်ပွဲတိုင်းကို အနိုင်ယူ ထိုးသတ်နိုင်ခဲ့ပေမယ့် လူသားဆန်စိတ်အပြည့်ရှိတဲ့ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကပဲ မိုဟာမက် အလီကို သူ့ခေတ်သူ့အခါမှာ အကျော်ကြားဆုံး လူတွေထဲက တစ်ယောက် ဖြစ်လာစေခဲ့တာပါ။
Featured Photo : Encyclopedia Britannica