လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက လူနှစ်ဦးအတွက် ခန္ဓာကိုယ်ချင်း ရင်းနှီးမှုကို အခြေခံပြီး သာယာပျော်ရွှင်မှုကို ရရှိဖို့အတွက်သာမက စိတ်ကြည်နူးမှုနဲ့ စိတ်ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက မိမိအတွက်သာမက တစ်ဖက်လူအတွက်ပါ စိတ်လှုပ်ရှားဖွယ် သာယာပျော်ရွှင်မှုသာ ဖြစ်သင့်ပါတယ်။ ဒီလိုသာယာပျော်ရွှယ်ဖွယ် လိင်ဆက်ဆံမှုတစ်ခု ဖြစ်ဖို့ဆိုရင် အိပ်ရာပေါ်မှာ ရှောင်သင့်တဲ့ အရာတွေကို သိထားဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အမျိုးသားတွေအနေနဲ့ အိပ်ရာပေါ်မှာ အထာကျချင်ရင် လုံးဝကို ရှောင်ရမယ့် အရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Foreplay ကို အလေးမထားခြင်း

အိပ်ရာပေါ်မှာ အထာကျချင်ရင်

Photo : VOI

စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သာယာတဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို ရဖို့ဆိုရင် အရေးအကြီးဆုံး အပိုင်းကတော့ Foreplay ပဲ ဖြစ်ပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်းနှင့် ပွေ့ဖက်ခြင်း၊ ပွတ်သတ်ခြင်း စသည်တို့ ပါဝင်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် Foreplay က အရေးကြီးပါတယ်။ ဒီလို Foreplay နဲ့ မစတင်ဘဲ အမျိုသားများဟာ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာမျိုးက ကောင်းမွန်သော လိင်မှုဆက်ဆံရေး ဖြစ်လာဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ အထာကျတဲ့ အမျိုးသားတွေက နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုအပြည့်အဝရဖို့နဲ့ ကြာကြာချစ်နိုင်ဖို့ Foreplay ကို ကောင်းကောင်းအသုံးချလေ့ရှိပါတယ်။ ဒါ့ကြောင့် Foreplay ကို အလေးမထားတာမျိုး လုံးဝရှောင်ပါ။

အလျင်စလိုပြုလုပ်ခြင်း

အိပ်ရာပေါ်မှာ အထာကျချင်ရင်

Photo : CNN

အိပ်ရာပေါ်မှာ မိမိရဲ့ သာယာ‌ပျော်ရွှင်မှုကိုပဲ အလေးထားပြီး အလျင်စလိုပြုလုပ်တာမျိုး မလုပ်ပါနဲ့။ တစ်ဖက်သားရဲ့ သာယာမှုကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးများက အထွတ်အထိပ်ရောက်ဖို့ ပိုပိုခက်ခဲတတ်ပြီး အချိန်လည်း ပိုကြာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားများအနေဖြင့် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုကတော့ “မင်းလိုအပ်သမျှ အချိန်ယူပါ” လို့ပြောပေးခြင်းပါပဲ။ ဒီလိုပြောပေးခြင်းဖြင့် အမျိုးသမီးများကို သက်တောင့်သက်သာ ဖြစ်စေပြီး လိင်ဆက်ဆံမှုကို ပိုမိုလိုက်လျောညီထွေ ဖြစ်စေပါတယ်။ ဒီလို မဟုတ်ဘဲ အလျင်စလို မိမိသာယာပျော်ရွှင်မှုအတွက်ပဲ ကြည့်ပြီး လှုပ်ရှားခြင်းက ကြာလာရင် တစ်ဖက်သားက ကွီးတို့အပေါ် စိတ်ပျက်သွားနိုင်ပါတယ်။

ပွင့်လင်းမှု မရှိခြင်း

Photo : Men’s Health

လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ ပွင့်ပွင့်လင်းလင်းမရှိတာက ကွီးတို့ရဲ့ ဆက်ဆံရေးအပေါ် ‌ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းမရှိခြင်းက ကိုယ့်ရဲ့ မကြိုက်တဲ့အချက်၊ တစ်ဖက်လူအဆင်မပြေတဲ့ အချက်တွေ မသိရှိခြင်းကြောင့် နားလည်မှုတွေလွဲမှားကာ သာယာဖွယ်ဆက်ဆံရေးကို မရရှိနိုင်‌တော့ပါဘူး။ ဒါ့ကြောင့် အိပ်ရာထဲမှာ ကိုယ်ကြိုက်တာ မကြိုက်တာကို ပြောဖို့ မရှက်ပါနဲ့။ အလားတူပဲ၊ တစ်ဖက်လူကိုလည်း သူအတွက် အဆင်မပြေတာ၊ မကြိုက်တာတွေကို ပြောပြဖို့ တိုက်တွန်းပေးပါ။ တစ်ယောက်နဲ့တစ်ယောက်အကြောင်း ပိုသိလာတဲ့အခါ လိင်ဆက်ဆံမှုက ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ လေ့လာမှုတစ်ခုအရ လိင်နှင့်ပတ်သက်ပြီး ပွင့်လင်းမှုရှိသော စုံတွဲများတွင် အမျိုးသမီးများက အထိတ်အထိပ် (Orgasms) အကြိမ်ရေ ပိုမိုမြင့်မားစွာရရှိခြင်းနဲ့ လက်တွဲဖော်နှစ်ဦးစလုံးရှိ အလုံးစုံကျေနပ်မှုပိုမိုရရှိခြင်း စတဲ့အကျိုးတွေ ရရှိတယ်လို့ဆိုပါတယ်။

ဆံပင်ဆွဲခြင်း

Photo : Meduim

ဆံပင်ဆွဲခြင်းအပါအဝင် အနည်းငယ်ကြမ်းတမ်းသော လိင်ဆက်ဆံခြင်းကို လူအတော်များများက နှစ်သက်ကြတယ်လို့ ထင်တတ်ကြပါတယ်။ သို့သော်လည်း လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် တစ်ပါးသူ အဆင်ပြေမပြေ မသိဘဲ လိင်ဆက်ဆံနေစဉ်အတွင်း ဆံပင်ဆွဲခြင်းကို ရှောင်ပါ။ ဒီလို ဆံပင်ဆွဲခြင်းကို အဆင်ပြေတဲ့ မိန်းကလေးရှိနိုင်သလို သဘောမကျတဲ့ မိန်းကလေးလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ပါတနာအပေါ် အလေးထားပြီး သူမကြိုက်တဲ့ အချက်ကိုရှောင်ခြင်းကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြ‌ပေးလိုက်တာကတော့ အိပ်ရာပေါ်မှာ အထာကျချင်ရင် ဒီလိုအချက်တွေကို လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Source : Tiege

Featured Photo :  New18