ကိုယ့်ရဲ့နေ့စဉ် ဘဝကနေရုန်းထွက်ပြီး နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်၊ ဒေသအသစ်ကို သွားရောက်လည်ပတ်တာကလည်း တကယ်ကို ပျော်စရာကောင်းပြီး စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ကောင်းကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်ကြပြီး ခရီးသွားခြင်းရဲ့ အရသာကိုလည်း နှစ်ခြိုက်လာကြပါတယ်။ ခရီးသွားခြင်း ဟာ ပျော်ရွှင်ဖို့၊ စွန့်စားဖို့ အတွက် နေရာဒေသအသစ်တစ်ခုကို သွားရောက်လည်ပတ်ခြင်း ထက်ပိုပါတယ်။ တစ်ယောက်တည်း ခရီးသွားရတာ စိတ်ဝင်စားဖို့ ကောင်းသလို၊ အုပ်စုလိုက် ခရီးသွားရတာကလည်း ခင်မင်မှုတွေ ပိုတိုးပြီး ပျော်ရွှင်စရာကောင်းပါတယ်။ ဒါ့ကြောင့် အုပ်စုလိုက် ခရီး သွားဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် နေရာကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
ဂျပန် ၊ တိုကျို
Photo : Tokyo Cheapo
ကွီးတို့ကို ပထမဆုံးဖော်ပြချင်တဲ့ အုပ်စုလိုက် ခရီး သွားဖို့အတွက် ရွေးချယ်လို့ကောင်းတာကတော့ တိုကျိုမြို့ပဲ ဖြစ်ပါတယ်။ တိုကျို ကတော့ ကွီးတို့ သိပြီးသားဖြစ်တဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ မြို့တော်ပါ။ တိုကျိုမှာ မိုးမျှော်တိုက်များ၊ ဆူညံသောကစားဝိုင်းများ၊ လူသွားလူလာများသော လမ်းကူးများ၊ ရူးသွပ်သော လူငယ်ဖက်ရှင်များနှင့် မယုံနိုင်လောက်အောင် အရသာရှိသော စားသောက်ဆိုင်များစွာကို ဤနေရာတွင် တွေ့ရပါမယ်။ Shinjuku ရှိ အခမဲ့ Tokyo Metropolitan Government Building မှ ညကောင်းကင်ယံကို ငေးကြည့်နိုင်သလို နာမည်ကြီး Shibuya Crossing ကို ကွီးတို့ ဘော်ဒါတွေ အုပ်စုလိုက် ဖြတ်ပြီး လမ်းလျှောက်ပါ။
ကမ္ဘောဒီးယား
Photo : Level Up Traveler
ကွီးတို့ ဘော်ဒါတွေနဲ့အတူ သဘာဝအလှပအပတွေ ယဉ်ကျေးမှုတွေကို လေ့လာချင်ရင်တော့ ကမ္ဘောဒီးယားနိုင်ငံကိုပါ စာရင်းထဲထည့်လိုက်ပါ။ ကွီးတို့အတွက် ပထမဆုံး လည်ပတ်လို့ကောင်းတာကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကောဝပ် ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်းဖြစ်ပြီး နိုင်ငံခြားသားတွေလည်း အများအပြားလာရောက်ကြပါတယ်။ ထို့နောက် အန်ကောဝပ်အဝင် မြို့ဖြစ်တဲ့ Siem Reap မြို့မှာလည်ပတ်ရင်း အရသာရှိတဲ့အစားအစာတွေကို လည်း မြည်းစမ်းလို့ရပါတယ်။
ဒါနန်း ၊ ဗီယက်နမ်
Photo : Travel Awaits
အုပ်စုလိုက် ခရီး သွားတွေကြားမှာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ကလည်း ရေပန်စားပါတယ်။ ဗီယက်နမ်အလယ်ပိုင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဒါနန်းမှာ သဘာဝအလှတရားများ၊ ယဉ်ကျေးမှုများနဲ့ ခရီးသွားများနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီး နေရာတစ်ခုဖြစ်တဲ့ ရွှေတံတားကြီးကို ထမ်းဖို့ တောင်ပေါ်ကနေ ထွက်လာတဲ့ ဧရာမကျောက်လက်ကြီးများနဲ့ Golden Bridge Hand ကိုလည်း ကွီးတို့အနေနဲ့ လက်လွှတ်မခံသင့်ပါဘူး။ ဒါ့အပြင် Da Nang မှာပဲ ကမ္ဘာ့အရှည်လျားဆုံး ကေဘယ်လ်ကားနဲ့ ဥရောပမြို့ဟောင်းကို ပုံစံပြထားသည့် ဒဏ္ဍာရီပုံဆန်ဆန် အံ့ဩဖွယ်ကောင်းသော Ba Na Hills Sunworld ကိုလည်း သွားရောက် လည်ပတ်လို့ ရပါသေးတယ်။
မော်ဒိုက်
Photo : Maldives
ကွီးတို့ ဘော်ဒါတွေနဲ့အတူ အုပ်စုလိုက် အပန်းဖြေခရီးသွားမယ်ဆိုရင်၊ တကယ်ကိုလှပတဲ့ မော်ဒိုက်ကို ရွေးချယ်လိုက်ပါ။ မော်ဒိုက်က တစ်နည်းအားဖြင့် Republic of Maldives ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ တွင်တည်ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်ပါတယ်။ သီရိအင်္လကာနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပါတယ်။ အရမ်းကို လှပတဲ့ မော်ဒိုက်မှာ တည်းခိုဖို လှပတဲ့ Resort တွေလည်းရှိပါတယ်။ မော်ဒိုက်မှာ ဘော်ဒါတွေနဲ့ အတူ ရေငုပ်မလား၊ အပြာရောင်ပင်လဉ်ပြင်မှာ ရေကစားရင်း အပန်းဖြေမလား ဒါမှမဟုတ် လှပတဲ့ သဲသောင်ပြင်ပေါ်မှာ Games တွေကစားကြပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးကြမလား၊ အရသာရှိတဲ့ ဒေသအစားအစာတွေ မြည်းစမ်းကြည့်မလား၊ ကွီးတို့ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။
အခုဖော်ပြပေးလိုက်တာကတော့ အုပ်စုလိုက် ခရီး သွားချင်တဲ့ ကွီးတို့အတွက် ရွေးချယ်နိုင်စေဖို့ အာရှထဲက နေရာကောင်းများ ပဲဖြစ်ပါတယ်။ အခြားလှပပြီး ဘော်ဒါတွေနဲ့ Chill လို့ကောင်းတဲ့ နေရာတွေ အာရှထဲမှာ အများကြီး ရှိပါသေးတယ်။
Featured Photo : Pinterest