Gym ကစားတာ ဒါမှမဟုတ် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ ကြွက်သား နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါက အားကစား လုပ်စဉ်မှာ ကြွက်သားနဲ့ တစ်သျှူးတွေ ဒဏ်ဖြစ်တာကြောင့် နာကျင်မှုဝေဒနာ ခံစားရတာပါ။ ဒီလို အားကစား လုပ်ပြီးချိန်မှာ ကြွက်သား နာကျင်မှုတွေကို သက်သာစေပြီး နောက်ရက်မှာ နလန်ထူနိုင်ဖို့ ကွီးတို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အားကစား မလုပ်ခင်နဲ့ လုပ်ပြီးချိန်တွေမှာ အကြောလျှော့ပါ

stretching

Photo : Men’s Health

အားကစားမလုပ်ခင်နဲ့ လုပ်ပြီးချိန်တွေမှာ အနည်းဆုံး ၁၅ မိနစ်လောက် အကြော့လျှော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ အကြောလျှော့တာဟာ ကြွက်သား နာကျင်မှုကို သက်သာစေသလို ကြွက်သားနဲ့ တစ်သျှူးတွေဆီ သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။ ကြွက်သားတွေဆီသို့ သွေးစီးဆင်းမှု ကောင်းရင် အချိန်ကြာကြာ အားကစားလုပ်နိုင်ပြီး ကြွက်သားတွေမှာ ဒဏ်ဖြစ်တဲ့ ပြဿနာကိုလည်း အထိုက်အလျောက်တော့ လျော့ပါးသက်သာ စေနိုင်ပါတယ်။

(၂) ပရိုတင်း မှီဝဲပါ

protein

Photo : Verywell Fit

အားကစားသမားတိုင်းကတော့ ပရိုတင်းဓာတ် လုံလောက်အောင် စားဖို့ လိုပါတယ်။ ပရိုတင်းဟာ ကြွက်သား တည်ဆောက်မှုနဲ့ ပျက်စီးပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်လည်ပြုပြင်ရာမှာ အဓိကအရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ လေ့ကျင့်ခန်းကြောင့် ကြွက်သားတွေ ဒဏ်ဖြစ်ပြီး နာကျင်ကိုက်ခဲတာတွေ သက်သာစေဖို့နဲ့ ကြွက်သားအသစ်တွေ ပြန်လည်ဖွဲ့စည်းရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ပရိုတင်းဓာတ် ပြည့်စုံလုံလောက်အောင် စားပေးသင့်ပါတယ်။

(၃) ရေများများသောက်ပါ

Water

Photo : Men’s Health

အားကစားလုပ်ချိန်မှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးတာဟာ စွမ်းအင်ပြည့်လည် ပြည့်ဝစေသလို ကြွက်သားတွေ နလန်ပြန်ထစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ကြွက်သားတွေ အားနည်းတာ ၊ ကြွက်တက်တာ စတဲ့ ပြဿနာတွေဟာ ရေဓာတ်ခမ်းခြောက်မှုနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေပါ။ အဓိကအားဖြင့် ရေများများ သောက်ပေးမယ်ဆိုရင် ကြွက်သားတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို ပုံမှန်အတိုင်း ဖြစ်စေပြီး အားကစား လုပ်ဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

(၄) အိပ်ချိန် ပြည့်ပြည့်ဝဝ အိပ်ပါ

sleep

Photo : Pexels

အားကစားလုပ်ပြီးချိန် အိပ်ရေးဝဝ အိပ်စက်အနားယူမှု လုပ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား ပြည့်ပြည့်ဝဝ အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်ရေးဝမှ အားကစားလုပ်ရာမှာ စွမ်းဆောင်ရည် ပိုကောင်းမှာ ဖြစ်သလို ပင်ပန်းနွမ်းနယ်နေတဲ့ ကြွက်သားတွေကို ပြန်လည်အားပြည့်စေပြီး Recovery မြန်မြန်ရစေမှာ ဖြစ်ပါတယ်။

(၅) ရေခဲအိတ်ကပ်ပါ

Ice pack

Photo : Lifehacker

ကြွက်သားတွေ ရောင်ရမ်းနာကျင်နေတယ် ဆိုရင်တော့ ရေခဲအိတ်ကပ်တာဟာ အကောင်းဆုံး ကုသနည်းတစ်ခု ဖြစ်ပါတယ်။ လောလော လတ်လတ် ဖြစ်ထားတဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေအတွက် ရေခဲဟာ အကောင်းဆုံး ကုထုံးနည်းပါပဲ။ ရေခဲအိတ်ဟာ ကြွက်သား ရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေ တင်းကြပ်မှုနဲ့ ဒဏ်ဖြစ်မှု အခြေအနေကို ပြေလျော့သက်သာ စေနိုင်ပါတယ်။

Source : Everyday Health

Featured Photo : NBC News