ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ဘူးဆိုတဲ့ ကွီးတို့အတွက် အိပ်ရာဝင် ကော့လ်တေး တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကော့လ်တေးကတော့ ညအိပ်ရာဝင်ခါနီးအချိန်မှာ သောက်လိုက်မယ်ဆိုရင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းစွာ အိပ်ပျော်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ကော့လ်တေး နာမည်လေးကတော့ Brandy Alexander လို့ခေါ်ပါတယ်။

Photo : Liquor.com

Brandy Alexander ကော့လ်တေးကို Cognac သို့မဟုတ် နှစ်သက်ရာ သက်တမ်းရင့် Brandy တစ်မျိုး ၊  Creme de Cacao ၊ Heavy Cream နဲ့ ဇာတိပ္ဖိုလ်သီးအမှုန့်လေးတွေ ပေါင်းစပ်ပြီး ဖျော်စပ်ပါတယ်။ ကော့လ်တေး ဖျော်စပ်နည်းက ရှုပ်ထွေးတဲ့ အဆင့်တွေမပါပဲ တကယ့်ကို ရိုးရှင်းလွယ်ကူတဲ့အတွက် အိမ်မှာကိုယ်တိုင် ဖျော်စပ်သောက်နိုင်ပါတယ်။ ကဲဒါဆို Brandy Alexander ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Source : Liquor.com

Brandy Alexander ကော့လ်တေး ဖျော်စပ်ဖို့ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ  Cognac သို့မဟုတ် Brandy ၁‌ အောင်စခွဲ ၊ Creme de Cacao ၁ အောင်စနဲ့ Heavy Cream ၁ အောင်စတို့ကို ရေခဲအနည်းငယ်နဲ့ ရောစပ်ပြီး သမအောင် ရှိတ်ပေးရပါမယ်။ ပြီးတဲ့အခါ အအေးခံထားတဲ့ ကော့လ်တေး ဖန်ခွက်ထဲကို ရှိတ်ထားတဲ့ ကော့လ်တေးဖျော်ရည်လောင်းထည့်ပြီး အပေါ်က ဇာတိပ္ဖိုလ်သီးအမှုန့်လေး အနည်းငယ် ဖြူးပြီး အလှဆင်လိုက်မယ်ဆိုရင် တကယ့်ကိုပဲ အရသာရှိတဲ့ အိပ်ရာဝင် ကော့လ်တေး Brandy Alexander တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Cocktail Society