ကွီးတို့က Gym ခန်းမထဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဘာတွေလုပ်ဖြစ်ပါသလဲ။ လေ့ကျင့်ခန်း အားလုံး လုပ် ပြီးတဲ့အခါ အကြောမလျော့ဘဲနဲ့ ရေတန်းချိုးမယ်ဆိုရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

အားလုံး လုပ်

ဒီလေ့ကျင့်ခန်းကတော့ လက်မောင်းကြွက်သားတွေကို ပြေလျော့သွားစေမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အနေအထားအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘယ်တစ်လှည့် ညာတစ်လှည့် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ဖက်စီကို စုစုပေါင်း စက္ကန့် ၂၀၊ ၃၀ လောက် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၂)

အားလုံး လုပ်

နောက်ထပ်လေ့ကျင့်ခန်းကတော့ ညာလက်ကို ကျောလယ်တည့်တည့်မှာ နောက်ပြန်တင်ထားလိုက်ပါ။ ထို့နောက် ဘယ်လက်က ညာလက်ကို လှမ်းဆွဲလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၂၀ ပြုလုပ်ပါ။ အခြားတစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

အားလုံး လုပ်

ခြေထောက်နှစ်ဖက်ကို ပုံမှန်အနေအထားထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က ခြေကျင်းဝတ်ကို လှမ်းကိုင်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် အကြောဆန့်ထားလိုက်ပါ။

လေ့ကျင့်ခန်း (၄)

အားလုံး လုပ်

ပုံထဲကအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကျောရိုး ညောင်းညာကိုက်ခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

အားလုံး လုပ်

ဒူးနှစ်ဖက်ကို ထောက်ထားပြီး လက်နှစ်ဖက်က နောက်ပြန်ထောက်ထားလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် အကြောဆန့်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

exercises

လက်နှစ်ဖက်ကို စုထားပြီးနောက် အရှေ့ဖက်သို့ ဆန့်ထုတ်ကာ အကျောဆန့်လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် အနည်းငယ်ကြာအောင် အကြောဆန့်ရမှာ ဖြစ်ပါတယ်။

ကွီးတို့သာ လေ့ကျင့်ခန်း အားလုံး လုပ် ပြီးလို့မှ အကြောလျော့ လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင်တော့ သေချာပါတယ်။ ခန္ဓာကိုယ် တစ်ကိုယ်လုံးက ညောင်းညာကိုက်ခဲ နာကျင်နေမှာ အမှန်ပါပဲ။

Source: Mensjournal

Featured Image: Freepik