ယနေ့ခေတ်မှာ အိမ်မှာပဲ အလုပ်လုပ်ကြတဲ့ ပုံစံတွေသည် ခေတ်စားလာတာနဲ့အမျှ အိမ်တွင်းအလုပ်စားပွဲတွေသည်လည်း အဓိကကျတဲ့နေရာမှာ ပါဝင်လာကြပါပြီ။ ဒါ့ကြောင့် ကွီးတို့ရဲ့ အိမ်တွင်းအလုပ်စားပွဲ ကို အထာကျကျနဲ့ လှပနေအောင် DIY အိုင်ဒီယာများဖြင့် ပြင်ဆင်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။

အခန်းနေရာကျဉ်းတဲ့အခါ

အိမ်တွင်းအလုပ်စားပွဲ DIY

သစ်သားစားပွဲလေးကို ကိုယ့်ဘာသာကိုယ် Customized လုပ်ပြီး လက်ပ်တော့တစ်လုံး တင်စာလောက် ရပြီဆို အဆင်ပြေပါတယ်။ ထို့နောက် နောက်ခံ Background ကိုလည်း လှလှပပလေးဖြစ်သွားအောင် ဆင်ထားလိုက်ပါ။ ဒါဆိုရင်တော့ နေရာကျဉ်းပေမယ့် အလုပ်ကောင်းကောင်း လုပ်နိုင်တဲ့ အိမ်တွင်း အလုပ်စားပွဲ DIY တစ်ခု ရသွားပါပြီ။

3 In 1 အလုပ် စားပွဲ

အိမ်တွင်းအလုပ်စားပွဲ DIY

ဒီအိုင်ဒီယာလေးကတော့ ကွီးတို့ရဲ့ အိမ်တွင်းအလုပ်စားပွဲ ကို အဆင့်မြင့်သွားအောင် ကူညီပေးမယ့် DIY အိုင်ဒီယာပဲ ဖြစ်ပါတယ်။ စာအုပ်ထည့်လို့ရတဲ့ စာအုပ်စင်လေးလည်းဖြစ်သွား၊ တီဗွီတင်လို့ရတဲ့ တီဗွီစင်သာမက အလုပ်ပါ လုပ်လို့ရတဲ့ အလုပ်စားပွဲလေး ဖြစ်သွားပါပြီ။

Classic ဆန်တဲ့ အိုင်ဒီယာ

အိမ်တွင်းအလုပ်စားပွဲ DIY

ဒီစားပွဲခုံလေးသည်လည်း လက်ပ်တော့တစ်လုံး၊ မီးအိမ်နဲ့ စာအုပ်အနည်းငယ် တင်ရုံအတွက် လုံလောက်တဲ့ စားပွဲတစ်လုံး ဖြစ်ပါတယ်။ Classic ဆန်တဲ့ ဒီဇိုင်းလေးဖြစ်သွားဖို့ရန်အတွက် စားပွဲကို အနက်ရောင်နဲ့ အဖြူရောင် ရောစပ်ကာ ဆေးသုတ်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ ကွီးတို့ရဲ့ အိမ်တွင်းအလုပ်စားပွဲ ကို သက်သောင့်သက်သာနဲ့ အထာကျကျ ပြုလုပ်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ရိုးရှင်းတဲ့ အိမ်တွင်းအလုပ်စားပွဲ DIY အိုင်ဒီယာ

desk ideas

ဒီအလုပ်စားပွဲလေးကလည်း ခိုင်ခံ့တဲ့ သစ်သားတစ်ပြားဖြင့် ပြုလုပ်ထားတဲ့ စားပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အိမ်မှာရှိပြီးသား ထိုင်ခုံတစ်လုံးကို ယူပါ။ ထိုထိုင်ခုံ အနိမ့်အမြင့်ကို ချိန်ညှိပြီး စားပွဲကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ထို့နောက် စားပွဲရဲ့ အောက်နားမှာ ထောက်တိုင်လေး ခံပြီး အခြေငြိမ်အောင် ပြုလုပ်ပေးလိုက်ပါ။

ရိုးရှင်းတဲ့ စားပွဲအရှည်တစ်လုံး

desk ideas

စားပွဲအရှည်ကို အလယ်ကနေ အံဆွဲများဖြင့် ထောက်ပေးထားတဲ့ ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကွန်ပျူတာအလုပ်တွေ လုပ်ဖို့ ဒီဇိုင်းဆွဲပေးထားပြီး ကျန်တစ်ဖက်မှာတော့ စာဖတ်ခြင်း၊ စာရေးခြင်းတို့ကို ပြုလုပ်နိုင်အောင် တီထွင်ထားတာ ဖြစ်ပါတယ်။

ကွီးတို့ရဲ့အလုပ်စားပွဲလေးကိုရော ဘယ်လိုအိုင်ဒီယာများနှင့် ဒီဇိုင်းရေးဆွဲထားပါသလဲ။

Source: Apartmenttherapy

Featured Image: Matthewencina