အားလပ်ရက်ကို ပျင်းပျင်းနဲ့ အိပ် ချည်းနေပြီး ကုန်ဆုံးမယ်ဆိုရင်တော့ သိပ်မဟန်ပါဘူး။ ဒါကြောင့် ကွီးတို့ကို အပျင်းလည်းပြေ ၊ ဖန်တီးမှုစွမ်းရည်လည်း တိုးစေမယ့် DIY ပရော့ဂျက် တွေ ပြောပြပေးချင်ပါတယ်။
(၁) ကြိုးတပ်ခုံ
Photo : Hallmark Channel
အိမ်မှာ အခင်းတွေပျက်စီးပြီး မသုံးဖြစ်တော့တဲ့ သတ္တုထိုင်ခုံအဟောင်းတွေ ရှိပါသလား။ ရှိတယ်ဆိုရင်တော့ Outdoor Party တွေနဲ့ ခြံဝန်းလေးထဲမှာ အေးအေးဆေးဆေး အနားယူဖို့ အတွက် ထိုင်ခုံလှလှလေးတစ်လုံး ကွီးတို့ကိုယ်တိုင် အသစ်တဖန်ပြန်လည်ဆန်းသစ် ဖန်တီးလို့ရပါတယ်။ ခုံအဟောင်းက အခင်းတွေ အားလုံးကို ဖယ်ပြီး Frame သပ်သပ် ခွဲထုတ်လိုက်ပါ။ ထို့နောက် Paracord ကြိုးနဲ့ ခုံရဲ့ Frame တန်းတွေပေါ် ဘယ်ညာပြေးပြီး ယှက်ချည်လိုက်ပါ။ ကြိုးအရောင်ကိုတော့ နှစ်သက်သလို ၂ ရောင် ၃ ရောင်ခွဲပြီး အလှဆင်နိုင်ပါတယ်။
(၂) PVC ပိုက်စင်
Source : The Awesomer
အိမ်တွင်းအလှဆင်ဖို့အတွက် ငွေသိပ်မကုန်ပဲ အထာကျတဲ့ PVC ပိုက်စင်လေးတွေ ဖန်တီးကြည့်ကြမလား။ ဘာမှသိပ်မခက်ပါဘူး PVC ပိုက်တွေကို အရွယ်အစားတူညီစွာဖြတ်ပြီး တစ်ခုနဲ့တစ်ခု အစီအရီချိတ်ဆက်ကာ တွဲထားပေးရပါမယ်။ ဖိနပ် ၊ အရက်ပုလင်း ဒါမှမဟုတ် ကွီးတို့နှစ်သက်ရာ ပစ္စည်းလေးတွေကို ထည့်ပြီး အလှဆင်ထားလို့ ရပါတယ်။
(၃) ဖန်ပုလင်း မီးဆိုင်း
Photo : DIY Projects
ဧည့်ခင်းမှာပဲ အလှဆင်ဆင် ၊ ထမင်းစားခန်းမှာပဲ အလှဆင်ဆင် ရိုးရိုးလေးနဲ့ အမြင်ဆန်းစေမယ့် ဖန်ပုလင်း မီးဆိုင်းလေးကိုလည်း ကွီးတို့ကိုယ်တိုင် ဖန်တီးလို့ ရပါတယ်။ ဖန်ပုလင်းလေးတွေကို အတွင်းမှာ သင့်တော်တဲ့ မီးလုံးလေးတွေကို ထည့်သွင်းပြီး ဖန်ပုလင်းတွေ ချိတ်ဆွဲဖို့ သစ်သားအမာခံတစ်ခုနဲ့ တွဲဆက်ချိတ်ပေးပါ။ ဒါဆိုရင်တော့ တကယ်ကိုပဲ လှပတဲ့ ဖန်ပုလင်း မီးဆိုင်းလေးတစ်ခု ရပါပြီ။
Photo : The Garden Glove